Ads (728x90)

Photo: "ချယ်လ်ဆီးမှ မာတာကို ခေါ်ယူဖို့ ကြိုးစားလာသည့် စပါး"

စပါးအသင်းသည် ရီးရဲလ်အသင်းသို့ ဂါရတ်ဘေးလ်ကို ပေါင်(၈၆)သန်းဖြင့် ရောင်းချရန် သဘောတူညီမှူ့ ရထားပြီး ဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပျံ့ပျံ့ ထွက်ပေါ်နေပြီး၊ စပါးအသင်းကလည်း အဆိုပါ ငွေကြေးများဖြင့် ကစားသမား အင်အား ဖြည့်တင်းမှူ့ ပြုလုပ်ရန် အပြောင်းအရွှေ့ ကိစ္စများ သွက်သွက်လက်လက် လှူပ်ရှားလျက် ရှိနေသည်။

စပါးအသင်းနှင့် သဘောတူညီမှူ့ ရခါနီးဖြစ်သည့် အန်ဇီအသင်းမှ ၀ီလီယံကို ချယ်လ်ဆီးက ကြားဖြတ်ခေါ်ယူ ခဲ့ခြင်းကြောင့် ရိုးမားမှ လမ်မီလာနှင့် ဘရာဇီး တိုက်စစ်မှူး ဟော့ခ်တို့ကို ဆက်လက် ချိတ်ဆက်လျက်ရှိသည်။

ယခုအခါ ချယ်လ်ဆီးအသင်းမှ မာတာကိုလည်း ခေါ်ယူရန် စတင်ကြိုးစားလာနေကြောင်း ဒေးလီးမေးလ် သတင်းကဆိုသည်။

မာတာသည် ၀ီလီယံ ရောက်ရှိလာခြင်းကြောင့် ပထမ ဦးစားပေး ပွဲထွက် နေရာအတွက် သေချာမှူ့ မရှိ ဖြစ်နေကြောင်း၊ လက်ရှိ မန်ချက်စတာသို့ ရောက်ရှိနေသည့် ချယ်လ်ဆီး စတားများသည် မန်ချက်စတာ မြို့ထဲသို့ လည်ပတ်လျက် ရှိနေရာတွင် မာတာနှင့် မန်စီးတီး နည်းပြ ပယ်လီဂရီနီတို့ လက်ဆွဲ နှူတ်ဆက်နေသည့် ပုံများ ထွက်ပေါ်လာပြီးနောက် မာတာနှင့် မန်စီးတီး သတင်းများလည်း ဆက်လက် ပျံ့နှံ့လျက် ရှိသည်။ 

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...