- ကြံတောသင်္ချိုင်းကနေ ရေဝေးသင်္ချိုင်းကိုပြောင်းတုံးကေ
တွ.ကြုံရတာကို
သူငယ်ချင်းရဲ့ဦးလေးတယောက်ပြောပြတာကိုပြန်ပြောပြပါ့မယ်၊ သူတို.ကပရမှာTE11မောင်းရတော့ တညနေ(၃)နာရီလောက်မှာ ခွဲမှူးကဒီနေ.ညဂျူတီရှိလို.ကားေ မာင်းသမား(၃၅)ယောက်ကိုပေးမပြန်ဘဲဝင်းထဲမှာဘဲထမင်းကျွေးလ္ဘက်ရည်တိုက်ပြီး၊ ဘာလုပ်ရမယ်ဘယ်သူမှမသိဘဲ၊ည(၇)နာရီလောက်မှာmazda jeep စစ်ကားတစီးဦးဆောင်ပြီးစစ်ကားTE11 ၁၅စိးနှင့်ကပရမှTE11၂၅စီးတစုတဝေးနှင့် ကြံတောကိုမောင်းတော့မှသိရပါတော့ တယ်၊အင်းစိန်ကားဝင်းထဲကထွက်လာပြီး ယခုဘုရင့်နောင်ဈေးနေရာရှေ.မှာကားတွေအားလုံးစုပြီးခဏရပ်နေပါတယ် ၊ခဏနေတော့မာစဒါဂျစ်ထဲမှဗိုလ်ကြီးယူနီဖောင်းနှင့်ဆင်းလာပြီးTE11 စစ်ကား
ပေါ်မှအာမီရမ်၂ပုံးကို စစ်ကားယာဉ်မောင်း၎ဦးမှမလာပြီးကားတစီးလျှင်၂ပုလင်းစီပေးပါတယ်၊ ထိုအချိန်က ဘုရင့်နောင်ဈေးတောင်မဆောက်ရသေး ဘဲ လူခြေအတော်တိတ်ပါတယ်၊ ကားသမားတွေအားလုံးအရက်ကိုယ်စီသောက်ကျပြီးမသောက်တတ်တဲ့လူ(၃)ယောက်ကိုပြန်လွှတ်လိုက်ပါတယ်။ အားလုံးအဆင့်သင့်ဖြစ်ပြီးချိန်တွင် ယာဉ်တန်းကို စတင်မောင်းလာကြရာ ကြံတောသင်္ချိုင်းထဲကိုည(၈)နာရီတိ တိမှာရောက်ရှိပြီးကားအစီး၄၀လုံး တန်းစီးပြီးရပ်ထားလိုက်ပါတယ်၊ခဏ အကြာမှာ တပ်ကြပ်ကြီးတဦးမှဦးဆောင်ပြီး တသုတ်ကား၁၀စီးဆီလူခွဲပြီးမြန်မာ သင်္ချိုင်းကနေစပြီးကား၁၀စီးကိုတန်းစီ
ထားပြီးရပ်ထားပါတယ်၊ခဏနေမာဇဒါဂျစ်ပေါ်ကနေဆင်းလာတဲ့ဗိုလ်ကြီးကစာရွက်၂ရွက်ကိုင်ပြိး၊သင်္ချိုင်းဘက်လှည့် အမိန်.ပြန်တန်းဖတ်ပါတယ်၊
ပြီးတာနှင့်တပ်ကြပ်ကြီးကတန်းစီထားတဲ့ကား၁၀စီးရဲ့နံပါတ်တွေဖတ်ပြ ပြီး
“အားလုံးတက်ကြ” လို.အော်ပြောလိုက်ပါတယ်၊ ကား၁၀စီးလုံးအလွှတ်တွေဘဲမြင်ရပြီး ကားတွေတအိအိနှင့် အသံတွေကိုကြားနေရပါတယ်၊၁၀မိနစ်ေ လာက်ရှိတော့ တပ်ကြပ်ကြီးက ဒရိုင်ဘာတွေတက်ခိုင်းလိုက်ရာပြသာနာစပါတော့တယ်၊ ရှေ.ခန်းမှာဘာမှမမြင်ရဘဲအထဲလုံး ၀၀င်လို.မရတော့ပါ၊
ခဏနေတပ်ကြပ်ကြီးကလာပြီး "ရှေ.ခန်းမှာလူများနေတယ်တယ်၊နောက်ကိုသွား "လို.ပြောလိုက်မှ ဒရိုင်ဘာဝင်ထိုင်လို.ရပါတယ်။ ကားတွေအားလုံးစက်နိုးပြီးထွက်မလို.လုပ်တာလုံးဝထွက်လို.မရတော့ဘဲ ၊ကားပေါ်မှာအလေးကြီးတင်ထားသလိုလီ ဗာကိုနင်းပေမဲ့လုံးဝမရွေ.ပါ၊
ကားမောင်းသမားတွေလဲအရက်ရှိန်နှင့်ဖြစ်နေပေမဲ့ နည်းနည်းကြောက်လာပါပြီး၊ တပ်ကြပ်ကြီးကထပ်မံပြီးအော်သံထွက်လာပါတယ်၊
“လူဆန်.သလောက်ဘဲတက်” .....“အားလုံးပြီးအောင်ပို.ပေးမယ်” လို.အော်ပြောလိုက်တော့မှ ကားကအိကျနေရာမှပြန်တက်လာပြီးမကြာခင်ကားစတင်ထွက်လာနိုင်ပါတော့တယ်၊
အဲဒီနေ.ညကားအစီး၄၀နှင့်တညလုံးအခေါက်၃၀ကျော်ပို.ပေးရပြိးမနက်၎း၃ ၀ကျမှနားလိုက်ရပါတယ်၊အဲဒီလိုမျိုး၃ရက်မောင်းပေးရပါတယ်၊ နောက်နေ.ကျတော့နောက်တစ်ဖွဲ.ကိုေ ခ်ါပါတယ်၊နောက်ဆုံးနေ.ကျမှပြသာနာ ထပ်တက်တာကိုထပ်ပြောပါအုံးမယ်။ သုံးရက်မြောက်နေ့......(နောက်ဆုံးနေ.)မှာည(၈)နာရီလောက်ကစပြီးမောင်းပေးရာစမောင်းတော့အရင်ရက်ကမောင်းဘူးတော့၊ဒါလောက်မကြောက်တော့ ဘဲ၊ပုံမှန်ဘဲမောင်းနေပြီး၊အလှည့် (၉)ခေါက်မြောက်မှာပြသာနာစတက်ပါ တော့တယ်၊ တပ်ကြပ်ကြီးက......
“စတက်တော့“အော်လိုက်ပေမဲ့ကားကနည်းနည်းမှမလှုပ်ဘဲ၊အောက်ကိုလဲနည်းနည်းမှအိမကျဘဲငြိမ်နေရာကားသမား ရောတပ်ကြပ်ကြီးပါ
အံသြပြီးမြင်သက်နေရာဘာများဖြစ်လို.လဲအမျိုးမျိုးစဉ်းစားပြီးတယောက်ကိုတယောက်ကြည့်နေပါတော့တယ်၊
ဒါပေမဲ့ “ဒေါက် ဒေါက် ဒေါက်” တိတ်ဆိတ်ငြိမ်သက်နေတဲ့ညမှ အသံတိုးတိုးလေးတနေရာမှထွက်လာတာကိုဘဲကြားနေရပါတော့တယ်။
(၁၀)မိနစ်လောက်ငြိမ်ပြီးနားထောင်နေပြီး၊ကျန်နေတဲ့ဒရိုင်ဘာ၊နှင့် စည်ပင်ဝန်ထမ်းတွေလဲအံသြနေပြီး၊ ဘာလုပ်ရမှန်းမသိဘဲ၊ကြောက်ရွံတဲ့ မျက်နှာ
ကိုယ်စီဖြစ်နေပါတော့တယ်။
အဲဒီအချိန်မှာတပ်ကြပ်ကြီးကဘာကိုစဉ်းစားမိလဲမသိဘဲ၊မီးသဂြိုလ်စက် မှာတာဝန်ကျတဲ့ စည်ပင်ဝန်းထမ်းအား ခုံတခုံလောက်အမြန်ရှာပေးခိုင်းလိုက်ရာ ၀န်ထမ်းလေးက အခေါင်းတင်တဲ့ လေးချောင်းထောက်တခုယူလာပြီးပေးလိုက်ရာ၊ တပ်ကြပ်ကြီးကTE11 နောက်ဖုံးဖွင့်ထားရာအရှေ.သို... သွားထားလိုက်တော့မှ “ဒေါက်ဒေါက်ဒေါက်” အသံပျောက်သွားပြိး၊မကြာခင်ကားလဲ အနည်းငယ်အိကျလာပါတော့တယ်၊
အမှန်မှာတပ်ကြပ်ကြီးက ၀ိညာဉ်တွေထဲမှဒုက္ခတတွေကိုထည့်မတွက်မိဘဲ၊သတိမထားမိဘဲခြေကျိုးလက် ကျိုးတွေက မတက်နိုင်ဘဲအောက်မှာ
တဒေါက်ဒေါက်နှင့်ဖြစ်နေခြင်းဖြစ်ကြောင်းပါတဲ့ခင်ဗျား...။
Credit - From Myanmar Cyber Media Forum
ADMIN - Htut Htet
Advertiser
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။