Ads (728x90)

 
 
တစ္ဆေရွာ Member-
Virgo Pututulay ပြောပြတဲ့ ဇာတ်လမ်းလေးပါ.....

ဟုတ် ကဲ့ ဖြစ်ပုံက ဒီလိုပါ......လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဖြစ်တာပါ ညီမ လန်ဒန်မှာ ကျောင်းသွားတက်ရပါတယ် အဲ့ဒီမှာ အမ နဲ့ သူ့သမီး အသက်က ၁၀နှစ် သူတို့နေတဲ့အိမ်မှာပဲ နေပီးတက်တာပါ အိမ်ကလေးကချစ်စရာလေး ၂ထပ်တိုက်လေး အခန်း ၃ခန်းအပေါ်ထပ်မှာရှိတယ် ညီမလေးနဲ့ သူ့အမေက တစ်ခန်း ညီမက တစ်ခန်း အိပ်ကြတယ် စစရောက်ခြင်းတစ်လလောက်က့ မထူးခြားဘူး အဲ နောက်တော့ အိပ်မလို့ အခန်းထဲလဲရောက် ခြေသံတိုးတိုးလဲကြားရတော့တာပဲ အစ ကတော့ ပေပီး ၃ ၄ ရက်လောက်နေလိုက်သေးတယ် နောက်တော့ ပိုဆိုးလာတယ် အိပ်လို့ကိုမရတော့ဘူး ခြေသံက ပြင်းလာတယ် သူ့အလိုလို ကြက်သီး တွေ ထလာရော အမတို့က အမြဲတမ်း TVကြည့်ပီး ညဆို ၁၂ကျော်လောက်မှအပေါ်တက်အိပ်ကြတာ ကြောက်ကလဲကြောက် အောက်ဆင်းရမှာလဲ ကို့ ကိုငကြောက်လို့အပြောခံရမှာလဲစိုးတော့ မဆင်းဖြစ်ဘူး အမကလဲ အဲ့ဒါတွေမယုံဘူးလေ ခြေသံကြားတယ်ပြောတာတောင် နင့်စိတ်ကဖြစ်နေတာဆိုပီး ရီနေကြတော့ အောက်မဆင်းတော့ပဲ ခေါင်းမြီးခြုံ ပီးနေလိုက်တာ ပိုဆိုးတော့တာပဲ အခုထိတော့ ကိုယ့်ဟာကို တစ်ကယ်လား အိမ်မက်လား မခွဲခြားနိုင်သေးဘူး အဲ့ဒီလိုခြေသံတွေကြားတော့ ဘုရားစာရွတ်နေလိုက်တယ် အဲ့ဒီအချိန်မှာပဲ အပေါက်ဝကနေ ဂါဝန်အဖြူနဲ့ အင်္ဂလိပ်မ အသက် ၃၅လောက် က တဖြည်းဖြည်း ညီမဘေးကို တရွေရွေ နဲ့လာပီး မျက်နှာကို လာငုံ့ ကြည့်တယ် ညီမလဲ လုံးဝ လှုန့်လို့မရဘူး ပီးတော့သူက ညီမ ပက်လက်အိပ်နေတာကို ကျော်ပီး ဘေးမှာ လာလှဲတယ် ညီမလဲ ဘုရားစာလဲဆို go go လဲ ပြောရင်း လှုတ်လို့လဲရရော မရှိတော့ဘူး အဲ့ဒါနဲ့ ဟိုဘက်အခန်းကိုသွားပြောတော့ အမက ဒီဘက်မှာပဲအိပ်တော့တဲ့ နင်အိမ်မက်မက်တာတဲ့ ညီမလဲ အိမ်မက်ဆိုလဲ အိမ်မက်ပဲ လို့ မေ့မေ့ပျောက်ပျော်နေပီး ဘုရားစာညတိုင်းဆို သူတို့အခန်းထဲအိပ်တာပေါ့ ခက်တာက အိမ်မက်လို့ထင်ထားတဲ့အရာက အိမ်မက်မဖြစ်လာတာပဲ။ ညီမ ဖြစ်ပီး တစ်ပတ်ကြာ မနက်ပေါ့ ဟိုမှာက ဆောင်းတွင်းဆို ၁၀နာရီလောင်မှ မိုးလင်းတာ မနက် ၈နာရီလောက်မှာ အစ်မက အလုပ်သွားပီ အိပ်နေတဲ့ညီမလေးကို နိုးပီး Marketသွားမယ် မျက်နှာသစ်ပီး အောက်ဆင်းခဲ့ဆိုပီး ညီမက အနွေးထည် အနက် ထူထူကြီးရယ်ဂျင်းဘောင်းဘီရယ်လဲပီးအောက်အရင်ဆင်းပီးကော်ဖီဖျော်နေတာပေါ့ အဲ့ဒီအချိန်မှာ ညီမလေးက ဆင်းလာပီး မမက ဘယ်လိုဒီရောက်နေတာလဲ အခုပဲ လှေကားမှာ ဂါဝန်ကြီးနဲ့ မမ မဟုတ်ဘူးလား သမီးဘေးက ခေါင်းကြီးငုံ့ပီး တက်သွားတာလေ ဆိုပီး ငိုကါလေရော သေချာတာကတော့ ညီမဖြစ်ခဲ့တာလဲ အိမ်မက်မဟုတ်တော့တာပဲ။ နောက်တော့ ကြောက်လွန်းလို့ ကျောင်းတောင် ၄နှစ်ပီးအောင်မတက်ပဲ ဆာတီဖီကိတ်လေးယူပီးပြန်လာရတယ်ဖုန်းက သီးချင်းကလဲ သူ့ဟာသူ ဖွင့်လာတယ် တံခါးတွေကလဲ လေမတိုက်ပဲ ပွင့်ပွင်းလာတယ်။ ပြန်တွေးရင် အရာအားလုံးက မနေ့တစ်နေ့ကလိုပဲ ကြောက်မိနေတုန်း.. ။

ဒါကတော့ ညီမ ကြုံဖူးသလောက်လေးပါ...။



ကိုယ်တွေ့ဖြစ်ရပ်ကို မျှဝေပေးပါသော Virgo Pututulay အား အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျ..။




သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

Admin-မိုးတိမ်ပုံပြင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...