Ads (728x90)


ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ဘူးသီးတောင်၊ မောင်တောရှိ အကြမ်းဖက်ဘေးဒဏ်သင့် ရခိုင်တိုင်းရင်းသားများကို ကျပ်သိန်း ၄၅၀၀ ကျော်ခန့် လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ပြောခွင့်ရဆရာတော် ဒေါက်တာသောပါကက The Voice သို့ မိန့်ကြားသည်။

“ဦးဇင်းတို့ ဒါယကာ ဒါယိကာမတွေနဲ့ ဆရာတော် သံဃာတော်များရဲ့ လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၄၅၀၀ ကျော်ရတယ်။ အဲ့ဒီငွေတွေအားလုံးကို အကြမ်းဖက်ဘေးဒဏ်သင့် ရခိုင်တိုင်းရင်းသားတွေထံ လှူဒါန်းသွားမှာ ဖြစ်တယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ ဖောင်ဒေးရှင်းမှ ရခိုင်တိုင်းရင်းသားများထံ လှူဒါန်းမှု ပြုလုပ်ရာတွင် ကိုယ်တိုင်သွားရောက် လှူဒါန်းရန် ရခိုင်ပြည်နယ်အစိုးရမှ တစ်ဆင့် ပြုလုပ်သွားမည်ကြောင်း ဒေါက်တာသောပါကက မိန့်သည်။

ဓာတ်ပုံ - ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း

J-07
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...