Ads (728x90)




ရန်ကုန် (မဇ္ဈိမ)။    ။ ရန်ကုန်မြို့ လမ်းမတော်(၁)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ချိုဂက်စ်ဆိုင် (အိမ်သုံးမီးဖိုများတွင် ထည့်သွင်းသည့် ဂက်စ်ဖြည့်သွင်းသည့်ဆိုင်) မှ စတင်၍ မီးလောင်ကျွမ်းမှု
ဖြစ်ပွားလျှက်ရှိသည်။ ဆိုင်အတွင်း ရှိနေသော ဂက်စ်အိုးများ ဆက်တိုက်ပေါက်ကွဲနေဆဲဖြစ်ပြီး နံဘေးရှိတိုက်ခန်းများသို့ မီးကူးစက်ခြင်းမရှိသေးပေ။

ရန်ကုန်လမ်းမတော်မြို့နယ် ၁ လမ်းနဲ့ ကမ်းနားလမ်းဒေါင့် ပုဂ္ဂလိက ဂတ်စ်ဆိုင် “ချို” တွင် ယနေ့ မွန်းလွဲ ၁ နာရီ ခွဲအချိန်တွင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။ (ဓါတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

မီးသတ်ကား ၂၅စီးခန့်ရောက်ရှိနေပြီး ငြိမ်းသတ်မှုများပြုလုပ်လျှက်ရှိသည်။ ဂတ်စ်အရောင်းဆိုင် ၀န်ထမ်းတဦး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည်ဟု သတင်းရရှိထားသည်။ ဓာတ်ငွေ့အိုး ယိုစိမ့်မှုက စတင်သည်ဟု မီးသတ်အရာရှိတဦးက ခန့်မှန်းထားသည်။
 
မဇ္ဈိမသတင်းဌာန၊ သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၃၁ မိနစ် 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...