Ads (728x90)


စစ်တွေ (မဇ္ဈိမ)   ။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိသည်။

 ဒေါက်တာမျိုးမြင့်ခေါင်းဆောင်သည့် ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦးလိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုသည်။

ကော်မရှင်သည် စစ်တွေ၊ကျောက်တော်၊မြောက်ဦး၊ရသေ့တောင်၊မောင်တော၊ပေါက်တော၊တောင်ကုတ်၊ရမ်းဗြဲနှင့်ကျောက်နီမော် တို့တွင် စုံစမ်းစစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့ထိဆောင်ရွက်သွားမည်ဖြစ်သည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအ၀င် လေးဦးတို့ စက်တင်ဘာ ၉ရက်နေ့တွင် စစ်တွေ သို့ ဆက်လက် ရောက်ရှိကာ လက်ရှိ အဖွဲ့နှင့်ပူးပေါင်းဆောက်ရွက်သွားမည်ဖြစ်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်များမှာ လာရောက်နိုင်တော့မည်မဟုတ်ကြောင်း
သိရသည်။

ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် သြဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းတာဝန်အပ်နှင်းထားပြီး၊ ငြိမ်းချမ်းရေးအတွက် ရေတိုရေရှည် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ကိုးကွယ်သည့်ဘာသာမတူညီသော လူမျိုးစုများအကြား ယှဉ်တွဲနေ ထိုင်ေ ရး   နှင့် ဆောင်ရွက်သင့်သည်များကို ရက် ၃၀ အတွင်းသမ္မတထံသို့ပြန်လည်တင်ပြရမည်ဖြစ်သည်။
 
သိန်းလှိုင်၊ သောကြာနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၅ မိနစ် 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...