Ads (728x90)


Khin Mar Swe KMS 22 OCT 2013 ကမ္ဘာတ၀ှမ်းရှိ အမျိုးသမီးများ သေသည်အထိ ကျောက်တုံးကျောက်ခဲတို့ဖြင့် အပစ်သတ်ခံနေရသည်။ အောက်ပါအချက်များကို သင်သိပါသလား ? (ရိန်းနွန်း ရက်ဒ်ပတ်သ်) ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ Women Around the World Are Being Stoned to Death. Do You Know the Facts? By Rhiannon Redpath October 16, 2013 Women Around the World Are Being Stoned to Death. Do You Know the Facts? ဇူလိုင်လ (၁၁) နေ့တွင် ကလေးနှစ်ဦး၏ ပျိုရွယ်သော မိခင် အရီဖာ ဘီဘီသည် ပါကစ္စတန်နိုင်ငံ၌ သေသည်အထိ ကျောက်တုံးကျောက်ခဲတို့ဖြင့် ပစ်သတ်ခံခဲ့ရ၏။ သူမ၏ တစ်ခုတည်းသော “ရာဇ၀တ်မှု”မှာ ဆဲလ်ဖုန်း (ဆယ်လူလာ လက်ကိုင် တယ်လီဖုန်း) တစ်လုံးကို ပိုင်ဆိုင်ခြင်းပင် ဖြစ်၏။ On July 11, Arifa Bibi, a young mother of two, was stoned to death in Pakistan. Her only "crime" was possessing a cellphone. ဘီဘီ၏ အသတ်ခံရခြင်းနှင့် အလားတူ ဖြစ်သော အခြား ဖြစ်ရပ်များကို တုန့်ပြန်လျှက် လှုပ်ရှားမှုတစ်ခု တည်ဆောက်လျှက် ရှိသည်။ လူပေါင်း (၁၀,၀၀၀) ကျော်သည် ဤလူမဆန်သော အပြစ်ပေးမှု လုံးဝချုပ်ငြိမ်း ပပျောက်သွားအောင် ပြုလုပ်ရန် ကမ္ဘာ့ကုလသမဂ္ဂအား တိုက်တွန်းသော တောင်းဆိုမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ In response to Bibi's killing, and others like it, a movement is building. More than 10,000 people have signed a petition calling on the UN to eradicate this inhumane punishment. အရီဖာ၏ ဖြစ်ရပ်က ပြသနေသကဲ့သို့ ခဲပေါက်သတ်ခြင်းသည် အမြဲတစေ ရှိနေခဲ့သည့် အတိုင်း ယနေ့အခါတွင်လည်း ကျယ်ပြန့်စွာ လက်ခံကျင့်သုံးပေါ်ပေါက်နေဆဲ ဖြစ်၏။ ဤ အလေ့အထ အဘယ်ကြောင့် ပေါ်ပေါက်လာသည်၊ မည်သို့ ပေါ်ပေါက်လာသည်ဆိုခြင်းကို နားလည်စေရန်မှာ ၎င်းကို [မလန့်မထိတ် အသည်းမငယ်ဘဲ] ရင်ဆိုင်ဆွေးနွေးနိုင်ဖို့ အရေးကြီးပေသည်။ As Arifa’s story shows, stoning is as prevalent today as it has ever been. Understanding why and how this practice occurs is crucial to tackling it. အောက်ပါတို့မှာ ခဲပေါက်သတ်ခြင်းနှင့် ပတ်သက်သော ယေဘုယျ မေးခွန်းများအတွက် အဖြေများ ဖြစ်ပါသည်။ “မူစလင် ဥပဒေများ အောက်တွင် နေထိုင်နေရသော အမျိုးသမီးများ” [၀က်ဘ်ဆိုဒ် web site] ကို လည်ပတ် ကြည့်ရှုခြင်းအားဖြင့် ခဲပေါက်သတ်ခြင်းအား လုံးဝချုပ်ငြိမ်း ပပျောက်သွားစေရေး တိုက်ပွဲဝင်မှုနှင့် ပတ်သက်၍ ပိုမို သိရှိလေ့လာနိုင်ပါသည်။ Here are the answers to common questions about stoning. You can learn more about the fight to eradicate stoning by visiting Women Living Under Muslim Laws. ၁။ ခဲပေါက်သတ်ခြင်းဆိုသည်မှာ အဘယ်နည်း။ (lapidation ဟုလည်း သိကြသော) ခဲပေါက်သတ်ခြင်းသည် ကွပ်မျက်ခြင်း ပုံစံတစ်မျိုး ဖြစ်၏။ ၎င်းတို့ သေသည့်တိုင်အောင် ပုဂ္ဂိုလ်တစ်ဦးကို ကျောက်တုံးကျောက်ခဲများဖြင့် အုပ်စုလိုက် ချိန်ရွယ်ပစ်ပေါက်သော နည်းလမ်းဖြစ်၏။ 1. What is stoning? Stoning (also known as lapidation) is a form of execution. It is a method by which a group throws stones at a person until they are dead. ၂။ ခဲပေါက်သတ်ခြင်းသည် မရှိတော့သည်မှာ အသေအချာ မဟုတ်ပါလား။ ယခုဆိုလျှင် ၂၀၁၃ပင် ဖြစ်နေပေပြီ။ ခဲပေါက်သတ်ခြင်းသည် ယနေ့တိုင် ဖြစ်ပျက်နေဆဲ ဖြစ်၏။ ခဲပေါက်သတ်ခြင်းကို လက်တွေ့ကျင့်သုံးသော သို့မဟုတ် - မည်သည့်အခါကမျှ ကျင့်သုံးခြင်း မပြုဟု ဆိုစေဦး - ဥပဒေအားဖြင့် ခွင့်ပြုထားသော နိုင်ငံပေါင်း (၁၅)နိုင်ငံ ရှိနေပေသည်။ အီရန်နိုင်ငံ၊ မော်ရီတန်းနီးယားနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ (၏ သုံးပုံတစ်ပုံသော ပြည်နယ်များ)၊ ပါကစ္စတန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ဆိုမာလီယာနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ (ယူအေအီး) နှင့် ယီမင်နိုင်ငံတို့တွင် ခဲပေါက်သတ်ခြင်းသည် တရားဝင်သော အပြစ်ပေးမှု တစ်ရပ်ဖြစ်၏။ 2. Surely that doesn't happen anymore? It's 2013... Stoning still happens today. There are 15 countries in which stoning is either practiced or authorized by law, even if it has never been practiced. In Iran, Mauritania, Nigeria (in one-third of the country's states), Pakistan, Qatar, Saudi Arabia, Somalia, Sudan, the United Arab Emirates, and Yemen, stoning is a legal punishment. သို့ရာတွင် ထိုနိုင်ငံများအနက် - အီရန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့တွင်သာ ခဲပေါက်သတ်ခြင်းများ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပွားသော ဖြစ်စဉ်အားလုံးမှာ ဥပဒေဘောင် ပြင်ပမှ ပေါ်ပေါက်ခြင်း ဖြစ်၏။ However, out of these countries, only in Iran, Pakistan and Somalia have stonings actually occurred, and all instances in Pakistan have occurred outside the legal system. နှိုင်းယှဉ်ချက်အားဖြင့် ကျန်ရှိသော နိုင်ငံ ငါးခုအနက် သုံးခု (အာဖဂန်နစ်စတန်နိုင်ငံ၊ အီရတ်နိုင်ငံ နှင့် မာလီနိုင်ငံ)တို့သည် အမျိုးသားဥပဒေပြဋ္ဌာန်းမှုတွင် ခဲပေါက်သတ်ခြင်းကို လိုက်လျောခွင့်ပြုမထားသော်လည်း အမိန့်ချမှတ်ခြင်းများနှင့် ကွပ်မျက်ခြင်းများကို အစိုးရယန္တယား မဟုတ်သည့် အစိတ်အပိုင်းများက လုပ်ကိုင်ဆောင်ရွက်သည်။ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ အာချေးနယ်မြေတွင် ခဲပေါက်သတ်ခြင်းကို ဒေသအလိုက် ခွင့်ပြုချက်ပေးပြီး တစ်နိုင်ငံလုံးအားဖြင့်မူ ပိတ်ပင်ထားသည်။ မhttp://www.youtube.com/watch?v=G5TK2OmTkSQ WOMEN STONED TO DEATH www.youtube.com



ဇင်မာအောင်ဖတ်ရန်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...