Ads (728x90)



ချင်းယူနိုက်တက်မှ ဝေဖြိုးထက်ကို တစ်ပွဲပယ်နှင့် ဒဏ်ကြေးငွေတစ်သိန်း ပြစ်ဒဏ်ချမှတ်  ၁၀၁၂ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့က သုဝဏ္ဏအားကစားကွင်းတွင် ယဉ်ပြိုင်ကစားခဲ့သည့် ဆောက်သမ်း
မြန်မာအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ပွဲချိန် ၄၄ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့
သည်ကို မကျေနပ်ဘဲ ကွင်းဘေးရှိကြော်ငြာ ဆိုင်ဘုတ်ကို ကန်ကျောက်ခဲ့သည့် ချင်းယူနိုက်တက်မှ ကျော
နံပါတ်(၂၆) ဝေဖြိုးထက်ကို တစ်ပွဲပယ်ပြစ်ဒဏ်နှင့်ျဒဏ်ငွေတစ်သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ချင်းယူနိုက်တက်မှ အောင်ဝေဖြိုးသည် ပွဲကစားချိန် ၄၄မိနစ်တွင် ပြိုင်ဘက်အသင်းမှ ကစားသမား၏
ထိုးဖောက်ဂိုးသွင်းရန် ကြိုးပမ်းမှုကို ဥပဒေပကစားခဲ့သည့်အတွက် ဒိုင်လူကြီးမှ နှစ်ဝါတစ်နီဖြင့် ထုတ်
ပယ်ခဲ့သည်။ထိုကဲ့သို ထုတ်ပယ်ခံရချိန်တွင် ဝေဖြိုးထက်မှာ မကျေမနပ်ဖြင့် ကွင်းဘေးမှ ကြော်ငြာဆိုင်း
ဘုတ်များအား ကန်ကျောက်ခဲ့သဖြင့် အရေးယူပေးရန် တင်ပြခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့ နေလည် ၁နာရီတွင်  ခေါ်ယူမေးမြန်း
စစ်ဆေးမှုများပြုလုပ်ပြီး ၊မှတ်တမ်းတင် ဗီဒီယို များအားပြန်လည်ကြည့်ရှုစစ်ဆေးသွားခဲ့သည်။စစ်ဆေးမှုများ
ပြုလုပ်ပြီးနောက် ချင်းယူနိုက်တက်မှ ဝေဖြိုးထက်ကို အမှတ်ပေးပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများ
အရ အနီးစပ်ဆုံးတစ်ပွဲပယ်ပြစ်ဒဏ်၊ စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၁၃)အရ ဒဏ်ကြေးငွေ တစ်သိန်းပေး
ဆောင်ရန်နှင့် နောက်နောင်တွင် အားကစားသမား မပီသသော အပြုအမူမျိုးမပြုလုပ်ရန် ပြင်းထန်စွာ သတိပေး
ခဲ့သည်။

ဟံသာဝတီအသင်းမှ နည်းပြများအား စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတိပေး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျှက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်မြန်မာ ၂၀၁၂
ဘောလုံးပြိုင်ပွဲ၊ ပွဲစဉ် (၂၀)မှ ပွဲစဉ်အမှတ်(၁၃၆)အဖြစ် ပြီးခဲ့သည့် ၂၀၁၂ ဇူလိုင်လ ၂၁ရက်နေ့က အောင်
ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့၏
ပွဲစဉ်ပွဲအပြီးတွင် ဒိုင်လူကြီးများကို မကျေမနပ်အော်ဟစ်ပြောဆိုခဲ့သည့် ဟံသာဝတီအသင်းမှ နည်းပြများ
ကို မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတိပေးခဲ့ကြောင်းသိရသည်
ထိုပွဲစဉ်တွင် ဟံသာဝတီအသင်းမှ နည်းပြများမှာ ပွဲချိန်အတွင်း၌ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်
သက်ပြီး မကျေနပ်မှုများကို ပွဲအပြီးတွင် ၀ိုင်းဝန်းအော်ဟစ်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။အထက်ပါဖြစ်စဉ်ကို
ှ အရေးယူရန်တင်ပြလာခဲ့သဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ပြီးခဲ့သည့်
၂၀၁၂ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နေလည်(၁)နာရီတွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တာဝန်
ရှိသူများအားခေါ်ယူမေးမြန်းခြင်း၊ မှတ်တမ်းတင်ဗီဒီယိုအား ပြန်လည်ကြည့်ရှု့ကာ အောက်ပါအတိုင်းအရေးယူရန်
ဆုံးဖြတ်ခဲ့သည်။ ဟံသာဝတီအသင်းမှ နည်းပြများအနေဖြင့် နောင်တွင် ထို့ကဲ့သို့ မလိုလားအပ်သော ပြုမူပြောဆို၊
ဆက်ဆံခြင်းမျိုးမပြုလုပ်ရန်သတိပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ
က ဆုံးဖြတ်ခဲ့သည်။

 မြန်မာနေရှင်နယ် လိဂ် ဆိုဒ်မှပြန်လည်ကူးယူဖော်ပြပါသည် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...