အာဆယ်နယ်အသင်း၏
နည်းပြဖြစ်သူ အာစင်ဝင်းဂါးမှာ ၄င်း၏ အသင်းအား ရာသီသစ်အတွက် စိတ်ကြိုက်
ပြင်ဆင်ခွင့် မရခဲ့မူကြောင့် စိုးရိမ်ပူပန်မူများ ရှိနေကြောင်း
ပြောကြားလိုက်သည်။ ဟောင်ကောင်ချန်ပီယံ ကစ်ချီ အသင်းနှင့် ၂
ဂိုးစီသရေကျခဲ့သည့် ခြေစမ်းပွဲအပြီးတွင် ပင်ပန်းနွမ်းနယ်နေသော
အာဆယ်နယ်အသင်းမှာ လန်ဒန်သို့ ပြန်လာရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပရီမီးယားလိဂ်
အဖွင့်ပွဲစဉ်မတိုင်မီ ခြေစမ်းပွဲ ကစားရန် တစ်ပွဲသာ ကျန်ရှိတော့ပြီး အသင်း၏
ပထမဦးစားပေး ကစားသမားများမှာ ခြေစမ်းပွဲ တစ်ပွဲမျှ မကစားရသေးသူများ
ကျန်ရှိနေသေးသည်။ အကြောင်းပြချက်အမျိုးမျိုးဖြင့် ပထမဦးစားပေး
ကစားသမားများအား လန်ဒန်တွန် ချန်ရစ်ထားခဲ့ရခြင်းကလည်း အာဆယ်နယ်အသင်း၏
ရာသီကြို ပြင်ဆင်မူများအတွက် များစွာထိခိုက်ခဲ့ရသည်။
အသစ်ခေါ်ယူထားသည့် ကစားသမားများဖြစ်သော ပိုဒေါ်စကီးနှင့် အိုလီဗာဂီရော့ တို့မှာ ရာသီစပွဲစဉ်များတွင် ပါဝင်နိုင်ဖွယ် မရှိသေးပဲ ကစားသမားဟောင်းများဖြစ်သည့် ဗန်ပါစီနှင့် သီယိုဝဲလ်ကော့တို့၏ အနာဂတ်မှာလည်း မရေမရာဖြစ်လျက်ပင် ရှိနေသေးသည်။ ပြီးခဲ့သည့် နှစ်ရာသီ မစတင်မီက အာဆယ်နယ်အသင်း၏ ရာသီကြိုပြင်ဆင်မူများမှာ နာဆရီ၊ ဖာဘရီဂတ်စ်တို့၏ အပြောင်းအရွှေ့ ဂယက်များကြောင့် များစွာထိခိုက်ခဲ့ရပြီး ရာသီစ ရလာဒ်များ ကျဆင်းခဲ့ရသည့် သာဓက ရှိခဲ့ဖူးသည်။ |
|||||||
|
Advertiser
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။