Ads (728x90)


စာရေးသူရဲ့ ငယ်သူငယ်ချင်းနဲ့ ဟိုတလောက fbပေါ်မှာပြန်တွေ့တော့ သူတို့နေခဲ့တဲ့ ခြံကြီးမှာ သရဲမွေးထားတဲ့ အကြောင်းပြန်ပြောဖြစ်ကျရင်း သူကိုယ်တိုင် အခြောက်ခံခဲ့ရတဲ့ အကြောင်းလေးပါ ပြောပြခဲ့ပါတယ်…
###########################

စာရေးသူရဲ့ဇာတိဖြစ်တဲ့ ကနောင်မြို့က စာရေးသူ အဖွားတို့ အိမ်နဲ့ သုံးအိမ်ကျော်မှာ ရှိတဲ့ ခြံကြီးမှာ သရဲမွေးထားတယ်ဆိုတာ စာရေးသူ ငယ်စဉ် ကနောင်မြို့မှာ နေခဲ့စဉ်တည်းက ကြားဖူးခဲ့ပါတယ်…အဲဒီခြံက အရမ်းကို ကျယ်ပါတယ်…စာရေးသူ မိဘတွေက အဲဒီခြံကြီးထဲကို သွားမကစားဖို့ အမြဲလိုလိုပြောပေမယ့်…ကလေးသဘာဝ လစ်ရင် တစ်ခါတလေ သွားဆော့ဖြစ်ခဲ့ပါတယ်…အဲဒီခြံကြီးထဲမှာက စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ရယ် စာရေးသူရဲ့ အကိုရဲ့ သူငယ်ချင်းတစ်ယောက်ပါနေကျတယ်…အဲဒီခြံကြီးမှာ သရဲေ့ခြာက်တယ် အစိမ်းပက်တယ်ဆိုတဲ့ သတင်းတွေကလည်း ခဏခဏ ကြားနေကျပါ…ကလေးဆိုတော့ ကြောက်ရမှန်းမသိသေးဘူးလေ…တစ်ခါတလေ လူကြီးတွေလစ်ရင် သွားဆော့ဖြစ်ပါတယ်…

အဲဒီခြံကြီးထဲကို ညမိုးချုပ်မပြောနဲ့ ညနေ နေစောင်းချိန်ဆိုရင်တောင် အပြင်လူ ဘယ်သူမှ ဖြတ်မသွားရဲအောင်ကို ခြောက်လှန့်တယ်လို့ နာမည်ကြီးပါတယ်…

ဘာရွယ်ရွယ်ချက်ကြောင့် သရဲမွေးတာလည်းဆိုတာတော့ သေချာမသိပေမယ့် လူကြီးတွေရဲ့ အဆိုအရ သူငယ်ချင်းတွေ အဖွားရဲ့ အရင် အဲဒီခြံပိုင်ရှင်တွေ လက်ထက်ကတည်းက သရဲတွေကို ခိုင်းစားဖို့ မွေးခဲ့တာလို့ သိရပါတယ်…မွေးထားတဲ့ သရဲတွေက ၃ကောင်ပါ…သုံးကောင်ထဲက တစ်ကောင်ကတော့ အဲဒီခြံကြီးရဲ့ အရင်ပိုင်ရှင်ရဲ့ သမီးလို့လည်း သိရပါတယ်…အဲဒီ ခြံရှင်ရဲ့ သမီးက မြစ်ထဲမှာ ရေနစ်သေသွားတာကို သူတို့ခြံထဲ ပြန်ခေါ်ပြီး မွေးထားတာလို့သိတဲ့ လူတွေက ပြောပြကျပါတယ်…ကျန်တဲ့ ၂ကောင်က သဘက်တွေပါတဲ့…

ဒီနေရာမှာ နည်းနည်းလောက်ရှင်းပြပါ့မယ်…အစိမ်းပက်တယ်ဆိုတာ သိတဲ့ သူလည်း ရှိသလို မသိသေးတဲ့ သူတွေများမယ်လို့ ထင်ပါတယ်…ကျနော် စာတွေရေးနေဖတ်နေတဲ့ သူတောင် သရဲစာတော်တော်များများမှာ အစိမ်းပက်တယ်ဆိုတာကို မဖတ်ဖူးခဲ့ပါဘူး…တနေ့ကမှ gpထဲမှာ မန်ဘာတစ်ယောက်ရေးတာကို တွေ့လိုက်ရပါတယ်…သရဲအကြောင်းတော်တော်များများဖတ်ဖူးပေမယ့် အစိမ်းပက်တယ်ဆိုတာကို မတွေ့ရလို့ အစက ကျနော်တို့ အရပ်က အခေါ်အဝေါ်တစ်ခုပဲ ဖြစ်မယ်…သူများတွေ မသိလောက်ဖူးလို့ ထင်ခဲ့ပါသေးတယ်…

အစိမ်းပက်တယ်ဆိုတဲ့ အကြောင်းကို စာရေးသူ သိသလောက်ပြောပြရရင်…သရဲ တစ္ဆေတွေက သူတို့နေတဲ့ နေရာနားကို လာတာ ဖြတ်သွားဖြတ်လာလုပ်တာကို မကြိုက်လို့ လှန့်တာ ခြောက်တာနဲ့ ဝင်ပူးတာမျိုးပါ…အဲလို အစိမ်းပက်ခံရပြီဆိုရင် ခံရတဲ့ သူဟာ ကြက်သီးတွေထလာတာ…ခေါင်းတွေကြီးသွားသလို ခံစားရတာတွေ ဖြစ်ပြီး လန့်ဖျားဖျားတာတွေ ဖြစ်တတ်ပါတယ်…အကောင်အထည်ကို ပြတာရှိသလို အကောင်အထည်မမြင်ရပဲ …စိတ်ထဲက သူ့အလိုလိုကြောက်လန့်အောင် လုပ်လွှတ်ခံရတာမျိုးပါ…အသည်းငယ်သူတွေဆို ဖျားတောင်ဖျားတတ်ပါတယ်…ကံနိမ့်မှလည်း အဲလို အစိမ်းပက်ခံရတာမျိုးပါ…ခြုံပြောရရင်တော့ သရဲက ပြုစားခြောက်လှန့်လိုက်တာမျိုးတွေထဲက တစ်မျိုးကို အရပ်ဒေသအခေါ် အဝေါ်လိုက်ပြီး အစိမ်းပက်တယ်လို့ ခေါ်ဝေါ်ကျတာပါ…စာရေးသူ သိသလောက် ရှင်းပြခြင်းဖြစ်တဲ့ အတွက် လွဲချော်မှု့ လိုအပ်မှု့လေးတွေပါရင် နားလည်ပေးစေချင်ပါတယ်…

နောက်တစ်ခုက သဘက် ကိစ္စပါ…ကြားဖူးကျမယ်လို့တော့ ထင်ပါတယ်…သရဲကြီးရင်သဘက်ဆိုတဲ့ စကားကိုပေါ့…သရဲ တစ္ဆေအဖြစ် နှစ်ပေါင်းများစွာနေလာရာက သရဲမှာ အစွမ်းအစတွေ တိုးလာခြင်းမျိုးပါ…သာမာန်သရဲတွေထက် ပိုပြီး ကြောက်ဖို့ကောင်းသလို နှိမ်နင်းဖို့လည်း ခက်လာတဲ့ သရဲအမျိုးအစားတစ်မျိုးပါ…လွယ်လွယ်နားလည် အောင်ပြောရရင် စီနီယာကျတဲ့ နှစ်ချို့သရဲ ဆိုပါတော့…

ခြံကြီးအကြောင်းကို ပြန်ဆက်ရရင်…

အဲဒီခြံကြီးထဲမှာ မွေးထားတယ်ဆိုတဲ့ သရဲ၃ကောင်မှာ အရင်ခြံရှင်တွေရဲ့ သမီးသရဲမက လွဲရင် ကျန်တဲ့ သရဲ၂ကောင်ဟာ သဘက်အဆင့်အထိ ရောက်နေတဲ့ ဝါရင့်သရဲတွေဖြစ်နေကျပါပြီ…နှစ်ပေါင်းများစွာ မွေးမြူလာခဲ့တယ် ဆိုပါတော့…သရဲမွေးတဲ့ ခြံရှင်တွေက ပြောင်းသွားပြီး ကျနော်တို့ သူငယ်ချင်း အဖွားဖြစ်သူတွေ လက်ထက်ကျတော့ နှင်ထုတ်လို့မရတော့တာကြောင့် ဆက်ပြီးမွေးထားရပါတယ်…၁၅ရက် တစ်ခါ အမဲသား ၃ပိဿကျွေးရတယ်လို့လည်း သူငယ်ချင်းပြောပြလို့ ကြားဖူးပါတယ်…ခြံကြီးက ကျယ်လွန်းတာကြောင့် အစောင့်အဖြစ်ဆက်ပြီး မွေးထားလိုက်ကျတယ်…အိမ်သူအိမ်သားတွေကို မနှောင့်ယှက်ဖို့ တောင်းပန်ထားပြီး ဆက်မွေးထားကျတာမျိုးပါ…

ခြံကြီးက ခန့်မှန်းခြေ ဘောလုံးကွင်း ၂ကွင်းစာလောက်ရှိမယ်ထင်ပါတယ်…ခြံထဲမှာလည်း အိမ် ၄အိမ်လား ၅အိမ်လား ရှိပါတယ်…သေချာမမှတ်တော့ပါ…ရေတွင်းတွေ လည်း ၂တွင်း ၃တွင်းလောက် ရှိပါတယ်…အိမ်တွေ ၄၊၅ အိမ်လောက်ရှိနေတာတောင် နေရာအလွတ်တွေ အများကြီးရှိနေပြီး ခြံကြီးဟာ အရှေ့ဘက် တာလမ်းမကြီးကနေ အနောက်ဖက် ဆေးရုံဘက်ကို သွားတဲ့ လမ်းအထိပေါက်ပါတယ်…ဖြတ်လမ်းတစ်ခုလို ဖြစ်နေပေမယ့် ဖြတ်သွားတဲ့ သူနည်းပါတယ်…အမှန်က မသွားရဲကျလို့ပါ…အိမ်သားတွေနဲ့ လယ်စာရင်း ငှားလာလုပ်သူတွေကို မခြောက်လှန့်ဖို့ သရဲတွေကို ပြောထားပေမယ့်…တချို့ အခြောက်ခံရတဲ့ အိမ်သားတွေနဲ့ စာရင်းငှား တစ်ချို့လည်း သရဲအခြောက်ခံဖူးကျပါတယ်…သူတို့ကိုတော့ဆိုးဆိုးဝါးဝါးခြောက်တာမျိုးမဟုတ်ပဲ ကျီစယ်ယုံ သက်သက် စပြီး ခြောက်တာမျိုးပါ…သူငယ်ချင်းဖြစ်သူရဲ့ အကို အရက်မူးပြီး ကောက်ရိုးပုံပေါ် တက်အိပ်မိရာက မနက်လင်းတော့ ခါးမှာ ဝတ်ထားတဲ့ ပုဆိုးပျောက်နေတာ သိရလို့ အိမ်ပြန် ပြေးရင်း အိမ်တံခါးကို ခေါက်တော့ အိမ်သားတွေနိုးလာပြီး မီးဖွင့်မယ် လုပ်တော့ မီးမဖွင့်နဲ့ မီးမဖွင့်နဲ့ ငါ့ကို ပုဆိုးတစ်ထည် မြန်မြန်ပေးဆိုပြီး ပုဆိုးတောင်းဝတ်ရတယ်တဲ့…မီးဖွင့်လို့ကလည်း မဖြစ်ဘူးလေ…သူ့မှာက ပုဆိုးမှ မပါတာ… မနက်မိုးလင်းတော့မှ ပုဆိုးလိုက်ရှာတော့ ပုဆိုးက ဝါးရုံပင်ပေါ်ရောက်နေတာ တွေ့ရတယ်ဆိုတဲ့ ကိစ္စကလည်း ကျနော်တို့ ငယ်ငယ်က အတော်လေးနာမည်ကြီးခဲ့တဲ့ အဖြစ်တစ်ခုပါ…
မူးပြီး ကောက်ရိုးပုံပေါ်အိပ်မိသူ တစ်ခြားလူတွေလည်း အဲလိုဖြစ်ဖူးကျတယ် ဆိုတာ အဲဒီအချိန်ကျမှ သိကျရပါတယ်…ဘယ်သူမှ နောက်ထပ် မအိပ်ရဲတော့ပါဘူး…

စာရေးသူ ငယ်သူငယ်ချင်း ပြောပြတဲ့ သူအခြောက်ခံရတဲ့အကြောင်းကတော့…
••••••••
အဲဒီနေ့က ငါ …သူရနိုင်တို့ အိမ်ဘက်ကို သွားလည်ပြီးပြန်တော့ နောက်ကျနေတယ်…အချိန်က ည ၁၂နာရီထိုးနေပြီ…သူရနိင်တို့ အိမ်က င်္သချိုင်းကုန်းနားမှာဆိုတော့ …ပြန်တော့ င်္သချိုင်းကုန်းနားက ဖြတ်ပြန်ရတယ်…င်္သချိုင်းကုန်းနားက ဖြတ်ပြန်တာ မကြောက်ပေမယ့် ငါ့ခြံငါပြန်ဝင်ရမှာတော့ လန့်နေမိတယ်…ဟိုတလောကမှ ငါ့အဖေက ပြောထားတာ ''မင်း အချိန်မရှိမှ ပြန်ပြန်လာတာ ဘယ်နေ့ သရဲနဲ့ တွေ့မလဲ မသိဘူး'' တဲ့…အဖေပြောတုန်းက ပြန်တောင်နောက်လိုက်သေးတယ်…သရဲတွေနေတာက ခြံအနောက်ဖက်မှာ သားတို့ အရှေ့ဘက်ကို မလာပါဘူးဆိုပြီး ''…မျက်နှာပါ ပြောင်လိုက်သေးတယ်…

ဒါပေမယ့် အဲဒီညက ပြန်လာတော့ အဖေပြောတာကို ပြန်ကြားယောင်ပြီး ခြံနားရောက်လေ လန့်လေ ဖြစ်နေတယ်…ခြံထဲကို ဝင်တဲ့ လမ်းအတိုင်းကြောက်ကြောက်နဲ့ လျှောက်လာတုန်း ခြံပေါက်ဝမှာ မိန်းမတစ်ယောက် ရပ်နေတာ လှမ်းမြင်လိုက်တယ်…ငါထင်လိုက်တာက ငါ့အမေ ငါအပြန်နောက်ကျလို့ ခါတိုင်းလို ထွက်စောင့်နေတယ် ထင်လိုက်တာ…အရင်ကလည်း စောင့်နေကျလေ…စိတ်ထဲမှာတော့ သိပ်မသင်္ကာတာနဲ့ ငါလည်း ခဲတစ်လုံးကောက်ပြီး ထပ်လျှောက်လာလိုက်တယ်…အဲဒီညက လပြည့်ည…ဆိုတော့ လရောင်အောက်မှာ အဲဒီ မိန်းမကို အတိုင်းသားမြင်နေရတယ်…ငါလည်း ခပ်လှမ်းလှမ်းရောက်လာရော…အဲဒီမိန်းမက ကြောခိုင်းပြီး ခြံထဲဝင်သွားတာတွေ့လိုက်တယ်…သူသွားတာက လေထဲမှာ သစ်ရွက်တစ်ရွက်လွင့်သွားသလိုကို သွားနေတာ…အဲဒီအချိန်ထိ သရဲခြောက်နေတယ်ဆိုတာ ငါလည်း သဘောမပေါက်သေးဘူး…ငါ့ အမေပဲ ထင်ပြီး မေမေလို့တောင် ခေါ်လိုက်သေးတယ်…သူနဲ့ ငါ သိပ်မဝေးတော့တာကြောင့် ငါခေါ်တာ သူကြားတယ်…ဒါပေမယ့် ပြန်မထူးဘူး…ထပ်ခေါ်လည်း မထူးဘူး…

ငါလည်း လန့်ပြီး အော်လိုက်မိတယ်…''ဟေ့ ဘယ်သူလည်း ရပ်စမ်း… မရပ်ရင် ခဲနဲ့ ထုလိုက်မယ်…''
ငါလည်း အော်လိုက်ရော…အဲဒီ မိန်းမက ရပ်သွားပြီး ငါ့ဘက်လှည့်လာတယ်…သူလှည့်လာတာကိုမြင်တော့ ငါလည်း ရပ်ကြည့်နေမိတယ်…အဲဒီ မိန်းမမျက်နှာက ဗြောင်ကြီး မျက်လုံး နှာခေါင်း ပါးစပ် ဘာတစ်ခုမှ မပါဘူး…သူ့မျက်နှာကြီးမြင်ပြီး ခဲနဲ့ ထုဖို့နေနေသာသာ လန့်ပြီး ထအော်ပြီးပြေးတာ ဘယ်ပြေးတယ် ထင်လဲ…အဲဒီသရဲမ ရပ်နေတဲ့ ဘက်တည့်တည့်ကြီးကို မျက်စိမှိတ်ပြီး အော်ရင်းပြေးတာ…''ဖေကြီး မေကြီး ကယ်ပါအုံး…သရဲခြောက်နေလို့ ''ဆိုပြီး အသံကုန်ဟစ်ပြီး အော်ပြေးတာ အိမ်က တစ်အိမ်လုံး ငါ့အသံကြားပြီး လန့်နိုးကုန်ကျတယ်…

အဲဒီညက စပြီး လန့်ဖျားဖျားတာ ၇ရက်လောက်ကြာသွားတယ်…ကွ…

ညဘက်ဆို ဘယ်မှလည်း မထွက်ရဲတော့ဘူး…ငါ့မိဘတွေကတော့ ငါ့ကိုခြောက်တဲ့ သရဲမကို ကျေးဇူးတွေတင်နေကျတာ…ငါ လိမ်မာသွားလို့တဲ့လေ… ''အမှန်က လိမ်မာတာ မဟုတ်ဘူး…သရဲကြောက်လို့ ညမထွက်ရဲတော့တာ … tongue emoticon
############################
ပြီးပါပြီ......

မရဏ ဖွား...akm

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...