Ads (728x90)

နာမည်ကြီး ရခိုင်အဆိုတော် ကိုဝင်းကိုခိုင်၏ မွေးနေ့  အမှတ်တရစကားများ

၂၆.၈.၂၀၁၂နေ့တွင် ကျရောက်သော 
မိမိ၏မွေးနေ့၌ မိမိချစ်ခင်မြတ်နိုးအပ်သော 
မွေးရပ်ဇာတိ ရခိုင်မြေနှင့် ရခိုင်အမျိုး ရခိုင်
အနွယ်များအားလုံး သို့ မင်္ဂလာအပေါင်းဖြင့် 
ပြည့်စုံပါစေဟု ဦးစွာ နှုတ်ခွန်းဆက်
သအပ်ပါသည်။

ကျွန်ုပ်၏ ဤမွေးနေ့တွင် ကမ္ဘာတဝှမ်း နေထိုင်ကြသော ရခိုင်မျိုးနွယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ဒုက္ခအပေါင်းမှ ကင်းလွတ်၍ မိမိလိုရာပန်းတိုင်ကို ခရီးဆက်နိုင်ကြပါစေ။အမျိုးဘာသာ သာသနာကို ဆထက်တံပိုး ဆောင်ရွက်နိုင်ကြပါစေ။ ရခိုင်အချင်းချင်း စည်းလုံးချစ်ခင်ခြင်းဖြင့် မိမိအမျိုး အကျိုးကို ထိရောက်အောင်မြင်စွာ စွမ်းဆောင်နိုင်ပါစေ။


မတူကွဲပြား အဖွဲ့အစည်းများ တူညီသောလမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနိုင်ပါစေ။လူတိုင်းလူတိုင်း၏ကိုယ်ရည်ကိုယ်သွေးများကာယဥာဏစွမ်းရည်များကိုမြှင့်တင်နိုင် ကြပါစေ။ မွေးရပ်မြေအားလည်း ကျေးဇူးဆပ်ဖို့ မမေ့သင့်ပါပေ။

မိမိသည် ယခုအချိန်အထိ ရခိုင်သီချင်းများ ရေးသားသီဆိုခြင်း တစ်ခုတည်းကိုသာ လုပ်ဆောင်ဖြစ်ခဲ့သည်။သို့အတွက် မိမိ၏ ဦးတည်ချက်မှာလည်း တစ်ခုတည်းသာ ဖြစ်သည်။ 


ရခိုင်လူမျိုးများအား မျိုးချစ်စိတ်ဓာတ်နှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့ပင်ဖြစ်သည်။ဒုက္ခမျိုးစုံကြုံတွေ့နေရသော ရခိုင့်ဘဝ အထွေထွေအတွက် လျင်မြန်ထိရောက်သော လုပ်ဆောင်
ချက်များကို ယင်းစိတ်ဓာတ်ဖြင့်ပင် ဆောင်ရွက်နိုင်ပေလိမ့်မည်။သူရဲကောင်းစိတ်ဓာတ်များ 
မွေးဖွားကြရမည်။


သို့အတွက် လူတစ်ဦးချင်းစီ မိမိ၏ဘဝကို အကောင်းဆုံးထုဆစ်ရန် လိုအပ်၏။ကိုယ်ကျန်းမာမှစိတ်ကျန်းမာမည်။လူငယ်များမူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားခြင်းများ၊အပျော်အပါးလိုက်စားခြင်းများ၊လောင်းကစားလုပ်ဆောင်ခြင်းများ၊ အချိန်ဖြုန်းတီးခြင်းများ၊ အမှောင်လမ်းကို လျှောက်နေသူများ အမျိုးကို ချစ်သည့် စိတ်ဖြင့် ဆန့်ကျင်ပြောင်းလဲ ပစ်ကြပါ။


အကျင့်၏ ကြိုးကိုင်ရာ ရုပ်သေးရုပ်ကဲ့သို့ မဖြစ်သင့်။ဦးနှောက်နှင့် နှလုံးသားကို ညီမျှစွာ ကျင့်သုံး၍ ရက္ခိတ အကျိုးကို သယ်ပိုးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားကြပါ။

သင်တို့၏ စိတ်ဓာတ်များ လုပ်ရည်ကိုင်ရည်များ လွဲချော်နေသည်၊ညံ့ဖျင်းနေသည်ဟု ကြုံရတိုင်း ငါတို့ အမြဲတမ်းကြိုးစားနေရမည်ဟု အဓိဌာန်ပြုကြပါ။

ဒုက္ခဆင်းရဲရောက်နေသော ရခိုင်လူမျိုးများကို တွေးကြည့်ပါ။ရခိုင်သူရဲကောင်းများ အကြောင်းကို တွေးကြည့်ပါ။ကျွန်ုပ်၏ သီချင်းများကိုလည်း နားထောင်ကြည့်ပါ။

ပြီးလျင်သင်လျှောက်ရမည်လမ်းကို မြင်ယောင်ကြည့်ပြီး ခွန်အားသစ်များကို ရယူပါ။ချစ်ခင်စုစည်းခြင်းဖြင့် အမျိုးဂုဏ်ကို ဆောင်ကြဉ်းပါ။

နောင်တချိန်တွင်မဖြစ်နိုင်သည်များဖြစ်နိုင်သည်။ထို့ကြောင့်ကြိုတင်စဉ်းစားခြင်းဖြင့် လေ့ကျင့်ထားခြင်းဖြင့် ရက္ခိတ လုပ်ငန်းကို ယန္တယားသဖွယ်နေ့စဉ်လည်ပတ်နေသင့်သည်။အောင်မြင်နေသူများ စွမ်းဆောင်နိုင်သူများက မမေ့အပ်ပေ။




မျိုးဆက်သစ်များအား လျှစ်လျူမရှူ့အပ်ပေ။မဟာဗျူဟာ စီမံကိန်းများ နေနှင့်လသဖွယ် ၊ အပူနဲ့အအေး ၊ အဖြူနဲ့အမည်း ၊ရေနဲ့မီး ဖြစ်သင့်အပ်ရာ ဖြစ်ထိုက်သည်။နောက်ဆုံးတွင် ငြိမ်းချမ်းရမည်ဟု ယုံကြည်ပါ။စည်းလုံးရေး၊ပူးပေါင်းဆောင်ရွက်ရေး၊မာန်မာနများ ခဝါချရေး၊ မှန်ကန်သောရည်ရွယ်ချက်တစ်ခုတည်း၊ အလံတော်တစ်ခုတည်း ၊အဖွဲ့အစည်း တစ်ခုတည်း အောက်တွင် တစ်စည်းတစ်လုံးတည်း နေကြပါကုန်အံ့။

ငါတို့၏ ရှုင်သန်နေချိန် အဖိုးမြင့်မြတ်သော ရက္ခိတတရား မြဲမြံအံ့။ရခိုင်ပြည်အတွက် အရေးအကြီးဆုံးမှာ တစ်ခုတည်းသောပါတီ၊ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်တွင်သာ ဖြစ်သင့်ပေသည်။ 

မည်သို့ပင်ဖြစ်စေ တစ်စည်းတစ်လုံးတည်း နားလည်ခြင်းမေတ္တာစေတနာဖြင့် ၊ ဒုက္ခရောက်နေသူတို့အား ညှာတာသောအားဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်ကြစေရန် အထူးလိုအပ်ပေသည်။ အများအတွက် တစ်ယောက်၊ အများအတွက် တစ်ဖွဲ့ဖြစ်သင့်ပေသည်။

ကျွန်ုပ်တို့၏ အနုပညာဖြင့်လည်း ထိုအခြေအနေတွင် အစွမ်းကုန် ဝင်ရောက်ပူးပေါင်း ပံ့ပိုးလိုပေသည်။

ကျွန်ုပ်၏ဂီတအနုပညာသည်ရခိုင်လူမျိုးများအပေါ်တွင်အမြဲတမ်းရပ်တည်လွှမ်းခြုံနေပေလိမ့်မည်။
ရခိုင်တိုင်းပြည်နှင့်ရခိုင်လူမျိုးများဒုက္ခအပေါင်းမှကင်းဝေးပါစေ။အောင်မြင်ပါစေ။ ငြိမ်းချမ်းသာယာကြပါစေ။
 

ဝင်းကိုခိုင်(ARYAN)

ကိုကျော်စွာ ပို့  ပေးသည်။ 

ရွှေမြန်မာမီဒီယာဂရု

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...