Ads (728x90)

 



၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းအား ပဏာမကစားသမား (၂၈)ဦးဖြင့် ရွေးချယ်ဖွဲ့စည်းလိုက်သည်။ လက်ရွေးစင်အသင်းနည်းပြချုပ် ပက်ဆောင်ဟွာ၏ ရွေးချယ်မှုတွင် ရာဇာဝင်းသိန်း၊ခင်မောင်လွင်၊ရန်ပိုင်၊မိုးဝင်း၊သီဟစည်သူ၊အောင်သိုက် စသည့်အတွေ့အကြုံ

ရှိကစားသမားများ ပါဝင်လာသကဲ့သို့ ထွန်းလင်းစိုး၊အောင်ချမ်းမိုး၊မျိုးဇော်ဦး၊အောင်ဇော် စသည့်ကစားသမားများလည်း ပါဝင်လာခဲ့သည်။
ဟံသာဝတီ နောက်ခံလူ အောင်ဇော်၊ မနောမြေ ဂိုးသမား ထွန်းလင်းစိုး တို့မှာ လက်ရွေးစင်လူစာရင်းတွင် ယခုမှသာ စတင်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး
ဒဏ်ရာကြောင့် (၄)လနီးပါး အနားယူခဲ့ရသည့် မနောမြေဂိုးသမား ထွန်းလင်းစိုးမှာ ပြီးခဲ့သည့်ဇွဲကပင်နှင့်ပွဲတွင် စတင်ပွဲထွက်ခဲ့ခြင်းဖြစ်ပြီး ပက်ဆောင်
ဟွာ၏ ရွေးချယ်ခြင်းခံခဲ့ရသည်။


ပဏာမ မြန်မာ့လက်ရွေးစင်အသင်း

ဂိုး - သီဟစည်သူ၊ ထွန်းလင်းစိုး၊ ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်

နောက်
- အောင်သိုက်၊ မိုးဝင်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ ရန်အောင်ဝင်း၊ သက်နိုင်၊ ပြည့်ဖြိုးအောင်၊ သိန်းသန်းဝင်း

လယ်
- ရဲဇော်ထက်အောင်၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ နိုင်လင်းဦး၊ အောင်ချမ်းမိုး၊ ဒေးဗစ်ထန်း၊ ကြည်လင်း၊ ပိုင်စိုး၊ နန္ဒလင်းကျော်ချစ်၊
မျိုးဇော်ဦး

ရှေ့
- ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ရန်ပိုင်၊ စိုးမြတ်သူ၊ ကောင်းစည်သူ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...