Ads (728x90)



အထူအပါးနားမလည်တဲ့ ဖုတ်သရဲ ..အပိုင်း(၁)

ကျွန်တော်တို့ ဗန်းမော်မြို့နဲ့ ရွှေကူမြို့ကြားမှာ နတ်မျက်နှာတောင်ဆိုတာရှိ
တယ်ဗျ...။ တောင်ကြီးဟာ အရှေ့ကနေကြည့်ရင် အင်မတန်ကိုမတ်စောက်
ပြီး ဘယ်လိုမှတက်နိုင်မယ့်အနေအထား မျိုးမရှိဘူး..။တောင်အောက်ရေ
ပြင်ဟာလည်း စိမ်းညို့နေပြီး ရေအနက်ကိုဘယ်လိုမှမတိုင်းနိုင်ဘူးတဲ့ဗျ..။
အဲ့ဒီရေပြင်အောက်မှာလည်း အင်မတန်ကြီးမားတဲ့ ငါးရွေးကြီးတွေ. ပြီးတော့
အင်မတန်ကြီးမားတဲ့နဂါးပုတ်လို့ခေါ်တဲ့ နဂါးအနွယ်ဝင် အကောင်ကြီးတွေ
ရှိတယ်ဗျ..။ ငါးရွေးဟာ ငယ်ရင် mark II ကားတစ်စီးစာရှိပြီး ကြီးတဲ့ကောင်
တွေကတော့ ပေ ၄၀"၆၀" မှာဆောက်ထားတဲ့အိမ်တစ်လုံးစာလောက်ရှိကြ
တယ်...။
နဂါးပုတ်တွေကတော့ အခုတရုတ်တွေတွေ့တယ်ဆိုတဲ့မြွေဆိုဒ်ထက်ငါးဆ
လောက်ကြီးကြတယ်ဗျ..။ အဲ့ဒီထူးဆန်းတဲ့ သတ္တ၀ါကြီးတွေအကြောင်းက
တော့နောက်မှသက်သက်ထပ်ရေးပါမယ်..။ အဲ့ဒီနတ်မျက်နှာတောင်ရဲ့ ရေခံ
မြေခံကိုသိစေချင်ရုံသက်သက်ပါ...
နတ်မျက်နှာတောင်ကြီး ဟာအရှေ့ကကြည့်ရင်တော့အင်မတန်နဲ့မှ မတ်
စောက်ပြီး လူတွေတက်ဖို့မလွယ်ဘူးလို့ ထင်ရပေမယ့် တောင်အနောက်ဘက်
ကနေတော့တက်လို့ ရတယ်ဗျ..။ တောင်ကြီးပေါ်မှာက သစ်ကောင်းဝါး
ကောင်းတွေအပြင် ပျားရည်တို့ သစ်ခွတို့လို အဖိုးတန်တောထွက်ပစ္စည်းတွေ
အများကြီးရှိတာကြောင့် သစ်ခုတ်သမားအဖွဲတစ်ဖွဲဟာ အဲ့ဒီနတ်မျက်နှာ
တောင်ကို တက်ဖို့ကြံစဉ်ကြတယ်...။
တော်ရုံအဖွဲကတော့ဘယ်သွားရဲကြမလဲအဲ့ဒီနေရာရဲ့ရေခံမြေခံက ရေထဲမှာဆို ခုနင်ကပြောခဲ့တဲ့

အကောင်ကြီးတွေအပြင် ကုန်းပေါ်မှာဆိုလဲ နာနာဘာ
ဝတွေအခြောက်အလှန့် တော်တော်ကြမ်းတယ်လို့ နာမည်ကြီးတာကိုး..။
ဖြစ်ချင်တော့ အဲ့ဒီသစ်ခုတ်အဖွဲ့က သစ်ခိုးခုတ်ကြမယ့်အဖွဲ့လေ..။ ဒီလိုတောင်
မျိုးပေါ်ကို သစ်တောဝန်ထမ်းတွေလာဖမ်းဖို့ နေနေသာသာ မုဆိုးတွေတောင်
တောပစ်မထွက်ကြတဲ့နေရာမျိုးဆိုတော့ သူတို့အကြိုက်ပေါ့..။
အဲ့ဒီသစ်ခိုးခုတ်သွားမယ့် အဖွဲ့မှာပယောဂ
ဆရာလိုလို အောက်လမ်းဆရာလိုလိုလူတစ်ယောက်ပါတယ်.ဗျ...ပယောဂ
တော့မကုစားပေမယ့် အောက်လမ်းဆရာတွေတော်တော်များများဆီမှာ
တပည့်ခံဖူးတယ် တော်ရုံသရဲတစ္ဆေလောက်ကတော့ သူနိုင်တာချည်းပဲတဲ့
ဗျ...။ ပြီးတော့ သစ်ခိုးခုတ်အဖွဲ့ဆိုတော့ သေနတ်အစရှိတဲ့လက်နက်တွေ
လည်းပါတာပေါ့ဗျာ....။
နတ်မျက်နှာတောင်တစ်လျှောက်တက်လာသမျှမှာ သစ်ခိုးခုတ်အဖွဲ့
ဆယ့်နှစ်ယောက်ဟာ နွားလှည်းတစ်စီးကိုငှားပြီး နတ်မျက်နှာတောင်ကြီး
ရှိရာကိုထွက်လာကြတယ်...။ နတ်မျက်နှာတောင်ဆိုကတည်းက ဘယ်နွား
လှည်းသမားမှ မလိုက်ရဲကြတော့ သူတို့ထဲက မိုက်ကန်းကန်းလူတစ်ယောက်
ပဲနွားလှည်းမောင်းတယ်....။ အဲ့ဒီဆယ့်နှစ်ယောက်စလုံးမှာ နယ်ခံက သုံး
ယောက်ပါတယ် ဒါပေမယ့် အောက်လမ်းဆရာ ရဲ့အပြော သစ်ခိုးအဖွဲ့
ခေါင်းဆောင်ရဲ့ မိုက်ကန်းကန်း အမူအရာတွေကြောင့် သူတို့ကို
အယုံကြီးယုံပြီးလိုက်လာကြတာ...။ အဲ့ဒီတောင်ကြီးကြမ်းတာ ကိုမသိ
တာတော့မဟုတ်ဘူး သူတို့ဆရာတင်ထားတဲ့နှစ်ယောက်ကို အားကိုး
တကြီးနဲ့လိုက်လာကြတာ...။
တောင်ခြေရွာကနေ နတ်မျက်နှာတောင်ထိပ်ကို ထွက်ဖို့ဆိုရင် လှည်း
နဲ့တစ်ရက်နဲ့ တစ်ညတိတိမောင်းရတယ် ။ညဘက်သွားလို့ မရလို့တော့
မဟုတ်ဘူး နာနာဘာဝအခြောက်အလန့်တွေကြမ်းတမ်းလွန်းလို့...။ ဒေသခံ
တွေကတော့ ဘာကြောင့်ကြီးပဲ ဖြစ်နေပစေ ဒီတောင်ကို ညဘက်တော့မတက်
ရဲဘူး..။ ညဆိုတာ နာနာဘာဝတွေ မကောင်းဆိုးဝါးတွေရဲ့အားကောင်းတဲ့ အချိန်
မဟုတ်လား........................။
ဒါပေမယ့် သစ်ခိုးခေါင်းဆောင်နဲ့ အောက်လမ်းဆရာတို့ကတော့ အလျှင်လိုနေကြ
တာနဲ့ ည၆နာရီကျော်သွားတာလည်းသူတို့ ခရီးကိုဆက်ထွက်လာကြတယ်...။
ထမင်းစားတာလည်းလှည်းပေါ်မှာပဲ ဖြစ်သလိုစားကြတယ်...။ အဲ့ဒီမှာစတော့တာ
ပဲ... သူတို့တွေ ထမင်းထုတ်ကိုဖွင၊့်လှည်းပေါ်မှာစားနေရင်းနဲ့ နှစ်ချို့ထိန်ပင်ကြီး
တစ်ခုအနားရောက်တော့ "အူဝဲ..အူဝဲ...အူဝဲ ..." ဆိုပြီးကလေးငိုသံကြားလိုက်ရ
တယ်..။ လှည်းပေါ်ကလူတွေအားလုံးကျောတွေစိမ့်ပြီး ခေါင်းနားပန်းတွေကြီးကုန်
ကြတယ်...။ ဘာလို့လဲ ဆိုတော့ကလေးငိုသံကြီးက သာမန်ကလေးငိုသံမဟုတ်ဘူး
လှောင်သလိုပြောင်သလိုလို အသက်လေးဆယ်ကျော်ယောက်ျားကြီးရဲ့ လုပ်ငိုသံ
အသံသြသြကြီး.....။
အားလုံးတုန်လှုပ်သွားကြပေမယ့် အဲ့ဒီနေရာမှာအောက်လမ်းဆရာက ပညာခန်းထပြ
တယ်...။ သူ့လက်ထဲကအင်းတစ်ချပ်ကို ယူပြီးထိန်ပင်ကြီးတည့်တည့်ကိုပစ်ချလိုက်တယ်..။
"အား..........သေပါပြီဗျ....." အော်သံကြီးနဲ့ အတူထိန်ပင်ပေါ်ကနေ အမည်းရောင်အကောင်
ကြီးတစ်ကောင်ကျလာတယ်...။ ကျကျလာချင်းပဲ အဲ့ဒီနေရာကို သစ်ခိုးအဖွဲ့ခေါင်းဆောင်က
သူ့ နှစ်လုံးပြူးသေနတ်ကြီးနဲ့ ပစ်ချလိုက်တယ်..။ ကျလာတဲ့ သရဲခမျာ ပြေးချိန်တောင်မရလိုက်
ဘူး အဲ့ဒီနေရာမှာပဲ...ချက်ချင်းလူးလိမ့်ပြီးပျောက်သွားရှာတယ်...။
"ဟင်း..ဟင်း..မြင်ကြတယ်မဟုတ်လား..ဒီတောကို ငါနိုင်မှာပါလို့....." အောက်လမ်းဆရာက
ညစ်ကျယ်ကျယ်အသံနဲ့ သစ်ခိုးခုတ်မယ့်အဖွဲ့ကိုပြောလိုက်တယ်.။

(နားဦးမယ်ကွယ်...............................)

Admin--မိုးတိမ် ပုံပြင်



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...