Ads (728x90)


2012 AFF Suzuki Cup ပြိုင်ပွဲအတွက် ရွေးချယ်ဖွဲ့စည်းထားသည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် သြဂုတ်လ(၁၅)ရက်နေ့ ညနေ
(၄း၀၀)နာရီ၊ အောင်ဆန်းကွင်းတွင် မြန်မာနေရှင်နယ်လိဂ် MNL All Star အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
MNL All Star အသင်းကို မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှ နိုင်ငံခြားသား ကစားသမားများနှင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရတနာပုံအက်ဖ်စီ
အသင်းနည်းပြ ဘော်ဂတ်စ်မှ နည်းပြချုပ်အဖြစ်တာဝန်ယူကိုင်တွယ်ပေးမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးကို အထူးတန်း ၂၀၀၀
နှင့် ရိုးရိုးတန်း ၁၀၀၀ ကျပ်သတ်မှတ်ထားပြီး ရရှိသည့် ကွင်းဝင်ကြေးကို မသန်စွမ်းအားကစားသမားများအတွက် ရံပုံငွေပွဲအဖြစ် လှူဒါန်းသွားမည်
ဖြစ်သည်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်းအား ကိုရီးယားနည်းပြပက်ဆောင်ဟွာက တာဝန်ယူကိုင်တွယ်မည်ဖြစ်ကာ ယမန်နေ့က ကစားသမား(၂၈)ဦးစာရင်း
ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

 မြန်မာနေရှင်နယ် လိဂ် ဆိုဒ်မှပြန်လည်ကူးယူဖော်ပြပါသည် ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...