Ads (728x90)



တစ်ခါက ရွာတစ်ရွာမှာ သားမိသားဖသုံးယောက် နေထိုင်ကြသတဲံ့…။

အဖေရယ် အမေရယ် ၇နှစ်အရွယ် သားကလေးရယ်ပေါ့။ သူတို့မိသားစုက စီးပွားရေးသိပ်အဆင်ပြေဘူးတဲ့။ ဒါကြောင့် သူများဆီက အကြွေးယူ စားရသတဲ့။ သူတို့ အမြဲတမ်း အကြွေးယူရတဲ့ အကြွေးရှင်ရဲ့ အမည်က ဒေါ်နီလို့ ခေါ်သတဲ့။ တစ်နေ့ ဒေါ်နီအထံမှ အကြွေးယူခဲ့ရာ အကြွေးပေးရမည့် ရက်တိုင်အောင် အကြွေးမဆပ်နိုင်ဖြစ်နေသည်။ ပထမတစ်ခေါက် လာတောင်းတော့ နောက်သုံးရက်လောက် ရွှေ့ဆိုင်းလိုက်ရသည်။ နောက်သုံးရက်ပြည့်လည်း မပေးနိုင်ပါ။ နောက်ထပ် ရက်ရွှေ့ရပြန်ပါသည်။ အကြွေးရှင် ဒေါ်နီခမျာ သည်းမခံနိုင်ရှာတော့ပေ။ မျက်နှာကတင်းလာလေပြီ၊ စကားသံကလည်း မာကြောလာချေပြီ၊



ဒါနဲ့ နောက်ရက်ချိန်းပေးလိုက်သော နေ့မှာလည်း မပေးနိုင်ဖို့ ရာနှုံးများနေချေပြီ။ ဒါကြောင့် လင်မယားနှစ်ယောက် ခေတ္တ ရှောင်လွှဲခွင့်ရအောင် အကြံထုတ်ရတော့သည်။ ဟုတ်ပြီ တို့အိမ်ကို ဒေါ်နီ အကြွေးလာတောင်းသည့်နေ့မှာ တို့သားလေးကိုပဲ အိမ်မှာထားခဲ့မယ်။

ဒေါ်နီမေးလျှင် ဖြေတတ်အောင်သားကလေးကို စကား သင်ထားခဲ့မယ်ဟု တွေးပြီး …..

သားလေး အကြွေးလာတောင်းတဲ့ ဒေါ်နီ ရောက်လာလျှင် တို့ကို မတွေ့လျှင် ဒေါ်နီက မင်းကို မင့်းအဖေ ဘယ်သွားလဲလို့ မေးလိမ့်မယ်၊ ဒီတော့ မင်းက အဖေဘုန်းကြီးကျောင်းဥပုသ်စောင့်သွားတယ်…ဟု ပြန်ဖြေလိုက်၊ ဘယ်အချိန် ပြန်လာမလဲလို့ မေးရင် ဒါတော့ ကျုပ်မပြောတတ်ဘူး၊ တစ်ခါတလေဆို ဘုန်းကြီးနဲ့ အိပ်နေတာဗျ…လို့ ဖြေပါ။

ပြီးတော့ တို့မွေးထားတဲ့ ကြက်တွေ ဘဲတွေတွေ့ရင် အကြွေးသိမ်းသွားနိုင်တယ်၊ အဲဒီနေ့ရောက်ရင် ကြက်တွေဘဲတွေကိုလည်း ခြံထဲက မောင်းထုတ်ထား၊ ခြံထဲမှာ ကြက်တွေ ဘဲတွေ မတွေ့ရင် သူကမေးလိမ့်ဦးမယ်။ ဟိုကောင်တွေ ကော ဘယ်ရောက်သွားလဲလို့ မေးချင် မေးမှာ ဒီတော့ မင်းက ဒါဘယ်သိမလဲဗျ တိရစ္ဆာန်ပဲ သူသွားချင်တဲ့ နေရာ သွားမှာပေါ့လို့ ပြန်ဖြေလိုက်နော်။ ဒီလောက်နဲ့ ပြီးမှာ မဟုတ်သေးဘူး၊ ဒါဖြင့် ဒီပြဿနာ ဘယ်လိုရှင်းကြမလဲ လို့ မေးရင်၊ ဒါတော့ ဘယ်သိမလဲဗျ၊ အဖေလုပ်ထားတဲ့ ကိစ္စပဲ ၊ သူ့ပြဿနာ သူကြည့်ရှင်းမှာပေါ့ဟု သာ ဖြေလိုက်တော့ကွာ။

နောက်တစ်နေ့ အကြွေးရှင် ဒေါ်နီတစ်ယောက် အကြွေးတောင်းလာခဲ့လေပြီ။ အိမ်မှာရောက်တော့ လူကြီးတွေကို မတွေ့ရ၊ ကလေးတစ်ယောက်ကိုသာ တွေ့လေလျှင် ….. ဟဲ့ သားလေး မင်း အမေ ဘယ်သွားလဲ၊ ဘုန်းကြီးကျောင်းဥပုသ်စောင့်သွားပါတယ်ခင်ဗျ၊

ဟယ် ဒါဖြင့် ဘယ်အချိန်ပြန်လာမလဲ

ဒါတော့ မသိဘူးခင်ဗျ၊ တခါတရံ သူက ဘုန်းကြီးနဲ့ အိပ်ချင် အိပ်နေတာ ဟု ဖြေလိုက်သတဲ့……….။

ဒါနဲ့ ဒေါ်နီလည်း အိမ်ခြံထဲ ဟိုဟို ဒီဒီ ကြည့်ပြီး အမှတ်တမဲ့ မေးလိုက်ပုံက ဒါဖြင့် မင်းအဖေကော ဘယ်သွားနေလဲ၊

ကလေးငယ်က ဘဲတွေကြက်တွေ မေးတယ်ထင်ပြီး…

ဒါတော့ တိရစ္ဆာန်ပဲဗျာ သူသွားချင်ရာ သွားမှာပေါ့တဲ့……….

သူတို့နှစ်ယောက် ပြောဆိုနေခိုက် ကိုယ်ဝန်အရင့်အမာကြီးနဲ့ အဒေါ်ကြီးတစ်ယောက် ရေတောင်းသောက်ဖို့ ထိုအိမ်ထဲသို့ ၀င်ရောက်လာသည်။ ဒါကို ဒေါ်နီက မပေါ့မပါးနဲ့ အဒေါ်ကြီးရဲ့ ဗိုက်ကို လက်ညှိုးထိုးပြီး ဟဲ့ ကောင်မ….. နင် ဒီကိစ္စကို ဘယ်လိုရှင်းမလဲ။ (ဆေးရုံမှာ မွေးမလား၊ အိမ်မှာတင် မွေးမလားဆိုတဲ့ အဓိပ္ပါယ်ပေါ့)။ မေးသံကို ကြားတော့ ကောင်လေးခမျာ သူ့မေးတယ်ထင်ပြီး အဖေသင်ပေးထားတဲ့ အတိုင်း……

ဒါက အဖေ့ကိစ္စလေ……….

သူ့ကိစ္စ သူကြည့်ရှင်းမှာပေါ့။…………….

သူယောက်ျားပဲလေ……………………………ဟူသည်တည်း


FWD mail

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...