Ads (728x90)





သို
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
သမ္မတရုံး၊နေပြည်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေ့စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်။

အကြောင်းအရာ။ ။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုးနှင့် ပတ်သတ်သော သမ္မတကြီး၏သဘောထား ကြေငြာချက်အပေါ် အလေးအနက်ထားထောက်ခံခြင်း။

“ လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျာ ”

ကျွန်ုပ်တို့မြန်မာနိုင်ငံအတွင်းရှိရို ဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုးများနှင့်ပတ်သတ်သော ၁၂၊၇၊၂၀၁၂နေ့စွဲပါ သမ္မတကြီး၏ သဘောထားကြေငြာချက်အပေါ် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားရေးအဖွဲ့အစည်းများနှင့် ရွေ့ပြောင်းမြန်မာအလုပ်သမားများ အားလုံးမှ လှိုက်လှိုက် လှဲလှဲကြိုဆို ထောက်ခံအပ်ပါကြောင်း ရှေ့ဦးစွာပြောလိုပါသည်။

၁၉၈၄နှစ် မတိုင်ခင်ကတည်းက ရောက်ရှိနေသူများနှင့် ယင်း၏အမျိုးဆက်သုံးဆက်လောက်ကို မှနိုင်ငံသားအဖြစ် လက်ခံနိုင်သည်ဆိုခြင်းမှာ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး တည်ဆဲဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ခံယူပါသည်။ တချိန်တည်းမှာပင် အထက်ပါသတ်မှတ်ချက်များနှင့် မကိုက်ညီသူများကို UNHCRမှ တာဝန်ယူကူညီစောင့်ရှောက်ပေးရန်နှင့် တတိယနိုင်ငံများမှ လက်ခံမည်ဆိုပါကလည်း ပို့ဆောင်းပေးရန်သမ္မတကြီး၏ တင်ပြတောင်းဆိုမှုများမှာလည်း လျှော်ကန်သင့်မြတ်မှုရှိသည်ဟု ဆင်ခြင်သုံးသပ်မိပါသည်။ သို့ရာတွင် UNHCR တာဝန်ရှိသူမှ၎င်းတို့၏ မူဝါဒနှင့်မကိုက်ညီသဖြင့် တာဝန်မယူပေးနိုင်ကြောင်း ငြင်းဆိုမှုအပေါ် ကျွန်ုပ်တို့မြန်မာပြည်သူလူထုအတွက် စိတ်မကောင်းစရာဖြစ်၍ နိုင်ငံတော်အနာဂါတ်ကိုရှေ့ရှုးကာ အလေးအနက်ထားဖြေရှင်း ဖို့လိုအပ်သည်ဟုလည်းသမ္မတကြီးအား အကြံပြုလိုပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဥက္ကဌ) ဒေါ်အောင်ဆန်းစုကြည်မှလည်း ရိုဟင်ဂျာဆိုသူများကို သူမမသိကြောင်း၊ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် မရှိကြောင်းကိုနော်ဝေနိုင်ငံ အော်စလိုသတင်းစာရှင်း လင်းပွဲ၌ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်းများ သတင်းစာရှင်းလင်းပွဲတွင်လည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ သူတို့၏ ရှင်းလင်းပြတ်သားသော သဘောထားအမြင်များကို ပြတ်ပြတ်သားသားပြောကြားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့သတင်းမီဒီယာများကမူ လူ့အခွင့်အရေးကိုရှေ့တန်းတင်၍ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများဘက်မှ ရပ်တည်ပြောကြားနေသည်မှာ ကျွန်ုပ်တို့မြန်မာလူမျိုးများအတွက် မခံမရပ်နိုင်စရာ ဖြစ်နေရပါသည်။ တစ်ဆက်တည်းမှာပဲ ဤရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများ၏ကိစ္စသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခါစမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအား အနှောက်အယှက်တစ်ခုဖြစ်သလို မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်လည်း အေးချမ်းတည်ငြိမ်သော ဘ၀ရပ်တည်မှုကိုထိခိုက်၍ မြန်မာနိုင်ငံတော်၏ တည်မြဲသောအချုပ်အခြာအာဏာကို ထိပါးစော်ကားနေသည်မှာ သမ္မတကြီးလည်း အသိဖြစ်ပါသည်။ ထို့ကြောင့်နိုင်ငံတော် သမ္မတကြီးအနေဖြင့် နိုင်ငံတော်လုံခြုံအေးချမ်းရေးနှင့် စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းသွားနိုင်ဖို့အတွက် ဤရိုဟင်ဂျာအမည်ခံဘင်္ဂါလီများ၏ကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထိုင်းနိုင်ငံရောက်မြန်မာ့ဒီမိုကရေစီလှုပ်ရှားရေးအဖွဲ့များနှင့် ထိုင်းနိုင်ငံအခြေစိုက်မြန်မာတိုင်းရင်းသားအဖွဲ့ပေါင်းစုံများ၏အောက်ပါအကြံပြုတိုက်တွန်းချက်များကို စဉ်းစားလုပ်ဆောင်ပေးပါရန် မေတ္တာရပ်ခံ အကြံပြုပြောကြားအပ်ပါသည်။

တိုက်တွန်းအကြံပြုချက်များ

၁) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှုး ဦးလှစောတင်ပြတောင်းဆိုခဲ့သလို ရခိုင်သမိုင်းပညာရှင်များ၊ မြန်မာသမိုင်းပညာရှင်များနှင့် န်ုင်ငံတကာသမိုင်းပညာရှင်များအား စုပေါင်း၍နိုင်ငံတော်အစိုးရမှ ဦးဆောင်ဦးရွက်ပြုလုပ်ကာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအကြောင်း သမိုင်းရှင်းလင်းပွဲပြုလုပ်ပေးပါရန်။

၂) ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား မြန်မာနိုင်ငံတော်၏ တည်ဆဲလ၀ကဥပဒေနှင့်အညီ တိတိကျကျစီစစ်၍ နိုင်ငံသားမဟုတ်သူများကို တရားဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ပေးပါရန်။

၃) မြန်မာနိုင်ငံ၏လုံခြုံရေးနှင့် ကာကွယ်ရေးအတွက်ဘင်္ဂလား + မြန်မာနယ်စပ်ကို နယ်ခြားစောင့်တပ်သီးသန့်ဖွဲ့စည်းပြီး စနစ်တစ်ကျပြင်ဆင်ပြု လုပ်ပေးပါရန်။

ပါဝင်သောအဖွဲ့အစည်းများ

၁) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ထိုင်းဌာနခွဲ (ALD-Exile Thailand)

၂) ပြည်ပရောက် ကရင်အမျိုးသားကျောင်းသားများ အဖွဲ့ (O.K.N.S.O)

၃) ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ (O.N.S.O)

၎) ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (A.H.R.D.O)

၅) ကချင် အမျိုးသမီးအဖွဲ့ (K.W.O)

၆) ရခိုင့်မျိုးချစ်စိတ်ဖွံ့ဖြိုးမှု ပန်းတိုင်အသင်း (G.R.P.D.C)

၇) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအသင်း (B.A.T)

၈) ရခိုင်ဝံသာနုစာပေအသင်း (R.P.L.C)




သမ္မတကြီးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာ၍ သက်တော်ရှာတော်ရှည်ပါစေ။


arakantimes.burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...