Ads (728x90)


**********************
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ တည်ထောင်သော "လောကအလင်း" ပညာဒါန ကျူရှင်ကျောင်းကို 23.6.2013 (နယုန်လပြည့်) နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
2012 ခုနှစ်တုန်းက မနော်ဟရီလမ်းနှင့် ၄၉ လမ်း ချမ်းမြသာစည်မြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနှစ်တော့ ၅၂×၅၃ လမ်းကြား၊ မမ၁၁၂ ရပ်ကွက်၊ မြရည်နန္ဒာ၊ ကျန်စစ်သားလမ်း၊ မဟာဣန္ဒကာရာမ ကျောင်းတိုက်အတွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာပါ။
အဆောက်အအုံ ဆောက်လုပ်စဉ်က ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက လာတားပါတယ်။ နောက်တော့ မြို့နယ်၊ စည်ပင်၊ မြို့နယ်သံဃနာယကတို့ကပါ တားလာတာပါ။ ဆောက်လက်စလည်း ဖြစ်၊ ကျောင်းနောက်ကျမှာလည်းစိုးလို့ အလုပ်တွေ ခဏနားကာ ပြဿနာအရင်းမြစ်ကို စုံစမ်းပါတယ်။
ရပ်ကွက်လူကြီး ဦးခင်မောင်ညိုက မြို့နယ်လူကြီးကို လွှဲချပါတယ်။ မြို့နယ်လူကြီးက ရပ်ကွက်လူကြီးတိုင်လို့ပါ-အကြောင်းပြပါတယ်။ မြို့နယ်စည်ပင်၊ ဗိုလ်မှူးကြီး စန်းကြည်မောင် ကိုဖုန်းဆက်မေးကြည့်တော့ တိုင်စာလည်းမရောက်ပါဘူး။ စီမံကိန်းလည်းမရှိပါဘူး။ မြို့နယ်လူကြီးနှင့် ပြေလည်အောင်ညှိပါလို့ ပြောပါတယ်။ သံဃနာယက စာထဲမှာတော့ မြို့နယ်လူကြီးက တိုင်လို့ တားရပါတယ်-လို့ စာထွက်ပါတယ်။
ဒါနဲ့ တိုင်းသံဃနာယကကို စာတင်တော့ တိုင်းသံဃနာယကအဖွဲ့က စီမံကိန်းရှိမှတားပါ။ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ပါလို့ မြို့နယ်သံဃနာယကထံ စာပြန်ချပေးလို့ မြို့နယ်သံဃနာယက အဖွဲ့က ဆက်မတားတော့ပါဘူး။
ဒီလိုနဲ့ ဆက်ဆောက်နေစဉ် မြို့နယ်လူကြီးက ထပ်တားပါတယ်။ ဒါနဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ထံ မေတ္တာရပ်ခံခဲ့ပါတယ်။ ကလေးတွေ ပညာရေးကို ငဲ့ညှာပြီး တစ်နှစ်တော့ ခွင့်ပြုပါ။ တစ်နှစ်အတွင်း မှာ ဂရံကျအောင် လုပ်ပါ့မယ်။ လုံးဝမကျတော့ဘူးဆိုရင်လည်း စာမေးပွဲပြီး နောက်တစ်ရက် ချက်ချင်း ဖျက်ပေးပါ့မယ် လို့ ကတိပေးခဲ့တာကြောင့် ဝန်ကြီးချုပ်က ဆောက်ခွင့်ပြုလိုက်ပါတယ်။
နယုန်လပြည့် (23.6.2013) မှာ ကျောင်းဖွင့်တာဆိုတော့ အခုဆိုရင် နှစ်လကျော်ပါပြီ။ စာသင်ခုံတန်ဖိုးမပါ၊ အဆောက်အအုံချည်း ငွေကျပ် (၁၃၆) သိန်းကျော် ကုန်ပါတယ်။
ကျောင်းသူ/သားတွေရော မိဘပြည်သူတွေပါ ငွေကြေးအကုန်အကျခံစရာမလိုဘဲ စိတ်အေးလက်အေး စာသင်နေချိန်မှာပဲ မြို့နယ်သံဃနာယကအဖွဲ့က စာထွက်ပြီး ဖျက်မိန့်ထုတ်ပါတယ်။ 12.9.2013 ရက်နေ့မှာ ဖျက်ပေးရမယ်။ မြို့နယ်စည်ပင်ရုံး ဆောက်ဖို့စီမံကိန်းရှိတယ် ဆိုပြီး မြေပုံတွေပါ ပူးတွဲဖော်ပြ လာပါတယ်။
ဘယ်သူကိုမှ မထိခိုက်တဲ့ ဒီကျူရှင်ကျောင်းလေးကို အသဲအသန် ဘာကြောင့် ဖျက်ခိုင်းနေရတာလဲ-အကြောင်းရှာတဲ့အခါ ရပ်ကွက်လူကြီး ခင်မောင်ညိုက "ဆရာတော်ကြီး ဦးဣန္ဒက တစ်ပါးတည်းလုပ်မယ်ဆိုရင် မတားပါဘူး။ ဝီရသူပါလာလို့ တားတာပါ။ ဝီရသူက နိုင်ငံရေးဘုန်းကြီး ဖြစ်နေလို့ပါ" ဟု ပြောကြောင်း နားထောင်ခဲ့သူထံမှ သိရှိလိုက်ရပါတယ်။
ဝီရသူက နိုင်ငံရေးသမားဖြစ်ဦးတော့ ဝန်ကြီးချုပ် နှုတ်မိန့်နှင့် ဆောက်တာကို သူတို့ဆက်လက်တားစရာ မလိုပါဘူး။ တိုင်စာလည်း မရောက်ပါဘူး။ စီမံကိန်းလည်း မရှိပါဘူး။ မြို့နယ်လူကြီးနှင့် ညှိကြပါလို့ ပြောခဲ့တဲ့ မြို့နယ်စည်ပင် ဗိုလ်မှူးကြီး စန်းကြည်မောင်ကလည်း အခုမှ မြို့နယ်စည်ပင်ရုံးဆောက်ဖို့ စီမံကိန်းရှိတယ်ဆိုပြီး မြေပုံရေးဆွဲ စာတင်တိုင်ကြားတာ ဘာကြောင့်ပါလဲ။
မြို့နယ် သံဃနာယကအဖွဲ့ကတော့ လူ့အဖွဲ့အစည်း အမိန့်နာခံရတာမို့ အမိန့်အရ ဖျက်မိန့်စာထုတ် ပေးရတာမို့ အဖြေရှာစရာမလိုပါဘူး။
ဒီလိုနဲ့ အခြေအမြစ်ကျကျ စုံစမ်းကြည့်တော့ ရပ်ကွက်လူကြီး ဦးခင်မောင်ညိုလက်ချက် ဖြစ်နေတာ တွေ့ရပါတယ်။ ရပ်ကွက်လူကြီး ဦးခင်မောင်ညိုက ကြံခိုင်ဖွံ့ဖြိုးရေးကပါ။ သူနှင့် တစ်ပါတီတည်းဖြစ်တဲ့ ဦးကျော်သက်ထွန်းနှင့် တွဲပြီး ကျူရှင်ကျောင်း စာကျက်ဝိုင်းတစ်ခု ထောင်ထားကြောင်း သိရပါတယ်။ ကျောင်းသားတစ်ယောက် သုံးသိန်းကျပ် ယူပါတယ်။ ကျောင်းသား/သူ (၁၀၀) ကျော်ရှိပါတယ်။
လောကအလင်း ကျူရှင်ကျောင်းက အခမဲ့အပြင်၊ စာအုပ် စာတန်းတွေပေးတာ၊ ဆရာ/မ တွေက စေတနာထားတာတွေကြောင့် ကျောင်းသား/သူ (၁၃၆) ယောက်ထိ တိုးလာပါတယ်။ နောက်နှစ်ဆိုရင် သူတို့ကျူရှင်ပြုတ်နိုင်တာမို့ နောက်နှစ်ထိ မခံအောင် အသဲအသန် တားမြစ်နေကြတာဖြစ်ပါတယ်။ (ဆရာတော် ဦးဣန္ဒက၏ စောင့်ရှောက်မှုကြောင့် ကျောင်းသား/သူတွေ စည်းကမ်း ကောင်းလာပါတယ်။)
သူတို့ စာကျက်ဝိုင်းကလည်း ဂရံမကျ၊ စာရင်းမပေါက်ပါဘူး။ "လောကအလင်း" က ဘုန်းကြီးကျောင်း နယ်နိမိတ်အတွင်းမှာဖြစ်လို့ ဂရံကျဖို့ အလားအလာရှိပါတယ်။ ဒါကို သိလို့ အပြုတ်တိုက်နေကြတာ ပါတဲ့။
ဦးခင်မောင်ညိုရဲ့ ဘောင်အတွင်းက ညစ်ပတ်ပြနေတာကို မြို့နယ်စည်ပင်နှင့် မြို့နယ်လူကြီးတို့က ပူးပေါင်းကြံစည်ပြီး အကူအညီပေးနေကြတာပါ။
ဝီရသူလုပ်နေတာက ဝီရသူ အကျိုးမဟုတ်ပါဘူး။ ဆင်းရဲသူ/သားတွေရဲ့ အကျိုးအတွက်ပါ။ မြရည်နန္ဒာ ရပ်ကွက် အကျိုးအတွက်ပါ။ ဝီရသူရပ်လိုက်ရုံနဲ့ ဝီရသူ မထိခိုက်ပါဘူး။ ကလေးတွေနှင့် မိဘတွေပဲ ထိခိုက်မှာပါ။ နိုင်ငံတော်ရဲ့ ပညာရေးပဲ ထိခိုက်မှာပါ။
ဒါကြောင့် ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ဆီ စာတင်ထားပါတယ်။ အောက်ခြေလုပ်တာ အထက်လူတွေ သိစေချင်လို့ပါ။
မဟာဣန္ဒကာရာမ ဆရာတော်ကြီး ဦးဣန္ဒက- 09-402684283
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ညို-09-91054271
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း -02-80680 (ရုံး)၊ 09-43146384
မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီးစန်းကြည်မောင်-09-2010479


By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...