Ads (728x90)

ဇာရာဂိုဇာ အသင်းသို့အငှားဖြင့်ပြောင်းရွေ့ သွားသည့် ဟင်းနရစ်။ 

=====================================

မန်ချက်စတာယူနိုက်တတ် အသင်း လူငယ်ကစားသမား အင်ဂျီလို ဟင်းနရစ် တစ်ယောက်စပိန်ဒုတိယတန်းကလပ် ဇာရာဂိုဇာ အသင်းသို့ အငှားပြောင်းရွေ့ သွားပြီလို့ သိရပါတယ်။
ပြီးခဲ့သည့် ဘောလုံးရာသီက ယူနိုက်တတ်အသင်းသို့ ပြောင်းရွေ့ လာခဲ့သူ အဆိုပါလူငယ်ကစားသမားဟာမနှစ်က၀ီဂန်အသင်းသို့ အငှားဖြင့်
သွားရောက်ကစားခဲ့ရပြီးနောက်ယခုနှစ်တွင် အသင်းသို့ ပြန်လည်ရောက်ရှိလာကာ ယူနိုက်တတ်နှင့်အတူ ရာသီကြိုခြေစမ်းပွဲများသို့ လည်း လိုက်ပါခြေစွမ်းပြသခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အဆိုပါ ချီလီ လူငယ် လက်ရွေးစင် ယူ၂၀ အသင်းကစားသမားဟာ 
တူရကီ တွင် ကျင်းပခဲ့သည့်ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲမှာလည်း ချီလီ အသင်းကို ကိုယ်စားပြုပါဝင်ကစားခဲ့ကာ ခြေစွမ်းပြ
သနိုင်ခဲ့သူဖြစ်ပါတယ်။ သို့ သော် ယူနိုက်တတ်တွင် တိုက်စစ်မှူးများ အများအပြားရှိနေသည့်အတွက်
ဟင်းနရစ် အားယခုကဲ့သို့ အငှားချထားစေခဲ့ခြင်းဖြစ်ကြောင်း ကလပ်အသင်းက ထုတ်ဖော်ပြော
ကြားထားပါတယ်။  အဆိုပါ လူငယ်ကစား သမား အနေနှင့် ဇာရာဂိုဇာ တွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ တဖန် ပြန်လည်ရောက်ရှိလာစေရန်အတွက်
ဝိုင်းဝန်း ဆုတောင်းပေးရုံမှ တပါး အခြား မည်သည့်အရာမှ မရှိတော့ချေ။ ယူနိုက်တတ်အနေနှင့် အဆိုပါ ကစားသမားအား အငှားစာချုပ် ကုန်ဆုံးချိန်တွင် ပြန်လည် ခေါ်ယူနိုင်ရန်
အတွက် ပြင်ဆင်ထားကြောင်းကိုလည်းသိရသည်။

Read More >> http://manutd-mm.blogspot.com/2013/08/blog-post_4367.html

Admin : Al<

အတွက် ပြင်ဆင်ထားကြောင်းကိုလည်းသိရသည်

Read More >> http://manutd-mm.blogspot.com/2013/08/blog-post_4367.html

Admin : Al<

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...