Ads (728x90)


ရန်ကုန် (မဇ္ဈိမ) ။        ။ မိုဘိုင်းဖုန်းများ အတွက် ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များကို နှစ်ပတ်အတွင်း
ရောင်းချပေးသွားမည် ဖြစ်သည် ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း က ပြောကြားခဲ့ကြောင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက အတည်ပြု ပြောကြားသည်။

မိုဘိုင်းဖုန်း အမျိုးအစားအားလုံးဖြစ်သည့် ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၄၅၀ နှင့် စီဒီအမ်အေ ၈၀၀ တို့အားလုံးအတွက် ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက "ရက်အတိအကျ မပြောနိုင်သေးပေမယ့် နှစ်ပတ်အတွင်းတော့ ဖြစ်မှာပါ။ ထုတ်ပြီးပြီ ဆိုရင်လည်း ဈေးကွက်ထဲမှာ
ဖြန့်ချီပေးမှာပါ" ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိချထားပေးသော မိုဘိုင်းဖုန်းကတ် ဈေးနှုန်းများမှာ
မြန်မာကျပ်ငွေဖြင့် ငွေဖြည့်ကတ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း ကတ်များ ရှိပြီး အက်ဖ်အီးစီ ငွေဖြည့်ကတ်များမှာ ၁၀ နှင့် ၂၀ တန် ကတ်များ ဖြစ်သည်။

လူကြီးမင်း မိုဘိုင်း အရောင်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင်က “ငါးထောင်တန် ငွေဖြည့်ကတ် ထွက်မယ် ဆိုရင်တော့ သုံးစွဲသူတွေ အတွက် ပိုအဆင်ပြေပါတယ်။ မြန်မာနိုင်ငံ အနေအထားနဲ့ ဆိုရင် ငါးထောင်ဆိုတာတော့ ဝယ်လိုအားများမယ် ထင်ပါတယ်။” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြိုတင်ငွေဖြည့်ကတ်ဖြင့် အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းများကို ကျပ်ငါးသိန်းဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ချထားပေးခြင်းဖြစ်ပြီး စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဖုန်းများဖြင့် စတင်ချထားပေးခြင်း ဖြစ်သည်။
 
တင်ဇာအောင် | သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်    

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...