Ads (728x90)



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ဌာနခွဲတာဝန်ခံတစ်ဦးဖြစ်သည့် ဦးကိုကိုသိန်းသည် လာမည့် ၂၀၁၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်
General Coordinator တစ်ဦးအဖြစ် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)၏ တာဝန်ပေးခြင်းခံရကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဗီယက်နမ်
နိုင်ငံတွင် နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(က)တွင် အိမ်ရှင် ဗီယက်နမ်၊
စင်ကာပူ၊ဖိလစ်ပိုင် တို့နှင့်တစ်အုပ်စုတည်း ကျရောက်နေသည်။ ဦးကိုကိုသိန်းသည် ပြည်တွင်းတွင် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲအချို့တွင်လည်း ပြိုင်ပွဲကြီးကြပ်သူ (Match
Commissioner-MC) အထွေထွေညှိနှိုင်းကြီးကြပ်သူ (General Coordinator-GC) )အဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သဖြင့် အတန်အသင့် အတွေ့
အကြုံရှိသူတစ်ဦးဖြစ်ပြီး ယခုပြိုင်ပွဲမှာ ၄င်းအတွက် ပထမဆုံးဆောင်ရွက်မည့် ပြည်ပ ပွဲစဉ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြည်ပသို့ MC, GC တာဝန်များဖြင့် ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်ခဲ့သူများမှာ အထွေထွေအတွင်းရေးမှူး
ဦးတင်အောင်နှင့် ဖူဆယ်နှင့်သင်တန်းရေးရာဌာန တာဝန်ခံ ဦးရဲထွဋ်တင် တို့ဖြစ်ကြပြီး ဦးကိုကိုသိန်းမှ တတိယမြောက် တာဝန်ပေးအပ်ခြင်းခံရသူ
ဖြစ်လာသည်။

 

မြန်မာနေရှင်နယ် လိဂ် ဆိုဒ်မှပြန်လည်ကူးယူဖော်ပြပါသည် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...