Ads (728x90)


အင်း ပြော ရ မှာ တောင် ခတ် လန့် လန့် ..ဒီ လို ဗျ
ကျွန် တော် တို့  သယ် ရင်း တွေ အား လုံး ၇ ယောက် ပေါ့ ..တော တက် ကြ တယ် ..တော ပေါ် ရောက် ဖို့  မနက် ၂ နာ ရီ က မောင်း မှ ၈ နာ ရီ မှ တောင် ခြေ ရောက် တာ လေ ..လှည်း နော် ..ဒါ တောင် ခတ် သွက် သွက် မောင်း တာ ..တောင် ခြေ ရောက် တော့ ထမင်း ထုပ် လေး တွေ ဖြည် လို့  စား ကြ တာ ပေါ့ ..လပြည့် ကျော် ပေါ့ ဗျာ ..ဒါ မှ လည်း မနက် ဆို တော့ လ ရောင် နဲ့ မောင်း ကြ ရ တာ ကိုးးဒီ လို နဲ့ ဆက် မောင်း တောင် ပေါ် ရောက် ၁၂ ကျော် ကျော် ပေါ့ ..လှည်း တွေ အသိ တစ် ယောက် တဲ မှာ ထား စွတ် တွေ ပြင် ပြီး တော ကြီး ထဲ ဝင် ရ တာ ပေါ့ .."စွတ် " ဆို တာ တော့ တစ် ချို့ သိ ကြ ပါ တယ် ..သစ် ဆွဲံ တဲ့ ဟာ ပေါ့ ..သံကြိုးနဲ့ ..၂ ရက် ကြာ တယ် ဗျ ..သစ် ခုတ် ရ တာ ..ဘာ ချ အုံး လှို ထဲ က အပေါ်တင် အုံး နဲ့ ..လူ မရှိ သူ မရှိ နဲ့ လုပ် နေ ကြ တာ ..အဲ ..သစ် လည်း ရ ရော ..နေ ဝင် ခါ နီး ပြီ လေ ..နွား တွေ လွှတ် ..တစ် ယောက် က ရေ ခတ် ..ဝါးကျည် တောက် ကို ထိပ် က ရဲတင်းနဲ့ ပိုင်း ပီး လှို ထဲ ဆင်း ခတ် ရ တာ လေ ..
အဲ တစ် ယောက် က ထင်း ရှာ (ည မီးပျိုး ဘို့ ) တစ်ယောက် က ထမင်း ချက် နဲ့ အား လုံးတက် ညီ လက် ညီ လုပ် ကြတယ်..အားလုံး လူ လဲ ဆုံ ရော မှောင် ထု က ကြီး စိုးနေပြီ...ဒါ နဲ့ ခု ဏက ရှာ ထားတဲ့ ထင်းတွေ မီး ပုံ ပြီးရို့  အိမ် က ပါ လာ တဲ့ အသား ခြောက် တို့  ငါး ခြောက် ပြား တို့ မီးကင် ပြီး လက် ဖက် သုတ် နဲ့ ဝိုင်း ကြ တာ ပဲ ..အဲ ဒီ မှာ စတော့ တာ ပဲ ဗျို့  ..လူငယ် တွေ ဆို တော့ သိ တယ် မို့  လား ပျော် ချင် ပါး ချင် ကြ တာ လေ ..ချစ်ချစ် ခင် ခင် ပဲ ..အဲ ဒီ ထဲ ဇာတ် ရူး ( ပွဲ ကြိုက် တဲ့ ကောင် ပေါ့ )လက် ဖက် အုပ် ကို ယု ပြီး ..ဟို ပွဲ တွေ က တော့ မယ် ဆို့  နတ် က တာ အရင် လာ တယ် လေ..သူ က လဲ အဲ လို ..လက် ဖက် အုပ် ကို မြှောက် မြှောက် ပြီးက တာ ..ပါးစပ် က လည်း ဆို ရင်း ပေါ့..ကျွန် တော် ကတော့ ပရိတ် သတ် လေ ..လက် ခုတ် သီး ပေး တာ လက်တွေ တောင် နာ လာ တယ်..အဲ တော်တော် လေး လဲ ကြာ ရော ..ဒီ ကောင် က တာ ကြမ်း လာ တယ် ..လူ က လည်း တုန် လာ တယ်..မူ မမှန် တော့ ဘူးးကျွန် တော် သတိ ထား မိ တော့ ဘေး ကောင် တွေ ပြော ဒီ ကောင် က ဒီ လို ပဲ တဲ့ ..စ ချင် နောက် ချင် တယ် တဲ့ ဗျားးး....အဲ လို က တာ ကို တစ် ယောက် က ထ ပြီးးပု ခုန်း ဖက် ပြီး လိုက် က တော့ .." ကိုင် နဲ့ နင် က ပူ တယ် တဲ့" အသံ က လည်း သြသြ ကြီးး ကြောက်စ ရာ ကြီး ပေါ့ ဗျာ..မိန်းမ သံ လို လို ယောက် ကျား သံ လို လို နဲ့ ..အဲ ဒါ မရိပ် မိ သေး ဘူး ..တစ် ယောက် က လဲ ..ဘာ ဖြစ် လဲ ဟာ ဆို ပြီးး ဖင် ပိတ် ကန် တော့ လားလားးမျက် ထောင့် နီ ကြီး နဲ့ ကြည့် ပြီးးနီ တေချင် လို့ လားးတဲ့ ..အဲ ဒါ မှ သိ ကြ တာ ..နင် ဘယ် သူ လဲ လို့  မေး တော့" နင် တို့ ခေါ်လို့  လာ တာ တဲ့ "...ငါ ပြန် တော့ မယ် ဆို ပြီး လှို ထဲ ဆင်း မ လို့  ကြံ တာ ..ခြေ ထောက် တရွတ် တိုက် ကြီးနဲ့ ...လန့် စရာ ကြီးးအဲ ဒါ နဲ့ ဝိုင်း ဆွဲ ဝိုင်း ဖိ ..အော် တာ ပေါ့ .."ပူ တယ် ငါ့ ကို လွှတ် စမ်းနဲ့ "အပေါ်က သယ် ရင်း တွေ က လည်း မလွှတ် နိုင် ဘူး ပြော တော့ ပို ကြမ်း လာ တယ် ..အသံ ကြီး ကြောက်စရာ ကြီး ဗျာ ..ညဉ်း တာ ..ပါး တွေ ရိုက် ..ကန် .ထိုးးစုံ နေ တာ ပဲ ..ဒါ နဲ့ ဘု ရား စာ တွေ ရွတ် တော့ ..တော် ပါ တော့ လို့ အော် တာ အေ ..လူ သူ မရှိ တဲ့ နေ ရာ ကြီး မှာ လန့် စရာ ကြီးးဒါ နဲ့ ဒီ လောက် တောင် ဖြစ် လှ တာ ဆို ပြီး..ကျင် ငယ် ရေ နဲ့ ငေါ့ ပန်း ကြ တာ ..ဘာ ပြော ကောင်း မ လဲ လူး လိမ့် နေ တာ ..အသံနက် ကြီး နဲ့ အော် ..ဘု ရား စာ တွေ ရွတ် .."ငါ တို့  နင့် ကို မနှောက် ယှက် ဘူး..ဒို့ ဘာ သာ အ ပျော် က နေ တာ ပေါ့ ", အဲ ဒါ နဲ့ ဝင်း ပူး ခံ ရ တဲ့ သယ် ငယ် ချင်းး ပျော့ ခွေ သွား တယ် ..သတိ ရ လာ တော့ ငါ ဘာ ဖြစ် တာ လဲ တဲ့ ...တစ် ကိုယ် လုံး လည်း စို ရွှဲ နေ တာ ပဲ..ဟဲဟဲ သင်္ကြန် ကျ ထားတာ လေ...မေး တော့ ..ပြန် ဖြေ ရ မဲ့ သယ် ရင်း တွေ က ငို ရ မ လို ရီ ရ မလို နဲ့ ..ဘာ မှ ဖြစ် ပါ ဘူး ကွာ..မင်း မူး မေ့ သွား လို့ ပါ ..ဒါ ဆို သေး တွေ က ရော တဲ့ ..အဲ ဒါ တော့ ဟန် မဆောင် နိုင် တော့ ဘူးး ဝိုင်း ရီ တော့ တာ ပဲ ..မနင် မှ ပြော မယ် တဲ့ ...အဲ ဒီ ည က အိပ် မ ရ ဘူးးသူ ခံ ရ တော့ တင်း နေတာ လေ..နွား တွေ လန့်  တော ခွေး တွေ အု ..ဘာ သံ တွေ မှန်း ကို မသိ ဘူးးရဲတင်း တွေ ကိုယ် ဆီ ကိုင် ရင်း စည်း ချ ဂါ တာ နဲ့ စည်း ချ ထား တာ ...တစ် ယောက် နဲ့ တစ် ယောက် ကျော ပေး ရင်းးနဲ့ ..မိုး လင်း မှ ဟာ ခနဲ ဟင် ခနဲ သက် ပြင်း ချနိုင် တော့ တယ် ...ပြီး မလား မထင် နဲ့ ပြီး သေး ဘူးးသစ် တွေ စွတ် ..လှည်း တွေ ရှိ တဲ့ တဲ ကို ရောက် တော့ အဲ ဒီ နား က လူ ကို မေး ကြည့် တာ..ဟယ် ဟ ကောင် တွေ အဲ ဒီ လှို ထဲ မှာ လူး အိုင် ရှိ တယ် ဟ..တော် သေး တယ် ဘာ မှ မဖြစ် လို့ တဲ့ ...မင်း တို့ သူ့ ပိုင် နက် ရောက် သေ ပီ ဝင် ပူး တဲ့ ကောင် ...အဲ ဒါ မှ ပို ကြောက် သွားတာ..အဲ ဒါ နဲ့ ပဲ ည မစား ခဲ့ ရ တဲ့ ထမင်း တွေ စား ည မအိပ် ခဲ့ ရ တာ တွေ အတိုးချ အိပ် ....ရင်းးမနက် စော စော ထ မောင်း ရ မှာ လေ ...အိပ် ကြ တယ် ဆို ပါ တော့ ..အဲ မနက် ၃ နာ ရီ လောက် ကျ တော့ လှည်း ကို သေ ချာ ကြည့် လွှတ် ထား တဲ့ နွား တွေ လိုက် ဖမ်း ရင်းး နဲ့ ပြဿနာ နောက် တစ် ခု က စ လာ ပြန် ရော ဗျို ..ကျွန် တော် သယ် ရင်း နွား က အဖမ်း မ ခံ ဘူးးသယ် ရင်း က လည်း ကြက် မျက် သင့် နေ တာ လေ ..ည ဆို မြင် ရ ဘူးးလ ရောင် ပဲ ရှိ တာ ကိုးးဓါတ် မီး တော့ ပါ ပါ ရဲ့ ..ဒါ နဲ့ သူ့ ဆီ က ဓါတ် မီး ယူ ပြီး လိုက် ဖမ်း တာ ..ဟာ ဘာ ပြော ကောင်း မ လဲ ..ပြေး တာ ..ကျွန် တော် လည်း စိတ်တိုတိုနဲ့ လိုက် ..ဆောင်း တွင်း ကြီး ဗျာ ..ချွေး ကို ရွှဲ လို့  ..နွား က ပြန် မဲ့ လမ်း အတိုင်း ဆုံ ပြေးပါ လေ ရော ..လိုက် တာ ပဲ ..မ မှီ တမှီ နဲ့ လိုက် သွား တာ ..ကျွန် တော ကိုယ် တိုင် က သတိ မထားမိ တာ ..နွား က မှီ ခါ နီး ရင် ဇွတ် ပြေး တယ် ..တော် တော် လှမ်း ရင် ပြန် ကြည့် ပြီး ရပ် စောင့် နေ တယ်...တဲ နဲ့ လည်း တော်တော် လှမ်း နေ ပြီ အော် ခေါ်တောင် မကြားတော့ ဘူးးးနွား ကြီး က ပြန် ကြည့် နေတာ ..ကျက် သီး ထ လာ တယ် ..ဒါ နဲ့ ပဲ တော် ပီ ဟာ ဆို ပီးး ပြန် ပြေး လာ တာ တဲ ဆီ ..ခု န က သယ် ရင်း က နွား တောင် ကောက် ပြီး ပြီ ..အဲ ကောက် တယ် ဆို တာ လှည်း မှာ တပ် ပြီး ပြီ...သူ က မေး တာ ပေါ့ "မင်း ဘယ် သွား နေ တာ လဲ တဲ့" အဲ ဗျာ ကြောင် သွား တာ ပေါ့ ..မင်းနွား လိုက် ဖမ်း တာ လေ ..ပေါ့ ဒီ မယ် လေ ငါ့ နွား က တဲ့ ..နွား က နောက် ထဲ မှာ မင်း ဘယ် လိုက် ရှာ နေတာ တုန်းးးအဲ ..အဲ ဒါ မှ ပြန် တွေး ရင်း ကြက် သီး ထ သွား တာ ..ဒါ ဆို ငါ လိုက် ဖမ်း တဲ့ နွား က မင်း နွား ဟုတ် ဘူး လားးလို့  မေး ချင် ပေ မဲ့ အရူး ပြော မှာ စိုး လို့  နှုတ် ပိတ် လာ ခဲ့ တာ....ဒါ ပါ ပဲ ဗျာ ..ရေး တာ အစီအစဉ် မကျ ရင် လည်း သည်းခံ ဖတ် ပါ နော ...မ ယုံ ကြည် ဘူး ဆို တာ မကြူံဘူး လို့ ပါ ..

ဇာတ်လမ်းရေးသားပြောပြပေးသော မန်ဘာ မိုးလရောင်ကိုအထူးကျေးဇူးတင်ရှိပါသည်....

Admin:မိုးတိမ် ပုံပြင်



သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...