ရော်ဘင်ဗန်ပါစီကို
လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့အရေး မန်ယူ၊ ဂျူဗင်တပ်စ်တို့နှင့်အတူ
လေထန်ရေဆန် တိုက်ပွဲနှင့် ရင်ဆိုင်နေရသည်ဟု မန်စီးတီးအသင်း နည်းပြ ၀န်ခံ
ထို့အတူပင် အာဆင်နယ်လ်အသင်းကလည်း ဟော်လန် လက်ရွေးစင် ဗန်ပါစီကို အသင်းတွင် အနည်းဆုံး နောက်ဆုံးနှစ်အဖြစ် စာချူပ်သက်တမ်း ကုန်ဆုံးသည်အထိ ဆက်နေရန် မျှော်လင့်သေးသည်။ သို့သော်လည်း ပေါင်သန်း ၂၀ ဖြင့် ထွက်ခွါမည် ဆိုလျှင်မှု ယခုနှစ်ရာသီတွင်ပင် ရောင်းထုတ်တော့မည်လည်း ဖြစ်သည်။ ဖြစ်ပေါ်လာနေသော အခြေအနေများကို မန်စီးတီးအသင်းကစောင့်ကြည့်နေသည်ဟု မန်စီးတီးအသင်းက ၀န်ခံလိုက်ခြင်း ဖြစ်သည်။ "ခင်ဗျားအနေနဲ့ မန်စီးတီးအသင်း အကြောင်း ပြောနေတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ ဂျူဗပ်တပ်စ် အသင်းတွေအကြောင်းလည်း ပြောသင့်တယ်။ ဒီနှစ်သင်းက အလိုရှိနေတဲ့ ကစားသမားကို အခြားအသင်း အသင်းတစ်သင်းသင်းက ခေါ်ယူချင်တယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးလိုက်ခြင်းဘဲ ဖြစ်တယ်။ သူတို့ဟာ ထိပ်တန်း အသင်းတွေပါ။ ဘာတွေဖြစ်လာမယ် ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပေါ့။ သူ့ကို ခေါ်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်း ရှိမယ်ဆိုရင် ကျွန်တော်တို့ကလည်း ရသလောက် အစွမ်းကုန် ကြိုးစားမှာပါ။ ဗန်ပါစီဆိုတာ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူး တစ်ဦးဘဲလေ။ အခုအချိန်အထိတော့ သူဟာ အာဆင်နယ်ကစားသမား တစ်ယောက်ဘဲ ဖြစ်နေပါတယ်။ အာဆင်နယ်လ် ဆိုတာလည်း ထိပ်တန်းအသင်းကြီးပါဘဲ။ ဗန်ပါစီမှ မဟုတ်ဘူး အခြားကစားသမားတွေကလည်း အာဆင်နယ်လ်ကို စွန့်ခွါဖို့ ဆိုတာ မလွယ်ဘူး။" ဟု မန်စီးနီက ပြောကြားခဲ့သည်။ မန်စီးတီးအသင်း အနေဖြင့် ယခုနှစ် နွေရာသီ ဘောလုံးရာသီ မပိတ်မှီ လက်ကျန် တစ်လ အချိန်အတွင်း ကစားသမားသစ် နှစ်ဦး သို့မဟုတ် သုံးဦးခန့် ခေါ်ယူနိုင်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။ |
||||||
|
Advertiser
Related Posts
- Aung Kyaw Soe08 Aug 2016ပထမကစားသမားနေရာအတွက် ပေါ့ဂ်ဘာ တိုက်ပွဲဝင်ရလိမ့်မည်ဟု မော်ရင်ဟို ပြော
မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဂ်ဘာအနေဖြင့် အသင်းတွင် ပထမကစားသမားနေရာရ...
- Aung Kyaw Soe08 Aug 2016ဂျူဗင်တပ်စ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ဆေးစစ်ဖို့ သဘောတူခွင့်ပြု
(ဓာတ်ပုံ - အီးပီအေ) ကမ္ဘာ့စံချိန်တင် ...
- Aung Kyaw Soe08 Aug 2016အီဘရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုးနဲ့ မန်ယူအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး
(ဓာတ်ပုံ - အီးပီအေ) မန်ချက်စတာယူနိုက...
- Aung Kyaw Soe08 Aug 2016ဘာကာနောက်တန်းလူ ဗာမယ်လန် ရိုးမားသို့ ပြောင်းရွှေ့
skysports ဘာစီလိုနာနောက်တန်းလူ ဗာမယ်လန်သည် ရိုးမားအသ...
- Aung Kyaw Soe08 Aug 2016ပေါ့ဂ်ဘာ မန်ယူတွင် ဆေးစစ်မှုခံယူ
Getty Images မန်ချက်စတာ - ဂျူဗင်တပ်မှ မန်ယူသို့ပြောင်းရွှေ့မှု...
- Aung Kyaw Soe08 Aug 2016အီရတ်ကို ထပ်မံသရေကျခဲ့၍ အိုလံပစ်အိမ်ရှင်ဘရာဇီးအသင်း ကိုယ့်ပရိသတ်များ၏ ပြန်လည်လှောင်ပြောင်ခြင်းခံရ
ရီယိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီးအသင်းသည် အီရတ်အသင်းနှင့် ဂိုးမရှိသရေက...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။