Ads (728x90)



အာဆယ်နယ် ကွင်းလယ်လူ ဂျက်ဝီရှိုင်းယား လာမည့် အောက်တိုဘာလထိ ကစားနိုင်ဖွယ်မရှိ
အာဆယ်နယ် ကွင်းလယ်လူ ဂျက်ဝီရှိုင်းယား လာမည့် အောက်တိုဘာလထိ ကစားနိုင်ဖွယ်မရှိ
အာဆယ်နယ်အသင်း၏ အားထားရသော ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် ၀ီရှိုင်းယားမှာ အောက်တိုဘာလထိ ကစားနိုင်ဖွယ် မရှိသေးကြောင်း အာဆယ်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးမှ ပြောကြားသွားခဲ့သည်။ အာစင်ဝင်းဂါးမှာ ခြေကျင်းဝတ် ဒဏ်ရာဖြင့် ၁ နှစ်ခန့် အနားယူနေခဲ့ပြီးဖြစ်သော ၀ီရှိုင်းယား ပြန်ကစားနိုင်မည့် အချိန်ကို တိတိကျကျ ပြောကြားနိုင်ခြင်း မရှိသေးပေ။

အာစင်ဝင်းဂါးက ၀ီရှိုင်းယားအနေနဲ့ အောက်တိုဘာလ အတွင်းမှာတော့ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ် အဘူဒီယာဘီ ပြန်ကစားနိုင်မှာနဲ့ဆိုတော့ ကစားသမားသစ်
နှစ်ယောက်ကို ခေါ်ယူစာချုပ်ခွင့် ရသလို ဖြစ်လာပါလိမ့်မယ် ဒီရာသီအတွက် ကလပ်အသင်းအနေနဲ့ ပိုပြီးတောင့်တင်းပြီး ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားလာလိမ့်မယ်ထင်ပါတယ်
ဟုပြောကြားသွားခဲ့သည်။ ၀ီရှိုင်းယားမှာ ၄င်း၏ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီ တစ်ခုလုံး လွဲချော်ခဲ့ရပြီး လာမည့်သြဂတ်လအတွင်း အပေါ့စား လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်မည်ဟု သိရှိရသည်။ အောက်တိုဘာလအတွင်းတွင်မှ အနီးစပ်ဆုံး ပြန်လည်ကစားနိုင်မည်ဖြစ်သဖြင့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် နှစ်ပွဲကိုလည်း လွဲချော်ရမည်ဖြစ်သည်။
Translated by : လွင်ထွန်း
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်
Copy By: PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...