Ads (728x90)

Photo: “D-Day ရွန်နီရဲ့ ဆုံးဖြတ်ချက်ကို (၄၈)နာရီအတွင်း သိချင်ပါတယ်” - မော်ရင်ဟို

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ၀ိန်းရွန်နီ အနေဖြင့် ယူနိုက်တက် အသင်းတွင် ဆက်နေမည် သို့မဟုတ် အသင်းမှ ထွက်ခွာမည် ဆိုသည့် အဖြေတစ်ခုခုကို ကာယကံရှင် အနေဖြင့် တစ်ခုခု ပြတ်ပြတ်သာသား ထုတ်ဖော် ပြောဆိုဖို့ အချိန် ကျရောက်ပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေငုံနှူတ်ပိတ် မနေသင့်တော့ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။

မော်ရင်ဟိုက “ကာယကံရှင်က ယခုအပြောင်းအရွှေ့ ကိစ္စ ဇတ်လမ်းတွေကို အဆုံးသတ်ပေးဖို့ စတင်ပြောဆိုသင့်ပြီးလို့ ကျွန်တော် ထင်ပါတယ်။ ချယ်လ်ဆီး အသင်းကလည်း ကျွန်တော့်လိုပဲ အဖြေတစ်ခု သိချင်နေသလို၊ လူတွေ အားလုံးကလည်း သိချင်နေကြပါတယ်။ အသင်းကြီး တစ်သင်းက မရောင်းချင်ဘူး ဆိုတဲ့ ကစားသမား တစ်ယောက်ကို ကျွန်တော်တို့ ရူးမိုက်စွာ မကြိုးစားလိုပါဘူး၊ သူတို့ ဘာကြောင့် မရောင်းလိုတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်ပါတယ်။ အဲ့လို မဟုတ်ရင်တော့ ကျွန်တော်တို့ တစ်ခြား တစ်ယောက်ယောက်ကို ကြိုးစားဖို့ အခက်တွေ့ပါတယ်” ဟု့ ပြောကြားခဲ့သည်။ 

မော်ရင်ဟိုက ရွန်နီအနေနဲ့ “Yes or No” တစ်ခုခု ပြတ်ပြတ်သားသား ပြောကြားဖို့ အချိန် ကျရောက်ပြီး ဖြစ်ကြောင်း၊ ချယ်လ်ဆီး အနေဖြင့် (၄၈)နာရီအတွင်း အဖြေတစ်ခုခုကို သိရှိလိုကြောင်း အကယ်၍ ရွန်နီကို မရရှိခဲ့ပါက နောက်ထပ် ကစားသမား တစ်ယောက်ယောက်ကို ခေါ်ယူဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...