Ads (728x90)




ဘာစီလိုနာနှင့် ချယ်ဆီး ကစားသမားဟောင်းဖြစ်သူ ဒေကိုသည် ဘောလုံးကစားသမား ဘဝမှ အနားယူပြီ ဖြစ်ကြောင်း ၎င်း၏ ၃၆ နှစ်မြောက် မွေးနေ့တွင် ကြေညာပြောကြားခဲ့သည်။

ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟောင်းဖြစ်သူ ဒေကိုသည် ၎င်း၏ ဘောလုံးကစားသမား ဘဝကို ဘရာဇီး ကလပ် ဆယ်လ်ဂူရီယိုတွင် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပေါ်တိုအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ဘာစီလိုနာတွင် လေးနှစ်ကြာ ကစားခဲ့ပြီးနောက် ချယ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး စတမ်ဖို့ဒ်ဘရစ်ခ်ျတွင် နှစ်ရာသီအကြာ ကစားခဲ့သည်။

ဒေကိုသည် ၂၀၁၀ ခုနှစ်တွင် ဥရောပ ဘောလုံးလောကကို စွန့်ခွာခဲ့ပြီး ဘရာဇီးသို့ပြန်ကာ ဖလူမီနပ်စ်အသင်းတွင် သုံးနှစ်ကြာ ကစားခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ၎င်းက “ပရော်ဖက်ရှင်နယ် အားကစားသမား ဘဝကို အဆုံးသတ်ပြီဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ ကြေညာပြောကြားလိုပါတယ်။ ဗုဒ္ဓဟူးနေ့က ဖလူမီနပ်စ်နဲ့ ကစားခဲ့တဲ့ အချိန်တွေဟာ ကျွန်တော့်ရဲ့ ဘောလုံးကစားသမား ဘဝ ၁၇ နှစ်တာ ကာလရဲ့ နောက်ဆုံးအချိန်တွေပါပဲ” ဟု စပိန်သတင်းစာ AS ထံ ပြောကြားခဲ့သည်။

ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်သူ ဒေကိုသည် ပေါ်တူဂီအသင်းအတွက် ၇၅ ပွဲ ကစားခဲ့ပြီး ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ နှစ်ခုနှင့် ကမ္ဘာဖလားပြိုင်ပွဲ နှစ်ခုတွင် ပေါ်တူဂီအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

soccermyanmar


By :
Football Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...