Ads (728x90)



ကျနော်ကလေးဘဝက ကျနော့်ဇာတိ ကနောင်မြို့လေးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အမှန်လေးပါ။မဖဲဝါအကြောင်း အခုတလော လူပြောများနေကျလို့ သတိရသွားလို့တင်ပေးလိုက်ပါတယ်။

ကျနော်တို့ ကနောင်မြို့မှာ င်္သချိုင်း၂ ခုရှိတယ် ဗျ။တောင်င်္သချိုင်းနဲ့ မြောက်င်္သချိုင်းလို့ ခေါ်ကျတယ်။င်္သချိုင်းကုန်း တခုဆီရဲ့ဘေးမှာလည်း ဘုန်းကြီးကျောင်းတခုဆီရှိတယ်။ တောင်င်္သချိုင်းဘေးမှာက တိုင်တစ်ရာကျောင်း ရှိပြီး မြောက်င်္သချိုင်းဘေးမှာတော့ ဘုရားကြီးကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းတွေရှိကျတယ်။

အခုအဖြစ်အပျက်က တောင်င်္သချိုင်းရယ့်  တိုင်တစ်ရာကျောင်း ဆရာတော်နဲ့မဖဲဝါတို့ အကြောင်းပါပဲ။
ကျနော်အရမ်းငယ်သေးတဲ့ အချိန်မှာဖြစ်ခဲ့တာ ဆိုတော့ ဆရာတော်ရဲ့ ဘွဲ့မမှတ်မိတော့ပါ။

တနေ့ ကျနော်တို့ မြို့မှာ သတင်းတခုကြားတယ် ဗျ။မဖဲဝါက တိုင်တစ်ရာကျောင်းဆရာတော်ကို အိပ်မက်ပေးတယ်တဲ့ သူကလေးတွေကို စားချင်လို့ သူ့ကိုကလေးတွေ ပေးဖို့တောင်းတယ်တဲ့။ဆရာတော်က မပေးနိုင်ဘူး ပြောလိုက်တယ်။မစားဖို့လည်း မေတ္တာရပ်ခံတယ်။(စားချင်တယ်ဆိုတာ ကလေးတွေ သေကျမှာကို ဆိုလိုပါတယ်)။

ဒါပေမယ့် မဖဲဝါက မရဘူး ကလေးမဟုတ်လည်း တခုခုတော့ စားရမှ ကျေနပ်မယ် ဆိုပြီးပြောတာနဲ့ ဆရာတော်က ပြောမရဲ့တဲ့ အဆုံး ဒါဆိုလည်း ခွေးတွေပဲ စားပါလို့ ပြောလိုက်တယ်။သဘောတူသွားတယ်နဲ့ တူပါတယ်။နောက်နေ့ ဆရာတော်က ရပ်မိရပ်ဖတွေ အဲဒီအကြောင်း ခေါ်ပြောတယ်။ကလေးရှိတဲ့ အိမ်တိုင်း အိမ်ပေါက်ဝမှာ ''ကလေးမရှိ ခွေးသာရှိသည် ကလေးအသားခါးသည် ခွေးအသားချိုသည် ''လို့ ရေးထားကျဖို့ မှာလိုက်တယ်။တမြို့လုံးက လူတွေကလည်း ထိတ်လန့်နေကျတယ်။ကလေးရှိရှိမရှိရှိ အိမ်တိုင်း စာတွေရေးထား ကျတယ်။ခွေးတွေလည်း မွေးလားတော့ မသိဘူး။ညဘက်ဆိုလည်း နေဝင်ခါနီးပြီ ဆိုတာနဲ့ အပြင်သိပ်မထွက်ကျတော့ဘူး။တိုက်ဆိုင်မှုလား တကယ်လားတော့ မသိဘူး ဆရာတော် ပြောပြီး နောက်ညတွေမှာ ညဘက်ဆို ခွေးအူသံတွေ တာလမ်းမကြီးတလျှောက်ကြားရတယ်။လူတွေက မဖဲဝါလာတာတွေ့လို့ အူတာလို့ ယုံကြည်နေကျတယ်။တချို့လူတွေကည၁၁နာရီလောက်ဆို မိန်းမတစ်ယောက် အခေါင်းကြီး ရွက်ပြီး တာလမ်းမပေါ်လျှောက်နေတယ် ဆိုသူက ဆို။ဘယ်သူ့အိမ်ကိုတော့ ညသန်းခေါင်ယံမှာ တံခါးလာခေါက်တယ် ဆိုတာတွေ မိုးလင်းတာနဲ့ တကယ်ဟုတ်မဟုတ်မသိရတဲ့ သတင်းမျိုးစုံ မရိုးနိုင်အောင် ကြားရတယ်။လူတွေလည်း ပိုပိုပြီးကြောက်လာကျတယ်။ပရိတ်တွေဘာတွေ ရွတ်ကျသေးလားတော့ မမှတ်မိတော့ဘူး။လေးငါးရက်လောက်ကြာတော့ လူတယောက် ဖရဲသီးနဲ့ မုန့်ဟင်းခါး ဆိုလား စားမိလို့ သေသွားတယ်။အဲဒီလူသေသွားတဲ့ ညမှာ ဆရာတော် အိပ်မက်ထပ်မက်တယ်။အဲဒီလူသေတာ သူလုပ်တာလို့ ဆရာတော် အိပ်မက်ထဲမှာ မဖဲဝါက ပြောတယ်တဲ့။ဘာကြောင့်လုပ်ရတာလည်းမေးတော့ မဖြေဘူးတဲ့။ဆရာတော်က နောက်ထပ်မလုပ်ဖို့ ပြောပါတယ်။ပြီးတော့ င်္သချိုင်းကုန်းကို နွားနို့ပို့ပေးမယ် ပြောပြီး ထပ်မလုပ်ဖို့ မေတ္တာရပ်ခံလိုက်တယ်။လူတွေကိုလည်း အစားအသောက် ဆင်ခြင်ကျဖို့မှာတယ်။အဲဒီနောက်ပိုင်ဲး နောက်ထပ်လူတွေလည်း ထပ်မသေတော့သလို ကလေးတွေလည်း မသေတော့ပါဘူး။(ပုံမှန်အတိုင်း သေကျတာတော့ ရှိတာပေါ့နော်)။ညဘက်ခွေးအူသံတွေလည်းမကြားရတော့ပါဘူး။ကြာသွားတော့လည်း ဒီကိစ္စကို လူတွေတစတစနဲ့ မေ့သွားပါတော့တယ်။

ကျွန်တော်ကြားဘူးတဲ့ မဖဲဝါ ဇာတ်လမ်း ဒီမှာတင်ပြီးပါပြီ ခင်ဗျာ။

တကယ့်အဖြစ်အပျက်ပါ အရမ်းငယ်သေးတဲ့ အချိန်မှာ ဖြစ်ခဲ့တာဖြစ်လို့ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာ စာရေးသူရဲ့ အားနည်းချက်မို့ နားလည်ပေးစေချင်ပါတယ်။

မရဏ ဖွား…Akm

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...