Ads (728x90)




တနင်္လာည ယူနိုက်တက် (၀-၀) ချယ်လ်ဆီး သရေကျခဲ့သည့် ပွဲစဉ်မှ တိုက်စစ်မှူး ၀ိန်းရွန်နီ၏ ခြေစွမ်းကို ကျေနပ်အားရမိကြောင်း နည်းပြ ဒေးဗစ်မိုရက်စ်က ထုတ်ဖော် ချီးကျူးလိုက်သည်။

ယခုရာသီ မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံး ပထမ-လိုင်းအပ်တွင် ပါဝင် ပွဲထွက်ခွင့် ရခဲ့သည့် ရွန်နီကို ဒေးဗစ်မိုရက်စ်က ပထမဦးဆုံး အကြိမ် ချီးမွန်းခန်း ဖွင့်လိုက်သည့် ထုတ်ဖော်စကားလည်း ဖြစ်ခဲ့သည်။

မိုရက်စ်က “ရွန်နီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် အလွန် အားရကျေနပ်ခဲ့ပါတယ်။ ဒီလို ချီးကျူးစကားတွေ ဘယ်နှကြိမ် ထပ်ပြောနေရမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ သူဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း သိပ်ကောင်းမွန်ခဲ့ပါတယ်။ ဘယ်သူမဆို သူကစားနေတာကို ကြည့်ပြီး သူ့ကို ချီးကျူးမိကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

မိနစ်(၆၀) လောက်ပဲ ကစားရမယ်လို့ သူ့ကို ကျွန်တော် ပြောထားခဲ့ပေမယ့် သူကတော့ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ လိုချင်နေတဲ့ သူ့ပုံစံကို ပြန်ရခဲ့ပါတယ်။

လက်ရှိအခိုက်အတန့်မှာ ၀ိန်းရွန်နီဟာ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓါတ်တွေ ရရှိနေပြီးလို့ ကျွန်တော် ထင်ပါတယ်။ သူတစ်ခုခု ပြောင်းလဲဖို့ လိုနေတယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒီည ကစားခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းက ပြီးပြည့်စုံတယ်လို့ ကျွန်တော် ထင်မိပါတယ် ဒီည သူ့ရဲ့ လှူပ်ရှားမူ့က သူဘာတွေ ရည်မှန်းထားသလဲ ဆိုတာကို ပြသခဲ့တာလို့ ကျွန်တော် ထင်မိပါတယ်” ဟု့ ရွန်နီကို ချီးကျူး ပြောကြားခဲ့သည်။

Admin Team


By :
Football Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...