စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်၊ အောက်တိုဘာ ၁၇။ စာ- ၈။
တစ်နှစ်သား စာနယ်ဇင်း လွတ်လပ်ခွင့်
ပြီးခဲ့တဲ့နှစ် စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး သိပ်မကြာခင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြည်သူ့လွှတ်တော်ထဲ သွားပြီး “ ပုံနှိပ်- ထုတ်ဝေ ” ဥပဒေကြမ်း သွားတင်ပါတယ်။ အဲဒီ ဥပဒေကြမ်းတင်တဲ့အခါ ၀န်ကြီးက စာပေစိစစ်ရေး မရှိတော့လို့ စာနယ်ဇင်း လွတ်လပ်ခွင့်ပေး လိုက်လို့ ဂျာနယ်တွေမှာ လောင်းကစားနဲ့ ပါတ်သက်တာတွေ ဖော်ပြလာကြတယ်၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ မအပ်စပ်တာတွေ ဖော်ပြလာကြတယ်၊ စာနယ်ဇင်း လောကကြီး ညစ်နွမ်းနေပါပြီ၊ ဒါတွေကြောင့် အဲဒီ ဥပဒေကြမ်း လွှတ်တော်ကို တင်ရတာပါလို့ ပြောဆိုခဲ့ပါတယ်။ စာနယ်ဇင်းကောင်စီကို ပုံနှိပ်ဥပဒေ (Press Law) ဆွဲဖို့ သဘောတူ ထားချက်ချိုးဖေါက်၊ ကောင်စီကိုလည်း လုံးလုံး မတိုင်ပင်၊ အသိတောင် မပေးပဲ ၀န်ကြီးက “ ပုံနှိပ်- ထုတ်ဝေ ” ဥပဒေကြမ်း လွှတ်တော်မှာ သွားတင်လိုက်တော့ စာနယ်ဇင်း လောကသားအားလုံး ညီညီညာညာ ကန့်ကွက်ခဲ့ကြပါတယ်။ ၀န်ကြီးရဲ့ ပြောဆိုချက်ကိုလည်း လက်မခံကြပါဘူး။
ခုလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်း လောကသားတွေကြား သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပါတ်သက်ပြီး အကြီးအကျယ် အငြင်းပွားနေကြတဲ့ ကိစ္စကို အခြား အစိုးရအဖွဲ့ဝင်တွေ၊ အာဏာရပါတီ ခေါင်းဆောင်နဲ့ အမတ်တွေ၊ အင်န်အယ်လ်ဒီ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကပါ စိတ်တ၀င်စား စောင့်ကြည့်ခဲ့တာ တွေ့ရပါတယ်။ ခုဆို ရုပ်သံနဲ့ ရေဒီယို မပါတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရတာ တစ်နှစ်ကျော်သွားပါပြီ။ လွှတ်တော်ထဲ ရောက်နေတဲ့ စာနယ်ဇင်း ဥပဒေကြမ်းတွေလည်း တစ်ခုမှ အတည်မပြုရသေးပါဘူး။ လက်ရှိ စာနယ်ဇင်းလောက အပေါ် သမ္မတ ကအစ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးဌေးဦး အလယ် တပ်မတော် ဗိုလ်ချုပ်ကြီးတွေအဆုံး သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော် ပြောဆိုလာကြပါပြီ။ လက်ရှိ မြန်မာ စာနယ်ဇင်းလောကကို သူတို့ ဘယ်လို မြင်ကြပါသလဲ၊ စာနယ်ဇင်းလောက ရေစီးကြောင်း ဘယ်ဘက်ကို စီးနေပါသလဲ၊ ရှေ့ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
ဘယ်လိုမြင်နေကြသလဲ
သမ္မတ ဦးသိန်းစိန်ကတော့ အောက်တိုဘာ (၁) ရက်နေ့ ရေဒီယို အသံလွှင့်မိန့်ခွန်းမှာ သတင်း မီဒီယာ လွတ်လပ်ခွင့် ပြသနာနဲ့ ပါတ်သက်ပြီး ခုလို ပြောဆိုခဲ့ပါတယ်။ “ လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီိယာလွတ်လပ်ခွင့်ကိုလည်း
လက်ရှိ အာဏာရပါတီ ဒုဥက္ကဌ ဦးဌေးဦးဟာ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ပါ။ စက်တင်ဘာ ၁၅ ရက်၊ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်ပြီး သတင်းထောက်တွေက မေးတာကို ဦးဌေးဦးက “ ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်၊ ကျွန်တော်ကတောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ၊ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်တော့ ထင်တယ်။ လူတွေက ရူးပြီး ဖြစ်နေကြတာပါ။” လို့ ပြောတယ်ဆိုပြီး စက်တင်ဘာ ၁၇ ရက် အလဲဗင်း သတင်းစာ စာမျက်နှာ ၅ မှာ ဖော်ပြခဲ့ပါတယ်။ အဲလို ဖော်ပြပြီးနောက် ဦးဌေးဦးက “ လူတွေက ရူးပြီး ဖြစ်နေကြတာပါ ” လို့ ပြောတဲ့အကြောင်း အခြား သတင်းစာ ဂျာနယ်တွေမှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး နောက် (၄) ရက်အကြာမှာ အလဲဗင်းသတင်းစာက မှားယွင်းတယ် ဆိုတဲ့အကြောင်း “ရှင်းလင်းချက်” လောက်ပဲထည့်ပြီး တောင်းပန်တာမျိုးတောင် မလုပ်ခဲ့ပါ။ သူကိုယ်တိုင်ကြုံရတဲ့ အဖြစ်၊ ၀န်ကြီး ဦးစိုးသိန်း ပုဂ္ဂိုလ်ရေး အတိုက်ခိုက်ခံရတဲ့အဖြစ်၊ မမှန်ကန်တဲ့ ၁၁ ဘီလျံကိစ္စ ဖော်ပြလို့ အစိုးရ လွှတ်တော် အလုပ်ရှုတ်ရတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ဦးဌေးဦးက အောက်တိုဘာ ၅ ရက်နေ့ သတင်းစာမှာ ဆောင်းပါးရှင် ရဲမာန် နာမည်နဲ့ ခုလို ရေးသားဖော်ပြပါတယ်။ “ စာနယ်ဇင်းတွေက ထိန်းကျောင်းရမယ့် တာဝန်တွေ၊ စောင့်ထန်းရမယ့် ကျင့်ဝတ်တွေလည်း ရှိဖို့လိုတယ်၊ အဲဒါတွေ မရှိဘူးဆိုရင်လည်း တစ်ခုခုနဲ့ ထိန်းကျောင်းရမယ်လို့ ကျွန်တော်ထင်တယ်၊ ဒါကတော့ နောင်ကျရင် စဉ်းစားလာကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ” တဲ့။
ဒေါ်အောင်ဆန်းစုကြည်ကလည်း နေပြည်တော်မှာ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ခုလို စကားမျိုးတွေ ပြောဆိုခဲ့ပါသေးတယ်။ “ တစ်ချို့တွေကလည်း သတင်းထောက်တွေ ကို ကြောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေ ပြောလိုက်ရင် အမှန်ပြောရရင် ကျွန်မပြောတောတွေလည်း ထော်လော်ကန့်လန့်တွေ၊ ပြောင်းပြန်တွေ ထွက်လာတာတွေ ရှိတယ်။” “ အဲဒီ သတင်းကိုလည်း ကြောက်နေတဲ့ ကြောက်နေတာတွေရှိတယ်၊ ဒါကို ဆရာတို့ အနေနဲ့ ဆရာတို့ လုပ်ပေးရမယ် ” “ ဘာဖြစ်လို့လဲဆို တာဝန်မဲ့တဲ့ သတင်းသမားတွေကြောင့် ဖြစ်တဲ့ ကိစ္စတွေပေါ့နော်” “ တခါတလေ ကျပ်ကျပ်ကိုင်တယ် ဆိုတာကလည်း စိုးရိမ်ကြောင့်ကျမှုကြောင်
စာနယ်ဇင်းတွေရဲ့ ရေးသားဖော်ပြမှုနဲ့ ပါတ်သက်ပြီး နောက်ဆုံး ဝေဖန်လာသူကတော့ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးပ
ငါးခုံးမ တစ်ကောင်နှစ်ကောင်
တကယ်တော့ စာနယ်ဇင်း လွတ်လပ်ခွင့် တစ်နှစ်ကျော်ကာလမှာ ဖော်ပြလို့တောင် မရနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပြည်သူတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ စာအုပ်စာတန်းတွေကို ဘယ်ခေတ်ကာလနဲ့မှ မတူအောင် ပုံနှိပ်ဖော်ပြလာနိုင်ပါတယ်
ဘယ်လိုလုပ်ကြမလဲ
ဒီလို အခြေအနေကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့် အစိုးရက ပြန်ထိန်းမယ် ဆိုတာမျိုးကိုတော့ ခွင့်ပြုလို့မရပါ။ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖေါက်တဲ့ စာစောင်တွေကို တစ်ယောက်ချင်းစီဖြစ်ဖြစ်၊ စာစောင် တစ်ခုချင်းပဲဖြစ်ဖြစ်၊ MJA, MJN, MJU လို စာနယ်ဇင်း အဖွဲ့တွေကပဲဖြစ်ဖြစ်၊ စာနယ်ဇင်းကောင်စီကပဲ ဖြစ်ဖြစ် ပုံမှန်ဝေဖန်ထောက်ပြပေးနေဖိ
စည်သူအောင်မြင့်။
Sithu Aung Myint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
Ref ; http://www.oppositeyes.info/
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။