Ads (728x90)


တစ်ခါတုန်းကရွာတစ်ရွာမှာ ညီအစ်ကိုလေးယောက်ရှိကြတယ်။သူတို့တွေရဲ့နာမည်တွေက နည်းနည်းတော့ဆန်းတယ်။အကြီးဆုံးက “ဆွဲထိုးမယ်” ၊ ဒုတိယက “စည်းကမ်း”၊ တတိယက “ ဥပဒေ” ၊ အငယ်ဆုံးက “ပြသာနာ” ဆိုပြီးတော့ ညီအစ်ကို(၄)ယောက် ရှိကြတာပေါ့၊ တောသူတောင်သားဆိုတော့ သိတဲ့အတိုင်း စကားပြောတော့ ရှင်းရှင်းပဲပြောတတ်ကြတယ်လေ
သူတို့တွေက ရွာလေးမှာပဲ အစဉ်အဆက်နေထိုင်လာကြပေါ့၊ မြို့ဆိုတာကိုလည်းတစ်ခါမှမရောက်ဖူးကြဘူးလေ။ ဒါပေမယ့် ညီအငယ်ဆုံးလေးကတော့ မြို့ကိုအရမ်းသွားချင်နေတာပေါ့၊ အစ်ကိုတွေကလည်း အမျိုးမျိုး ဖျောင်းဖျကြတာပေါ့.............
တစ်နေ့မှာတော့ မြို့ကဧည့်သည်တစ်ယောက်ရောက်နေတယ်ကြားတော့ ညီအငယ်ဆုံးလေးက သွားပြီးတော့ဧည့်သည်နဲ့တွေ့တာပေါ့...
မြို့ကဧည့်သည်လည်းပြန်သွားရော ညီအငယ်ဆုံးက အစ်ကိုတွေမသိအောင်တိတ်တိတ်လေး လိုက်သွားတော့တာပေါ့။ အစ်ကိုတွေက ညီလေးပျောက်လို့ လိုက်ရှာကြတာ ဘယ်မှာမှမတွေ့ဘူး...ရွာကအသိတစ်ယောက်က ပြောပြတော့မှ မြို့ကိုလိုက်သွားမှန်းသိတော့တာပေါ့။
အဲ့ဒါနဲ့ညီအစ်ကို(၃)ယောက် တိုင်ပင်ပြီးတော့ မြို့ကိုလိုက်သွားကြမယ်ပေါ့။ခက်တာက မြို့ကို က သူတို့တစ်ယောက်မှမရောက်ဖူးကြဘူးလေ။
အကြီးဆုံးအစ်ကိုကတော့ အားပေးတာပေါ့ ဘာမှမပူကြနဲ့ အဆင်ပြေသွားမယ် ဆိုပြီးတော့ မြို့ကိုသွားကြတာပေါ့...................
သူတို့တွေအဆင်ပြေကြပါ့မလား.....................     ဆက်ပြီးတော့ဖတ်ကြည့်ပါဦးလေ
မြို့ကိုရောက်တော့ အစ်ကိုအကြီးဆုံးကအနစ်နာခံပြီးတော့ သူလိုက်ရှာမယ်ပေါ့ ညီလေးတို့ကတော့ တစ်နေရာရာကနေစောင့်နေကြ ဆိုပြီး
ဒုတိယညီကို မင်းကချုံပုတ်ထဲကစောင့် ၊ တတိယညီကို မင်းက မြောင်းထဲကစောင့် ဆိုပြီးတော့ အစ်ကိုကြီးကတော့ မြို့ထဲလိုက်ရှာတော့တာပေါ့....................
မြို့လယ်ခေါင်ရောက်တော့ မျဉ်းကြားကမကူးမိတော့ ယာဉ်ထိန်းရဲကဖမ်းတော့တာပေါ့....... သူလည်းအရမ်းကြောက်သွားတာပေါ့
အဲ့ဒီမှာယာဉ်ထိန်းရဲကြီးကလည်း မေးတော့တာပေါ့ အူကြောင်ကြောင်ရွာသားတစ်ယောက်ပဲဆိုပြီး........... ဟေ့လူ ခင်ဗျား“စည်းကမ်း”ကို မသိဘူးလား ဆိုတော့ သိတယ် ချုံပုတ်ထဲမှာ.... အောင်မာ“ ဥပဒေ“ ကိုရောသိလား ဆိုတော့ သိတယ် မြောင်းထဲမှာ ...... ဒီလူကတော့ဆိုပြီး ဒါနဲ့မင်း မြို့ကိုဘာလာလုပ်တာလဲဆိုတော့ “ပြသာနာ” လာရှာတာ..... အဲ့ဒီမှာ ယာဉ်ထိန်းရဲကြီးက အရမ်းတင်းပြီးတော့ မင်းနာမည်ကဘယ်သူလဲဆိုတော့ “ဆွဲထိုးမယ်” လည်းဆိုရော တစ်ခါထဲအချုပ်ထဲထည့်လိုက်ပါလေရောရှင်...........................


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...