ပရီမီးယားလိဂ်
လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းရဲ့ ခေါင်းဆောင် ဗင်းဆင့်ကွန်ပနီဟာ
အသင်းရဲ့ အရှေ့အာရှ ခြေဆန့် ခရီးစဉ် မပြီးဆုံးမှီမှာပဲ ခြေသလုံးဒဏ်ရာ
ရရှိခဲ့တာကြောင့် စောစီးစွာ ပြန်လာခဲ့ရတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်..
တရုတ်နိုင်ငံ ဘေဂျင်းမြို့ရဲ့ ငှက်သိုက်ကွင်းမှာ ပရီမီးယားလိဂ် ပြိုင်ဘက်
အာဆင်နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲမှာ ကွန်ပနီဟာ
ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး မန်စီနီကတော့ ကွန်ပနီအနေနဲ့ မလေးရှားကို
ရင်ဆိုင်မယ့်ပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝနိုင်ခြင်း မရှိဟု
ခန့်မှန်းသုံးသပ်ခဲ့တာကြောင့် အခုလို စောစီးစွာ အင်္ဂလန်ကို ပြန်စေခဲ့တာပဲ
ဖြစ်ပါတယ်... အသင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ကွန်ပနီရဲ့
ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိလို့ ကာလရှည်ကြာ အနားယူရမည့် အဖြစ်မှ
ကင်းလွတ်ခဲ့သော်လည်း ရာသီအစပိုင်းမှာတော့ ပါဝင်ကစားနိုင်ခြင်း ရှိမှာ
မဟုတ်ဘူးလို့ သိရှိရပါတယ်... ဒီကစားသမားဟာ မကြာသေးမှီကမှ အသင်းနဲ့
သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားနိုင်ခဲ့တဲ့ အသင်းရဲ့ ခေါင်းဆောင်ကောင်း
တစ်ယောက် ဖြစ်ပါတယ်....
|
||||||
|
Advertiser
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။