Ads (728x90)



ရွန်နီနှင့် တန်းတူ လစာငွေ ပေါင်၂သိန်း၂သောင်းနှူန်း ရပါက ဗန်ပါစီ မန်ယူသို့ ပြောင်းမည်
ရွန်နီနှင့် တန်းတူ လစာငွေ ပေါင်၂သိန်း၂သောင်းနှူန်း ရပါက ဗန်ပါစီ မန်ယူသို့ ပြောင်းမည်
အာဆယ်နယ်အသင်း၏ ထိပ်တန်းတိုက်စစ်မှူး ဗန်ပါစီသည်  ရွန်နီရရှိနေသည့် လစာငွေအတိုင်း ပေါင် ၂သိန်း၂သောင်း တန်းတူ ရရှိပါက မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရှိရသည်။ ရွန်နီသည် မန်ယူအသင်းတွင် လစာငွေ အမြင့်မားဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဗန်ပါစီမှာ အာဆယ်နယ်အသင်း၏ တစ်ပတ်လုပ်ခ ပေါင် ၁သိန်း၃သောင်းနှူန်းဖြင့် ကမ်းလှမ်းမူကို ပယ်ချထားသည်။ ၂၀၀၅ခုနှစ်တွင် အာဆယ်နယ်အသင်းနှင့်အတူ အက်အေဖလား ရရှိပြီးသည့်နောက်ပိုင်း မည်သည့် ဖလားတစ်လုံးမှ ရရှိခဲ့ခြင်း မရှိသည့်အတွက် မန်ယူအသင်းသို့ ဆုဖလားများ ရရှိရန် ပြောင်းရွှေ့လိုခြင်း ဖြစ်ကြောင်း သို့သော် ရွန်နီနှင့် တန်းတူလစာ ရရှိရန် လိုလားကြောင်း Sunday Express သတင်းစာတွေ ဖော်ပြထားသည်။

အာဆယ်နယ်အသင်းမှာ ၄င်းတို့၏ စတားပလေယာအတွက် ပေါင်သန်း ၃၀ ခန့်အလိုရှိနေသော်လည်း လာမည့်နှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့်အပြင် အသက်၂၉ အရွယ်သို့ ရောက်ရှိတော့မည်ဖြစ်သည့် ဗန်ပါစီအတွက် မန်ယူ၊ မန်စီးတီး၊ ဂျူဗင်တပ်စ် သုံးသင်းစလုံးမှ ယင်းငွေပမာဏအား ပေးချေလိုခြင်း မရှိပေ။ မန်စီးတီးအသင်းနည်းပြ မန်စီနီမှာ ဗန်ပါစီအား ခေါ်ယူလိုနေသော်လည်း ၄င်းတွင်ရှိသည့် တိုက်စစ်မှူးများအား ရောင်းထုတ်ပြီးမှသာ
ခေါ်ယူခွင့်ရမည်ဖြစ်သဖြင့် ကလပ်အသင်း ဘုတ်အဖွဲ့ဝင်များနှင့် အချေအတင် စကားပြောရလျက်ရှိနေသောကြောင့် ဗန်ပါစီအား ခေါ်ယူခွင့်ရရှိရန် မန်ယူအသင်းမှ အခွင့်အရေးအသာစီး ရလျက်ရှိနေသည်။ အာဆယ်နယ်အသင်းအနေဖြင့် ဗန်ပါစီ ထွက်ခွာသွားပါက အသင်း၏ လူစာရင်းအား တောင့်တင်းမူရှိစေရန် ဖန်တီးမူ စွမ်းရည်မြင့်မားသော မာလာဂါ အသင်းကွင်းလယ်လူ အသက် ၂၇နှစ်အရွယ် ကာဇိုလာအား ပေါင် ၁၅ သန်းခန့်ဖြင့် ရရှိရေး ကြိုးပမ်းလျက်ရှိသည်။
Translated by : လွင်ထွန်း
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည်

Copy By: PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...