Ads (728x90)

Photo: အသင်း ပရိသတ်များ အမြင်မကြည်အောင် မီဒီယာများ မှိုင်းတိုက်နေဟု ဝင်းဂါး စွပ်စွဲ

အင်္ဂလိပ်မီဒီယာများသည် ပရိသတ်များအား အသင်းအပေါ် အမြင်မကြည်အောင် မှိုင်းတိုက်နေကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက စွပ်စွဲပြောကြားလိုက်သည်။

အာဆင်နယ်သည် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ယာယာ ဆာနိုဂိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူထားပြီး ဂွန်ဇာလို ဟီဂူအင်နှင့် လူးဝစ် ဆွာရက်ဇ်တို့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။ ထို့အပြင် ပရီးမီယားလိဂ် အဖွင့်ပွဲစဉ်တွင် အက်စ်တွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်များက အသင်းအပေါ် အမြင်မကြည်မလင် ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ပရိသတ်များ အသင်းအပေါ် အမြင်မကြည်လင်ရခြင်းမှာ ယခင်နှစ်များက အာဆင်နယ်အသင်း ဆုဖလားများ မရရှိခဲ့ခြင်းနှင့် အပြောင်းအရွှေ့ရာသီတွင် ကစားသမားသစ် မဝယ်ယူနိုင်ခြင်းတို့အပေါ် မီဒီယာများ၏ လိုအပ်သည်ထက် ပိုမိုသော တုံ့ပြန်ချက်များကြောင့် ဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

ဝင်းဂါးက “မီဒီယာဟာ အသင်းအပေါ် ပရိသတ်တွေ အမြင်မကြည်အောင် မှိုင်းတိုက်ခဲ့ပါတယ်။ ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဆုဖလားတွေ မရခဲ့ပေမယ် အသင်းရဲ့ ကစားပုံကောင်းမွန်အောင် အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ မတ်လ နောက်ပိုင်း တစ်ပွဲပဲ ရှုံးပါသေးတယ်။ ဒါပေမဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားခဲ့တယ်။ နောက်ပြီး ဖီနာဘာချီကိုလည်း အနိုင်ကစားနိုင်ခဲ့ပါတယ်” ဟု သတင်းထောက်များထံ ဖြေကြားခဲ့သည်။

ဆက်လက်ပြီး “လူတိုင်းဟာ သတင်းတွေကို လိုချင်ကြပါတယ်။ အချို့သတင်းတွေဟာ စိတ်ဝင်စားဖို့ ကောင်းပေမယ့် အချို့ကတော့ လိုတာထက်ပိုပြီး ချဲ့ကားလွန်းပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် နယူးကာဆယ် ကွင်းလယ်ကစားသမား ယိုဟန် ကာဘာယီကို ပေါင် ၁၀.၂ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ သို့ရာတွင် နယူးကာဆယ်၌ မတည်မငြိမ် ဖြစ်နေသည့် ကာဘာယီ အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ကာ ထပ်မံ ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

soccermyanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...