Ads (728x90)





ဘာင်္ဂလားဒေ့ခ်ျ အခြေစိုက် ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)မှ ရခိုင်ပြည်တွင်း အဓိကရုဏ်းအပေါ်မှာ လာရောက်လည်ပတ်သော မစ္စတာကင်တားနားကို ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် စာတစ်စောင် ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)မှ မစ္စတာကင်တားနားထံသို့ ပေးပို့လိုက်သော စာတစ်စောင်ကို ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက စာရွက်ထဲတွင်ပါသော အကြောင်းအရာကို အကျဉ်းချုပ် ရှင်းပြသည်။

“ မစ္စတာ ကင်တားနား လာရောက်သည့်အပေါ်မှာ ရခိုင်တိုင်းရင်းသားများမှ ကြိုဆိုကြောင်းနှင့် ဘယ်သူ့ ကြောင့် ဘယ်သူတွေ အမှန်တကယ် ဒုက္ခရောက်နေကြရသည်ကို သေချာစီစစ်၍ မှန်ကန်သော Report တစ်ခု ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ နောက်ပြီး နယ်စပ်မြို့နယ် (၃)ခု ဖြစ်တဲ့ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်တို့ မှာ ရခိုင်ပြည်ရဲ့လူဦးရေ လူများစုက လူနည်းစု ဘာကြောင့် ဖြစ်လာရသလဲ၊ စီစစ်ဖို့ နှင့် ရခိုင်ပြည်မှာ တစ်ခြားသောလူမျိုးများပါ နေထိုင်ပါလျှက် ရိုဟင်ဂျာဆိုသူ မူဆလင်များနှင့်သာ ဘာကြောင့် အဓိကရုဏ်းတွေ ဖြစ်နေရသလဲ စသည့်အချက်များကို သေချာစွာစစ်ဖို့  ကမ္ဘာ့ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့ များကို မေတ္တာရပ်ခံ ထားပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်ရဲ့ မူလရခိုင်တွေ ရခိုင်မြေပေါ်မှာ လုံခြုံစိတ်ချစွာနဲ့ အေးချမ်းသာယာစွာ နေထိုင်နိုင်ဖို့  မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် ပြောသောစကားကို အလေးထားသင့်ကြောင်းနှင့် ဘင်္ဂလားဒေ့ခ်ျ ၀န်ကြီးချုပ် ချက်ဟာချီနာ၊ နိုင်ငံခြားရေးဝန်ကြီး ဒီပူမူနီတို့ ပြောသော စကားတွေကို အလေးထားစဉ်းစား လုပ်ဆောင်ဖို့လိုအပ်ကြောင်း ပြောထားပါတယ်။ ” ဟု ဆရာမ ဒေါ်စောမြရာဇာလင်းက ပြောပြသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)သည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒါးကားမြို့တွင် ဗဟိုဌာနချုပ်ရုံးကိုထားရှိပြီး အမေရိကန်နိုင်ငံ၊ အိန္ဒိနိုင်ငံ၊ ထိုင်းနိုင်ငံစသော နိုင်ငံများတွင် ဌာနခွဲများကိုလည်း ထားရှိကြောင်း သိရသည်။
 
arakantimes.burmese
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...