Ads (728x90)



အဒမ်လို သူရဲဘောကြောင်သူ တစ်ယောက်ဆီကနေ ဘယ်လိုတောင်းပန်မှုမျိုးကိုမှ ကျွန်တော် မလိုလားပါဘူး (ဂါရတ်ဘေလ်)
အဒမ်လို သူရဲဘောကြောင်သူ တစ်ယောက်ဆီကနေ ဘယ်လိုတောင်းပန်မှုမျိုးကိုမှ ကျွန်တော် မလိုလားပါဘူး (ဂါရတ်ဘေလ်)
လီဗာပူးလ်နှင့် ခြေစမ်းခဲ့သော် ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ချာလီအဒမ်၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သူ စပါးအသင်း၏ တောင်ပံ ကစားသမား ဂါရတ်ဘေလ်က အဒမ်အား စိတ်ဆိုးဒေါသထွက်လျှက် ရှိနေပြီး သူရဲဘောကြောင်သူ တစ်ဦးဟု သမုတ်ခဲ့ကာ ၄င်းထံမှ မည်သည့် တောင်းပန်မှုမျိုးမှ မလိုချင်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

ဘေလ်က "'ဒီလို အရေးမပါတဲ့ ခြေစမ်းပွဲမှာတောင် သူ့ရဲ့ အန္တာရယ်များတဲ့ ဖျက်ထုတ်မှုကို ရင်ဆိုင်လိုက်ရတာ ကျွန်တော် အံ့အားတောင်သင့်ပါတယ်.. အခုချိန်ဟာ ကျွန်တော်တို့လို ကစားသမားတွေအတွက် ကြံ့ခိုင်မှု ပြည့်ဝဖို့ တည်ဆောက်နေရတဲ့ အချိန် ဖြစ်သလို အသင်းအတွက် စုစည်းမှု အားကောင်းအောင် ကြိုးပမ်းနေတဲ့ အခြေအနေ တစ်ခုပါ.. ဒါပေမယ့် သူရဲ့ ရင်ဆိုင် ယှဉ်ပြိုင်မှုက ဘောင်တစ်ခုကို ကျော်လွန်ခဲ့ပါတယ်... အချို့လူတွေက ဒါမျိုးကို နှစ်သက်နေကြပါတယ်... တကယ်တမ်းတော့ ဒါဟာ မှားယွင်းမှု တစ်ခုပါပဲ.. သူ ကျွန်တော့အပေါ် ဘယ်လို ကျူးလွန်ခဲ့တယ် ကျွန်တော့ရဲ့ ခြေကျင်းဝတ်ကို ဘယ်လို နင်းခဲ့တယ်ဆိုတာ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဓါတ်ပုံတွေက သက်သေပါပဲ.. ကျွန်တော် အခု သုံးလလောက် ကွင်းအပြင်ကို ရောက်နေရတော့မယ်.. ကျွန်တော်ထင်ပါတယ် သူဟာ သတ္တိနည်းတဲ့ သူရဲဘောကြောင်သူ တစ်ယောက်ပါပဲ.. အခုချိန်ထိတော့ သူ့ဆီက တောင်းပန်မှု ဒါမှမဟုတ် ၀မ်းနည်းပါတယ် ဆိုတဲ့ စကားမျိုး မကြားရသေးပါဘူး... အရိုးသားဆုံး ပြောရရင်တော့ သူ့ဆီကနေ ဘယ်လို တောင်းပန်မှုမျိုးကိုမှ ကျွန်တော် လက်မခံပါဘူး... ဘာလို့လဲဆိုတော့ ကျွန်တော်အပေါ် သူ့ရဲ့ ကျူးလွန်မှုဟာ ဒုတိယမ္ပိတောင် ရှိနေခဲ့လို့ပါပဲ" ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
Translated by : ၀င်းမင်းဆန်း                                                                           www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်  Copy By: PunkGhost      

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...