အိပ်ရာထဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ သိထားသင့်သည့်အချက်(၇)ခု
၁။ မျက်လုံးအကြည့်၊ အာရုံစူးစိုက်မှု၊ ဖြစ်တည်မှု
ချစ်တင်းနှောတဲ့အခါမှာ ဘယ်လိုနည်းစနစ်တွေကိုပဲ သုံးနေပါစေ၊ ပါတနာအတွက် ဖြစ်တည်မပေးနိုင်ဘူးဆိုရင် အလကားပါပဲ။ ဒါဆို ဘယ်လိုဖြစ်တည်ပေးရမှာလဲ မေးစရာရှိပါတယ်။ ဒီကိစ္စက အမျိုးသားအများစုအတွက် နားလည်ရခက်နေနိုင်ပါတယ်။ ဖြစ်တည်ပေးတယ်ဆိုတာက သင့်ပါတနာအတွက် ချစ်တင်းနှောနေစဉ် အခိုက်အတန့်တိုင်းမှာ သူမရဲ့လိုအပ်ချက်တွေကို တုံ့ပြန်တာ၊ ညှိနှိုင်းတာကို ဆိုလိုပါတယ်။ ဥပမာပြောရရင် ပုံမှန်အနေအထားနဲ့ ချစ်တင်းနှောနေချိန်မှာ သင်မျက်နှာကို သူမရဲ့ပုခုံးကိုကျော်ပြီး ဖွက်ထားမယ့်အစား တစ်ချက်တစ်ချက် မျက်လုံးချင်းဆုံအောင်ကြည့်တာမျိုးဖြစ်ပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ ပါတနာကို အာရုံစိုက်နေကြောင်း ပေါ်လွင်စေရမှာဖြစ်ပါတယ်။ တွေ့ကြုံခံစားမှုအပေါ်ကို ကိုယ်ရော၊ စိတ်ပါ နှစ်မြုပ်ထားပါ။ သင်နဲ့အတူချစ်ပွဲဝင်နေသူအပေါ်မှာ အာရုံစိုက်ပြီး နှစ်ယောက်စလုံးအတွက် သာယာမှုတွေဖြစ်အောင် ဖန်တီးပေးပါ။
၂။ လေ့ကျင့်ခန်းလုပ်ပါ။
အိပ်ယာထဲကို အလေးမဝိတ်တုံးတွေ ယူလာဖို့ပြောတာမဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက သင့်ရဲ့ လိင်မှုရေးရာကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့ကြောင့် တပတ်ကိုတစ်ကြိမ်လောက်တော့ အနည်းဆုံး လေ့ကျင့်ခန်းလုပ်ဆောင်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ကောင်းကောင်းလုပ်မယ်ဆိုရင် ဒိုပါမင်းတို့၊ အန်င်ဒိုဖင်းတို့လို ခံစားမှုကိုကောင်းမွန်စေတဲ့ ဓာတ်ပစ္စည်းတွေကို ပိုမိုထွက်ရှိလာမှာဖြစ်သလို လိင်စိတ်ဆန္ဒကိုလည်း ပိုမိုနိုးကြားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုသန်မာတဲ့ ကြွက်သာတွေ၊ အရိုးအဆစ်တွေရှိတာကြောင့် လှုပ်ရှားမှုကို မပင်မပန်းအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
၃။ အိပ်ချိန်ကို ဂရုစိုက်ပါ။
အိပ်ရေးပျက်တာ၊ အလုပ်များတာတွေနဲ့ အခြားအခြားသော အကြောင်းချင်းရာတွေကြောင့် စိတ်ဖိစိမှုများနေမယ်ဆိုရင် သင့်ရဲ့လိင်စိတ်ဆန္ဒကို များစွာထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးကြောင့် ထွက်ရှိလာတဲ့ ကော်တီဆိုးလ်ဟော်မုန်းဟာ လိင်စိတ်ကို ပိတ်ပင်တားဆီးထားနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲပြီး တစ်နေ့ကို အိပ်ချိန်(၈)နာရီပြည့်အောင် အိပ်ပေးမယ်ဆိုရင် အဆင်ပြေလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်စိတ်ကို အားပေးလှုံ့ဆော်တဲ့ တက်တိုစတီရုန်းဟော်မုန်းတွေက ညဖက်မှအထွက်များတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀ဝအိပ်မယ်ဆိုရင် လိင်မှုစွမ်းဆောင်ရည်လည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ အိပ်စက်ခြင်းအလေ့အထ မှန်ကန်စေဖို့အတွက် အိပ်ချိန်အတိအကျသတ်မှတ်ပြီးအိပ်စက်ပါ။ အိပ်မပျော်ခင် အချိန်တစ်နာရီလောက် အလိုကတည်းက တီဗီ၊ ကွန်ပျူတာ၊ ဖုန်းတို့လို အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးပါနဲ့။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အတွေးမှန်သမျှကို ချရေးထားလိုက်ပါ။ ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်။
၄။ လိင်ပိုင်းဆိုင်ရာ ကြွက်သားတွေကို လေ့ကျင့်ပေးပါ။
ပြောရရင် လိင်ပိုင်ဆိုင်ရာအတွက် သီးသန့်သက်ဆိုင်တဲ့ ကြွက်သာဆိုတာမရှိပါဘူး။ ဒါပေမယ့် တစ်ချို့သောနေရာတွေက ကြွက်သားတွေကတော့ လိင်မှုကိစ္စမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သင့်ရဲ့လက်မောင်း၊ ဆီးခုံကြမ်းပြင်ကြွက်သား၊ ခါးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို လိင်ဆက်ဆံချိန်မှာ သိသိသာသာအသုံးပြုရတာဖြစ်တဲ့အတွက် ဒီကြွက်သားတွေ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့လိုပါတယ်။ Kegel လေ့ကျင့်ခန်းလုပ်ပါ။ ဒီလေ့ကျင့်ခန်းမှာ ဆီးသွားရင်ညစ်ထုတ်တဲ့ ကြွက်သားတွေကို ဒီအတိုင်းညစ်ထားပြီး နှစ်စက္ကန့်လောက် ထိန်းထားပါ။ ပြီးရင် ပြန်လျှော့ပေးလိုက်ပါ။ ဒီလို ညစ်လိုက်လျှော့ပေးလိုက်လုပ်ခြင်းအားဖြင့် ကြွက်သားကို လေ့ကျင့်ပေးရာရောက်ပြီး ကိစ္စအမြန်မပြီးအောင် အချိန်ကြာကြာပိုထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
၅။ ကိုယ့်အကြောင်း ကိုယ်သိပါစေ။
ဒီလို လိင်မှုကိစ္စမှာ ကျွမ်းကျင်ကြသူတိုင်းဟာ သူတို့ရဲ့လိင်မှုရေးရာနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကြပါတယ်။ ဘယ်အချိန်မှာ အရှိန်မြှင့်ရမယ်၊ အရှိန်လျှော့ရမယ်၊ ဘယ်အချိန်မှာ အနေအထားပြောင်းရမယ် စသဖြင့် အခြေအနေနဲ့ အချိန်အခါကို လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်တတ်ကြပါတယ်။ ဘယ်လိုအတွေးမျိုး၊ စိတ်ကူးမျိုးက သင်ကို ကိစ္စမြန်မြန်ပြီးသွားစေလဲ၊ ဘယ်လိုအမြန်နှုန်း၊ ဖိအားတွေက သင့်ရဲ့လိင်မှုကိစ္စကို စိတ်ကျေနပ်မှုပေးစေနိုင်သလဲ စသဖြင့် ကိုယ့်အကြောင်းကိုယ်သိထားရမှာ ဖြစ်ပါတယ်။
၆။ ပါးစပ်ကိုအသုံးပြပါ။
အများကြီးမတွေးပါနဲ့ဦး။ ပြောဆိုဆက်သွယ်ဖို့ကို အဓိကဆိုလိုချင်ပါတယ်။ သင့်ရဲ့ပါတနာကို လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး သင့်ကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာ၊ ဘာကို ဘယ်လိုကြိုးစားကြည့်ချင်လဲ စသဖြင့် ပြောဆိုဆွေးနွေးပါ။ သင့်ပါတနာရဲ့ လိင်မှုအကြိုက်တွေကိုလည်း သိထားအောင် မေးမြန်းပါ။ နောက်တစ်ချက်က သင့်ပါတနာက သင့်ကိုဘယ်လိုကျေနပ်မှုတွေ ပေးနိုင်တဲ့ဆိုတဲ့အကြောင်းကို ပြောပြပါ။
၇။ ရယူဖို့ ၊ ပေးဆပ်ဖို့ လေ့လာသင်ယူပါ။
တစ်ယောက်ယောက်ကို သာယာမှုတွေ ပေးရတာကို တကယ်ကိုကောင်းပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ဆီက သာယာမှုတွေကို လက်ခံရရှိတာကိုလည်း အားလုံးကသဘောကျကြပါတယ်။ သင့်အနေနဲ့ ပါတနာကို သာယာကျေနပ်မှုတွေပေးဖို့ ခက်နေတယ်ဆိုရင် ဒီလိုလုပ်ကြည့်ပါ။ အာရုံနောက်စရာတွေကို ရှင်းထားပါ။ မီးမှိန်မှိန်လေးထွန်းပါ။ ဂီတသံခပ်တိုးတိုးလေးနဲ့ဆို ပိုကောင်းပါတယ်။ သင့်ပါတနာ စိတ်အေးသက်သာဖြစ်ဖို့ လုပ်ပါ။ အချိန်တစ်ခုပေးပြီး သင့်ပါတနာရဲ့ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာပါ။ သူတို့ခံစားမှုကောင်းစေဖို့ အပြည့်အဝအာရုံစိုက်ထားပါ။
Ref ; Gentleman Magazine
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။