Ads (728x90)


Photo: Manchester United 0-0 Chelsea FC

- Th@yene
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကလဲဗာလီက ယမန်နေ့ည ချယ်လ်ဆီးအသင်းနှင့် (၀-၀) သရေ ရလဒ် ရရှိခဲ့သည့် ပွဲစဉ်တွင် မိမိတို့ အသင်း ပင်နယ်တီ ရထိုက်သည်ဟု့ မကျေမချမ်း ပြောကြားခဲ့သည်။

ပွဲချိန်ဒုတိယပိုင်း အပြာရောင် အသင်း၏ ပင်နယ်တီ ဧရီယာအတွင် ကလဲဗာလီ၏ ကန်ချက်သည် လမ်းပတ်၏ လက်ဖြင့် ရှင်းရှင်းလင်းလင်း ထိ့ခဲ့ပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ အဖြစ် သတ်မှတ်ပေးခြင်း မရှိပဲ ငြင်းပယ်ခဲ့မှူ့အပေါ် ကလဲဗာလီက စိတ်ပျက်လျက်ရှိသည်။

ကလဲဗာလီက “အဲ့ဒီအချိန်အခိုက်အတန့်လေးက ပွဲချိန် အမြင့်ဆုံး အချိန်အခိုက်တန့်ပါ။ ခင်ဗျား အနေနဲ့ ဆိုရင်လည်း ဒီလိုအခွင့်အရေး မရခဲ့ရင် ခင်ဗျားလည်း စိတ်ပျက်မိမှာပါ၊ သူတို့(ချယ်လ်ဆီး) အတွက်တော့ အခွင့်အရေးကောင်း ဖြစ်ခဲ့စေပါတယ်။ အဲ့လိုပဲ ပင်နယ်တီ အနေအထား နောက်တစ်ကြိမ် ထပ်ပြီး ငြင်းပယ်ခံရမယ် ဆိုရင်ရော ခင်ဗျား ဘယ်လို ခံစားရမလဲ? ခင်ဗျားလဲ စိတ်ပျက်ခံစားရမှာပါ။ (လမ်းပတ်) သူ့ရဲ့လက်က အပေါ်မှာ ရှိနေတာကြောင့် ဒါဟာ ပင်နယ်တီ ပေးနိုင်တဲ့ အနေအထားပါ။ ခင်ဗျားလည်း အဲ့ဒီအဖြစ်ကို မြင်ခဲ့ရမှာပါ” ဟု့ MUTV သို့ ပြောကြားခဲ့သည်။

Admin Team


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...