Ads (728x90)

မြန်မာနေရှင်နယ်လိဂ်မြန်မာ ၂၀၁၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ဇူလိုင်လအတွက်တစ်လတာ အကောင်းဆုံးနည်းပြ
ဆုကို ဇေယျာရွှေမြေအသင်းမှနည်းပြ ဦးစိုးမိုးနှင့် အကောင်းဆုံးကစားသမားဆုကို ရက္ခပူရအသင်းမှ တိုက်စစ်မှူးအန်
ဒရေတို့က ဆွတ်ခူးရရှိသွားကြောင်း ဆုရွေးချယ်ရေးအဖွဲ့မှ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်သည်။

ဇေယျာရွှေမြေနည်းပြဦးစိုးမိုးအားရွေးချယ်ခဲ့ခြင်းနှင့် ပတ်သတ်ပြီးဆုရွေးချယ်ရေးအဖွဲ့မှ ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာ
တွင်“ ပြီးခဲ့သည့်လအတွင်းက ယှဉ်ပြိုင်ကစားခဲ့သည့် MNL Myanmar 2012 ပြိုင်ပွဲတွင် ဇေယျာရွှေမြေအသင်းနှင့်
ရက္ခပူရအသင်းတို့မှာ ထူးထူးခြားခြား ခြေစွမ်းပြသည်ကို တွေရသည်။ ဇေယျာရွှေမြေအသင်းမှာ ဇူလိုင်လအတွင်း
ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်အားလုံးရနှုန်းပြည့် အနိုင်ရရှိခဲ့ပြီး ရက္ခပူရအသင်းမှာမူ (၄)ပွဲ ကစားရာတွင် (၃)ပွဲနိုင်၊(၁)
ပွဲသရေကျခဲ့သည်။ ဇေယျာရွှေမြေအသင်းသည် ထိပ်သီးအသင်းကြီးများဖြစ်သည့် KBZ FC နှင့် နေပြည်တော် FC
တို့ကို အနိုင်ရရှိပြီး ဇူလိုင်လအတွင်း ရာနှုန်းပြည့်အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သလို အဆိုပါအနိုင်ကြောင့်အသင်းမှာ အမှတ်
ပေးဇယားထိပ်ပိုင်းသို့ ပြန်လည်တက်ရောက်နိုင်ခဲ့သည်။နည်းပြဦးစိုးမိုးကိုင်တွယ်သည့် ဇေယျာရွှေမြေအသင်းသည်
ပြီးခဲ့သည့်လအတွင်း ကစားခဲ့သည့်ပွဲများတွင် ရလဒ်ကောင်းများရရှိပိုင်ဆိုင်ခဲ့သလို ပရိတ်သတ်အားဘောလုံးရသ
အပြည့်အ၀ပေးနိုင်ခဲ့သည့် ကစားဟန်ဖြင့်ဖျော်ဖြေမှုပေးနိုင်ခဲ့သောကြောင့် ယခုကဲ့သို့တစ်လတာ အကောင်းဆုံးဆုကို
ပေးအပ်ခဲ့ခြင်းဖြစ်သည်” ဟုဖော်ပြထားသည်။

ထို့အတူ ရက္ခပူရတိုက်စစ်မှူး အန်ဒရေအားဆုရွေးချယ် ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး“ရက္ခပူရအသင်းသည် ပြီးခဲ့သည်
လအတွင်း(၃)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး စုစုပေါင်းသွင်းဂိုး(၁၁)ဂိုး အထိသွင်းယူနိုင်ခဲ့သည်။အဆိုပါသွင်းဂိုး
(၁၁)ဂိုးအနက် ရက္ခပူရအသင်းတိုက်စစ်မှူး အန်ဒရေမှာ ကိုယ်တိုင်(၄)ဂိုးအထိသွင်းယူပေးခဲ့ပြီးအသင်းဖော်များဂိုးသွင်း
နိုင်ရန်အတွက်လည်း ဖန်တီးမှုများပြုလုပ်ပေးနိုင်ခဲ့သည်။ အန်ဒရေသည် ရတနာပုံအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင်
ထောင်ကန်ဘောမှတဆင့် ဂိုးထဲသို့တိုက်ရိုက်ကန်သွင်းကာ လှလှပပဂိုးရယူပေးနိုင်ခဲ့ပြီး မနောမြေအသင်းနှင့်ပွဲစဉ်၌်
လည်း လှလှပပဂိုးသွင်းယူနိုင်ခဲ့သည်ကိုတွေရသည်။ အန်ဒရေသည် ပြီးခဲ့သည့်လအတွင်း ကစားခဲ့သည့် ပွဲစဉ်များတွင်
ရက္ခပူရအသင်းရလဒ်ကောင်းများရရှိအောင် ထောက်ပံကူညီပံ့ပိုးပေးနိုင်ခဲ့သလို ပရိတ်သတ်စိတ်ကြိုက်ခြေစွမ်းပြ ကစား
နိုင်ခဲ့သောကြောင့် ယခုကဲ့သို့တစ်လတာ အကောင်းဆုံးဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်”ဟု ဖော်ပြခဲ့သည်။



ယခုတစ်လတာအကောင်းဆုံးနည်းပြဆုနှင့်အကောင်းဆုံးကစားသမားဆုများကို Myanmar National League ပြိုင်ပွဲ၏
Title Sponsor ဖြစ်သော Myanmar Brewery Ltd.က အဓိကပံ့ပိုးပေးထားပြီး အကောင်းဆုံးကစားသမားဆုအတွက်
ဆုတံဆိပ်နှင့်ငွေကျပ်ဆယ်သိန်း၊ အကောင်းဆုံးနည်းပြဆုအတွက် ငွေကျပ်ငါးသိန်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါအကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို လာမည့်သြဂုတ်လ(၆)ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်
ကစားမည့် ရက္ခပူရနှင့် ဇွဲကပင်အသင်းတို့၏ ပွဲစဉ်အပြီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

 မြန်မာနေရှင်နယ် လိဂ် ဆိုဒ်မှပြန်လည်ကူးယူဖော်ပြပါသည် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...