Ads (728x90)





ဖိလစ်ပိုင်နိုင်ငံ ကျူဇွန်ပြည်နယ်က ဗီလာ အက်စ်ကူဒဲရို ဆိုတဲ့ အပန်းဖြေနေရာလေးကတော့ သွားရောက် လည်ချင့်စဖွယ်နေရာလေးပါ။ ကျယ်ဝန်းတဲ့ အိမ်နဲ့ခြံတွေမှာ အေးအေးဆေးဆေး အနားယူနိုင်သလို အဓိကစိတ်ဝင်စားဖို့အကောင်းဆုံး နေရာလေးကတော့ ရေတံခွန် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ သစ်ရွက်သစ်ခက်တွေနဲ့ ပြင်ဆင်ထားတဲ့ စားဖိုမှုးတွေရဲ့ ဒေသခံ အစားအသောက် ပြင်ဆင်မှု့၊ ၀ါးထိုင်ခုံလေးတွေနဲ့ ရေတံခွန်းကြီးအောက်မှာ ရေတံက ကျလာတဲ့ စမ်းရေလေးတွေထဲကို ခြေထောက်ချပြီး နေ့လည်စားစားရတဲ့ အရသာဟာ ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။

အက်စ်ကူဒဲရိုရဲ့ အပန်းဖြေ အိမ်လေးတွေကလည်း သဘာဝအတိုင်းကို ၀ါးတွေနဲ့ ခင်းထားတဲ့ အဖီလေးအောက်မှာ အေးအေးဆေးဆေးအနားယူရင်း သဘာဝရဲ့ ငြိမ်သက်မှုကို ခံစားနိုင်ပါသတဲ့။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...