Ads (728x90)

Photo: *****ပယောဂကုသမှု့မှတ်တမ်းများ------(မိတ်ဆက်)******
    
ကျွန်တော့်ရဲ့ မျိုးရိုးစဉ်ဆက်ဟာ ရွှေရင်ကျော်ဂိုဏ်းမှဖြစ် ပါတယ်. မေ့မေ့ဖက်က အမျိုးတွေ အားလုံးနီးပါးလိုပါပဲ။ ရွှေရင်ကျော် ပညာမှာ အဆင့်(၉)ဆင့်ရှိပါတယ်. ယခုပညာဟာ တစ်ကယ်တော့ မျက်စိနဲ့မမြင်နိုင်တဲ့ magic လို့ခေါ်တဲ့ စိတ်ပညာရပ်ဖြင့် ကုသရတဲ့ပညာပါ. တစ်ချို့ကပြောကြပါတယ်. ဘုရား၊ တရား၊ သံဃာ ကိုသာ အမြဲသတိရနေ ဘယ်အောက်လမ်းမှ လုပ်မရဘူးဆိုတဲ့ အစွဲတစ်ခုပါ. တစ်ကယ်တော့ လူတစ်ယောက်မှာ ကံနိမ့်တဲ့အချိန်ရှိသလို ကံမြင့်တဲ့ အချိန်လည်းရှိပါတယ်. ကံမြင့်နေတဲ့အချိန်မှာ ဘာမှလုပ်မရပေမယ့် ကံနိမ့်နေတဲ့ အချိန်မှာ အောက်လမ်း အတတ်ပညာဖြင့် ပြုလုပ်လို့ရပါတယ်. ခြေသည်း၊ လက်သည်း၊ ဆံပင်၊ ဘိနပ်၊ အသုံးအဆောင် ပစ္စည်းများ၊ ဓါတ်ပုံ စသဖြင့် ရရှိခဲ့လျှင် အဆိုပါ ပစ္စည်းများဖြင့် ပြုစားလို့ရပါတယ်။ ဒါယခုကော့သောင်းက (၁၀)မိုင် ဆိုတဲ့ကျေးရွာမှာ ဆိုရင် အောက်လမ်းသမားများ ကျက်စားရာ ဒေသလို့လဲ ခေါ်ပါတယ်. ရူးအောင်၊ ဒုက္ခိတဖြစ်အောင်၊ သေအောင် စသဖြင့် ပြုလုပ်လို့ရပါတယ်။ ယခုအချိန်အထိ ရှိပါတယ်။ ဒါတွေဟာ စိတ်စွမ်းအင်နဲ့ ပြုလုပ်ရတဲ့ အတတ်ပညာတွေပါ။ လက်ခံတဲ့သူ ရှိသလို လက်မခံတဲ့သူလည်းရှိပါတယ်။ သံဃာတော်တွေတောင်မှ တစ်ချို့သံဃာတော်တွေ ဆွမ်းခံကြွနေရင်းကနေ ပြုလုပ်လိုက်တာ ရှိပါတယ်။ အမျိုးမျိုးပါပဲ။ ဆွမ်းခံသွားတဲ့ သံဃာတော်ဟာ အိမ်ခြံဝင်းထဲကို ၀င်ခွင့်မရှိပါဘူး။ တစ်ချို့သံဃာတော်တွေကိုတောင်မှ အောက်လမ်းပညာဖြင့် ပြုစားထားမှု့ကြောင့် ကုသပေးရတဲ့ အဆင့်အထိ ရှိပါတယ်. သက်သေဓါတ်ပုံတွေ လည်းရှိပါတယ်. တစ်ချို့အမျိုးသမီးများ/အမျိုးသားများဟာ ပါးစပ်ကသာ ဘုရားဘုရား နှစ်ခါလောက်ပြောပြီး ခဏနေရင် ပါးစပ်ကနေ မဟုတ်ကဟုတ်ကတွေနဲ့ ဆဲပါတယ်. အဲ့လိုပါးစပ်မျိုး ရှိတဲ့သူမျိုးမှာ ကောင်းတဲ့နတ် မကပ်ပါဘူး. ပြုလုပ်လို့လွယ်ပါတယ်. တကယ့်ကို ငါးပါးသီလ လုံခြုံတဲ့သူမျိုး ဆိုရင်တော့ ပြုလုပ်လို့မရနိုင်ပါဘူး။ လူ့လောကမှာ ငါးပါးသီလမြဲဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ လိမ်နေကြတာပါ။ သူငယ်ချင်းတစ်ယောက်က ပိုက်ဆံလာချေးတယ်။ ရှိရဲ့သားနဲ့ မရှိဘူးပြောလိုက်တာဟာ လိမ်တာပါပဲ။ ဒါဟာ ငါးပါးသီလထဲက တစ်ပါးကို ချိုးဖောက်လိုက်တာပါ။ ဘုရားတော်မှာ ပညတ်ချက်ရှိပါတယ်။ သံဃာတော်တွေ ဆေးကုခွင့်၊ တန်ခိုးပြခွင့်၊ အောက်လမ်းများကို နှိမ်နှင်းခွင့်မရှိပါဘူး။ ဒါပေမယ့် အိမ်တွေမှာဆိုရင်တော့ အိမ်သူအိမ်သားများအားလုံး ကြေနပ်လျှင် အိမ်တွင်ရှိသည့် မိစ္ဆာများကို ကမ္မ၀ါဖတ်ပြီး နှင်ထုတ်ခွင့်ရှိပါတယ်။ ဒါကလည်း အိမ်သူအိမ်သားတွေ ကြေနပ်မှပါ။ တစ်ချို့သံဃာတော်တွေ ဆေးကုနေတာကို တွေ့နေရပါတယ်။ သံဃာတော်မှာ ဆေးဖော်စပ်တာ၊ ဆေးကုတာ၊ အောက်လမ်းနှိမ်နှင်းတာ လုပ်ခွင့်မရှိတဲ့အတွက်။ လူတွေကနေ သစ္စာဆိုပြီး ရွှေရင်ကျော်ပညာလုမျိုး ပညာရပ်ကို တစ်ဆင့်ချင်းတက်ရပါတယ်။ ဂိုဏ်းပေါင်းများစွာ ရှိသလို သူ့ပညာနဲ့သူရှိကြပါတယ်။ ကျွန်တော်ကတော့ ရွှေရင်ကျော်ပညာကိုတော့ ယူထားပါတယ်။ ဒါပေမယ့် ပထမ မိမိကိုယ်ကိုယ် ယုံကြည်မှု့မရှိခဲ့ပါဘူး။ ဆေးကုသရာမှာ မိမိကိုယ်ကိုယ်ယုံကြည်နေဖို့က အဓိကကျပါတယ်။ ပါးစပ်ကနေ အမိန့်ပေး တဲ့နေရာမှာ ကအစ အာဏာသံပါရပါတယ်. ။ မျက်စိစုံလုံးကမ်းနေတဲ့ မျက်စိထဲကနေ သဲတွေ ထွက်လာတာ၊ ပါးစပ်ထဲကနေ ဆံပင်တွေထွက်ကျလာတာ၊ အတတ်ပညာ မျိုးစုံဖြင့် ပြုလုပ်ထား ပါတယ်။ ပြုစားထားလို့ အောက်တစ်ပိုင်းသေနေ တဲ့သူ ပြန်ကောင်းသွားတာ စသည့် ကုသထားသည့် video၊ Photo များကို လူတိုင်းကြည့်ရှု့ခွင့် ရှိပေမယ့် ဆေးကုသတဲ့စာအုပ်ကိုတော့ ဂိုဏ်းသားမှလွဲပြီး ကြည့်ရှု့ခွင့်မရှိပါဘူး။အလောင်းမင်းတရား ဦးအောင်ဇေယျ သုံးခဲ့တာက "အင်း" ပါ၊ ခု ကျွန်တော်တို့ သုံးတာက "စမ" ပါ မတူပါဘူး။ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့ ဆိုတာ ကြားဖူးမှာပါ။ ထိုင်းနိုင်ငံသားတွေဟာ "အင်း" ပညာရပ်တွေကို ယခုအထိ သုံးနေကြဆဲ ဖြစ်ပါတယ်။ 
    အခုကျွန်တော် ပယောဂကုမှတ်တမ်းများ ကိုခြေဆင်းရေးသားပြီးပြီ ဖြစ်လို့ကုသမှု့များကို ဆက်လက်တင်ဆက်ပါဦးမယ်...............

Credit to-Nyinaymin
Admin-မိုးတိမ် ပုံပြင်

— with Émc Swàggérz GràvéDîggérx Idk.
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...