|
မိုဒရစ် ပေါင် ၃၆ သန်းဖြင့် ရီးယဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် စပါးအသင်း သဘောတူညီခဲ့ရပြီ...
ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကလည်း မော်ရင်းဟို၏ ကြယ်စင်စု အသင်းနှင့် ချိတ်ဆက်ရန် အဆင်သင့်ရှိနေသူ ဖြစ်ရာ ယခုအပြောင်းအရွှေ့ကို တွန်းအားဖြစ်စေခဲ့သည်။ မိုဒ၇စ်အနေဖြင့် အသင်းပြောင်းခွင့် ရလိုနေသဖြင့် စပါးအသင်း၏ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွင် လိုက်ပါရန်ကိုပင် ငြင်းပယ်ခဲ့သူ ဖြစ်သည်။ မော်ရင်းဟိုကလည်း မိုဒရစ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးခေါ်ယူလိုနေသူ ဖြစ်ရာ စပါးအသင်းနှင့် ဆွေးနွေးပြီးသည်နှင့် သဘောတူညီမှုရရှိအောင် စီစဉ်ပေးခဲ့သည်။ လွန်ခဲ့သောနှစ်ကလည်း ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် စိုင်းပြင်းခဲ့သူ အသက် ၂၆ နှစ်ရှိ မိုဒ၇စ်၏ အပြောင်းအရွှေ့ ဇာတ်လမ်းမှာ တစ်စခန်းရပ်ခဲ့ပြီ ဖြစ်သလို လာမည့်ရာသီသစ်တွင် မိုဒရစ်ကို ရီးယဲမက်ဒရစ်အသင်း ၀တ်စုံဖြင့် ဘာနေဗျူးကွင်းအတွက် တက်ကြွစွာ ကစားနေပုံကို မြင်တွေ့ရတော့မည် ဖြစ်သည်။ |
|||||||||
|
Advertiser
Subscribe to:
Post Comments (Atom)

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။