Ads (728x90)

..........................................................................................
ဒီထက် အာရုံစိုက်ရမှာက
(၁) ယနေ့ လက်ပံတောင်းတောင်
် တွင် လယ်သမားများနှင့် ဦးပိုင်/တရုတ် တို့ ဖြစ်နေသော မတရားလယ်သိမ်းမှု ပဋိပက္ခ အခြေအနေ အထူးတင်းမာနေကြာင်း သိရပါသည်.။ ဦးဝင်းချို U Win Cho ဆီမှလည်း မည်သည့်အသံမှာ မကြားရသေး
ပါ..။ ဦးဆောင်အကူအညီပေးသူများထဲမှာ ကိုဝေဠု အဖမ်းခံရပြီး အခြားလူများကို ဖမ်းဆီးရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်..။

(၂) ကချင်တွင် တိုက်ပွဲများ ကြီးမားပြင်းထန်လာနေသဖြင့် မြစ်ကြီးနားသို့ ရထားလမ်းအဆက်အသွယ် ဖြတ်တောက်လိုက်ပြီဖြစ်ပါသည်..။ ဒုက္ခသည်များလည်း ပိုမိုတိုးပွားလို့ နေပါသည်..။

(၃) ရခိုင်ကိစ္စတွင် ဘင်္ဂလီနှင့် ရခိုင်များအား ဒီအတိုင်း ခွဲထားမည်လော၊ ပေါင်းမည်လော၊ မြို့သစ်တည်မည်လော၊ နယ်သစ်ပေးမည်လော..။ ဘင်္ဂလားသို့ ပြန်လွှတ်မည်လော အစရှိသည်တို့ကို လွှတ်တော်တွင်လည်း မည်သူမျှ အဆိုတင် မဆုံဖြတ်ခဲ့ကြပါ..။ အစိုးရမှလည်း ..ဥပဒေများ၊ အမိန့်များကို ယခုထက်ထိ အကောင်အထည်မပေါ်သေးပါ..။ လွှတ်တော်နှင့်အစိုးရမှာ ပွင့်လင်းမြင်သာစွာ ပြည်သူကို Plan ချမပြသေးပါ...။ ကုလ အထွေထွေ ညီလာခံတွင် OIC မှ လက်ဦးဖို့ အလားအလာ များစွာ ရှိနေပါသည်..။

လွှတ်တော်ကြီးတော့ပြီးသွားပါသည်..။ အာဏာလွန်ဆွဲရင်းဖြင့် ဟန်မဆောင်နိုင်စွာ ကိုယ်တိုင် ဆန္ဒမဲပေးခဲ့သော ခရိုနီအားပေး လွှတ်တော်ဥက္ကဌကြီးကတော့ ပြုံးနိုင်သွားသည့်အဖြစ်က လွဲပြီး ပြည်သူ့အတွက် ..မည်သို့မျှ ထူးခြားမလာပါ..။ လွှတ်တော်မှ ပြုပြင်ရေးဆွဲအတည်ပြုပြီး သမ္မတမှ မနေ့တနေ့က ပြဌာန်းပေးခဲ့သော လယ်ယာမြေဥပဒေသည် လက်ပံတောင်းတောင်ကိစ္စတွင် ဦးပိုင်နှင့် တရုတ်ကြီးသို့ အသုံးပြုသော လယ်သမားများ ဘ၀ပျက်စေသည် နှစ်ပေါင်းများစွာ အာဏာတည်ခဲ့သည့် လ/န (၃၉) မြေယာအသုံးပြုခွင့်အမိန့် ကိုပင် ပျက်ပြယ်ခြင်းငှာ မစွမ်းသာခဲ့ပါ..။
..................................
ထို့အတူ (သတင်းစာပါ စာသားများအရ) တရုတ်ပြည်၏ ရင်းနှိးမြုပ်နှံမှုကို ကာကွယ်ရာမှ အစပြုခဲ့သော ကေအိုင်အေနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးပျက်ပြားရမှု အခြေအနေမှ ယခုအချိန်အထိ ပိုမိုဆိုးရွားခဲ့သော ပည်တွင်းစစ်ပုံစံ ဖြစ်ပွားနေရခြင်းကို အစိုးရနှင့် လွှတ်တော်မှ မည်သို့မျှ မဆောင်ရွက်နိုင်ခဲ့ပါ..။
......................................
လွှတ်တော်ကြီးကတော့ အောက်တိုဘာတောင် ပြန်စဖို့ မသေချာပါ။ သို့သော် ... ရက်လေးဆယ်လောက် ကြိုးစားခဲ့ရတဲ့ ဖြုတ်ထုတ်ပွဲကြီးအောင်မြင်သွားလို့ အပြောကောင်းသူကြီးကတော့ ကျေနပ်သွားပါပြီ..။ ပြည်သူ့အတွက် အဆိုကောင်းများ၊ ကချင်ပြည်နယ် ဒုက္ခသည်ကိစ္စ အရေးပေါ်အဆိုများ နှောင့်နှေးသွားတာကတော့ သေချာပါသည်..။

လက်ပံတောင်းတောင်က လယ်သမားတွေ ခမျာ မှာတော့ ... လွှတ်တော်ကို အားကိုးတကြီး တိုင်ကြားဖို့ စာတွေစီရင်း.........။ တရားဥပဒေကို လေးစားလိုက်နာပါလို့ စာတန်းတင် ကြွေးကြော်ရင်းနဲ့ပဲ......လွှတ်တော်ပြီးစီးသွားတာကို ငေးမောကြည့်ရင်းနဲ့သာ....။
 
By:
ငရဲ သား

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...