Ads (728x90)



ရန်ကုန် (မဇ္ဈိမ)။    ။ လှိုင်သာယာ စက်မှုဇုံ ၄ ရှိ မြူးနယ်စူး(SMK) အထည်ချုပ်စက်ရုံမှ လုပ်သားတစ်ထောင်ခန့်သည် မရမ်းကုန်း မြို့နယ် အလုပ်သမားညွန်ကြားရေး ဦးစီးဌာနရုံးရှေ့တွင် သောကြာနေ့က လစာတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုလျက်ရှိသည်။
 
အလုပ်သမားများသည် လှိုင်သာယာစက်မှုဇုန်ရှိ ၎င်းတို့အလုပ်လုပ်သည့်စက်ရုံမှ မနက် ၇နာရီကျော်မှ စတင်ကာ မရမ်းကုန်းအလုပ်သမားရုံးရှေ့သို့ လမ်းလျှောက်ချီတက်လာခဲ့ကြခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ (SMK) အထည်ချုပ်စက်ရုံရှိ အလုပ်သမား တစ်ထောင်ကျော်တို့သည် ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတွင် လစာတိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုပြုလုပ်နေသည်ကို ၂၀၁၂ စက်တင်ဘာလ (၇)ရက် နံနက် ၁၀း၃၀ အချိန်တွင် တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

လက်ရှိတွင် အဆိုပါအလုပ်သမားများသည် လုပ်ခလစာ ကျပ်ငါးသောင်းနှင့် ခြောက်သောင်းကြား ရရှိလျှက်ရှိ ကြပြီး ၎င်းတို့က လက်ရှိလစာထက် ကျပ်သုံးသောင်းခန့်တိုးမြှင့်ရရှိလိုသည်ဟု မဇ္ဈိမကိုပြောသည်။
 
ယင်းအထည်ချုပ်စက်ရုံတွင် လုပ်သက် ရှစ်နှစ်ခန့်ရှိပြီး လစာ ခုနှစ်သောင်းတစ်ထောင်ကျပ်သာ ရရှိသည့် အမည်မဖော်လိုသူ အလုပ်သမတစ်ဦး  အဆိုအရ စက်ရုံအတွင်းရှိ အလုပ်ကြပ်(Supervisor) အဆင့်ရှိဝန်ထမ်းများကို ယခုလတွင် လစာလေးသောင်းကျပ် တိုးမြှင့်ပေးသော်လည်း
အောက်ခြေဝန်ထမ်းများကိုများကိုမူ ကျပ် ၅၀၀ မှ ၁၅၀၀ အထိသာ တိုးမြှင့်ပေးကြောင်းသိရသည်။

မရမ်းကုန်း မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများက အလုပ်သမားများ ဆန္ဒထုတ်ဖော်ခြင်းသည် တရားဝင်ခွင့်ပြုချက်ရယူထားခြင်းမရှိသဖြင့် ပြဿနာကို အမြန်ဆုံးဖြေရှင်းပြီး လူစုခွဲရန် အလုပ်သမားများကို ပြောကြားခဲ့သည်။
 
မရမ်းကုန်းမြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အရာရှိတစ်ဦးက အလုပ်သမားများ၏ လိုလားချက် များကို မြို့နယ်အလုပ်သမားကြီးကြပ်စစ်ဆေးရေးကော်မတီထံ တင်ပြတောင်းဆိုရန်၊ မြို့နယ်အဆင့်တွင် အဆင်ပြေမှုမရရှိမှသာ တိုင်းခုံသမာဓိသို့ တိုင်ကြားရန် အလုပ်သမားများကိုဖြောင်းဖျပြီး စက်ရုံသို့ ပြန်ရန် ပြောကြားသည်။
 
သို့သော် အလုပ်သမားများက စက်ရုံသို့ ပြန်ရန် ငြင်းဆန်ပြီး စက်ရုံမှ စက်ရုံမှုးကို မရမ်းကုန်းမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးသို့ခေါ်ယူညှိနှိုင်းပေးရန်တောင်းဆိုလျှက်သည်။
 


ကျော်ဖုန်းကျော်၊ သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၀၁ နာရီ ၅၄ မိနစ် 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...