Ads (728x90)

Photo: အိုးလ်ထရက်ဖို့ဒ်တွင် သရေ ကျခဲ့ခြင်းသည် ကျေနပ် လက်ခံရမည့် ရလဒ်ဟု ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ဝန်ခံ ပြောကြားခဲ့သည်။

ယခုရာသီ ပရီးမီးယား လိဂ်၏ ထိပ်သီး ကလပ်နှစ်ခု ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် မန်ချက်စတာ ယူနိုက်တက်၏ အိမ်ကွင်း၌ ချယ်လ်ဆီးတို့ ဂိုးမရှိ သရေကစားကာ (၁)မှတ် ခွဲယူနိုင်ခဲ့သည်။ နှစ်သင်းလုံး အားသန်သော ဗျူဟာချဉ်းကပ်မှုများဖြင့် တိုက်စစ်ဆင်ရန် ကြိုးပမ်း ခဲ့သော်လည်း ဂိုးမသွင်းနိုင်ဘဲ ပွဲပြီးခဲ့သည်။ ချယ်လ်ဆီးသည် ယခုပွဲ သရေရလဒ်ကြောင့် ပရီးမီးယား လိဂ်တွင် (၃)ပွဲကစားပြီး (၇)မှတ်ထိ ရရှိထားပြီ ဖြစ်သည်။ မော်ရင်ဟိုက မိမိ၏ အသင်းကို ယခုထက် ပိုမို တိုက်စစ်ဆင်စေလိုသော်လည်း အိုးလ်ထရက်ဖို့ဒ်မှ တစ်စုံတစ်ခု ရလာသည့် အခြေအနေတိုင်းကို အကောင်းမြင်ရန်သာ ရှိနေကြောင်း ဝန်ခံခဲ့သည်။

Sky Sportsနှင့် အင်တာဗျူးတွင် ပေါ်တူဂီသား မန်နေဂျာက "ရလဒ်က မျှတတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြောရရင် ခုပွဲမှာ တစ်သင်းသင်းက ပြိုင်ဘက်ထက် သာလွန်ခဲ့တာမျိုး မရှိသလိုပါပဲ။ ပွဲချိန် တော်တော်များများ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ထားနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ အိုးလ်ထရက်ဖို့ဒ်လို နေရာမှာ ကစားရပေမယ့် ကျွန်တော်တို့အတွက် ကြီးကြီးမားမား ပြဿနာမျိုး မကြုံခဲ့ရပါဘူး။ အသင်းရဲ့ တန်ပြန်တိုက်စစ်နဲ့ ဘောလုံးဖြန့်ဝေပုံတွေက ခံစစ်ကနေ တိုက်စစ်ကို ချက်ချင်း ပြောင်းလဲနိုင်ပေမယ့် အကောင်းဆုံးတော့ မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့မှာ မြန်နှုန်းမြင့်ပြီး ဖန်တီးမှု အားကောင်းတဲ့ တိုက်စစ်သမားတွေ ရှိပါတယ်။ ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်မှု အနေအထားကတော့ အကောင်းဆုံး မဟုတ်ခဲ့ဘူး။ တစ်ခါတစ်လေ ရိုးရှင်းတဲ့ ဘောလုံးပေးပို့မှုတွေတောင် ပျက်ခဲ့ရတယ်"ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက "အသင်းမှာ အမှားတွေ အများကြီး ရှိခဲ့ပါတယ်။ တချို့အခြေအနေတွေမှာ လုပ်နိုင်တာ၊ လုပ်သင့်တာတွေကို မလုပ်နိုင်ခဲ့ပြန်ဘူး။ ပွဲမစခင် ကတည်းက ကျွန်တော် ကစားသမားတွေကို ပြောပါတယ်။ ငါတို့ဟာ နိုင်အောင် ကစားနိုင်တယ်။ အနိုင်လည်း လိုချင်တယ်။ ဒါပေမဲ့ မနိုင်ခဲ့ရင် မရှုံးရဘူး ဆိုတာကိုပါ။ ဒါကို ကစားသမားတွေက နားလည်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး (၅)မိနစ်၊ (၁၀)မိနစ်မှာ အသင်းက အရမ်းနွမ်းနယ်လာတယ်။ ဒါကြောင့် ကျွန်တော့် အသင်းသားတွေက ခံစစ်ကို ပိုအားပြုပြီး သရေ(၁)မှတ် ရယူနိုင်ခဲ့တာလို့ ကျွန်တော်မြင်တယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေမှာ (၁)မှတ် ရယူနိုင်တယ် ဆိုတာက အမြဲတမ်းလိုလို ကျေနပ်စရာပါ" ဟုလည်း ပြောဆိုသွားသည်။ 

soccermyanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...