တနင်္ဂနွေ
အကြံအစည် စိတ်ကူးထားခြင်းမရှိသော ဒေသသို့သွားရတတ်သည်။ မျှော်လင့်မထားသော ဘုရားဖူးခရီးတစ်ခုလဲဖြစ်နိုင်ပါတယ်။ ရပ်ဝေးသို့သွားမည့်သူများ၊နိုင်ငံခြားခရီးကြန့်ကြနေသူများ အဆင်ပြေလိမ့်မယ်။ လူမျိုးခြား ဘာသာခြားများ တစိမ်းများနဲ့လိမ်လည်ခြင်းကိုခံရတတ်ပါတယ်။ သူခိုးခိုးခံရကိန်းရှိတဲ့အတွက် တန်ဖိုးရှိပစ္စည်းများသေချာသိမ်းဆည်းထားပါ။ ဘာသာရေးနှင့်သက်ဆိုင်သော ပစ္စည်းများလက်ဆောင်ရတတ်ပါတယ်။ ထိုသိုရပါက ကံကောင်းလာပါလိမ့်မည်။ ကျန်းမာရေးခြူခြာလွယ်တဲ့ကာလပါပဲ။ နေမကောင်းပါက ဆေးမြီးတိုနှင့်မကုပါနှင့်။ နာတာရှည်ဖြစ်သွားတတ်လို့ပါ။
အကျိုးပေးဂဏန်း -၇၊၅၊၈
အထူးဟော -အနက်ရောင်အကျီင်္ဝတ်ဆင်ခြင်းရှောင်ပါ။
ယတြာ -မွေးနေ့၌ ထန်းလျက်ခဲ ၈ လုံးအား ဘုရားကပ်လှူပါ။
တနင်္လာ
အလုပ်စီးပွားကို အားထည့်သင့်တဲ့ကာလပါ။ အခြားဘာမှစိတ်မဝင်စားပါနဲ့။ မိမိအလုပ်အဆင်ပြေ အောင်မြင်နေမှုကို ဘေးကမနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုလျစ်လျူ ပြုထားလိုက်ပါ။ ပြိုင်ပြီး မပြောနေပါနဲ့။
အသင်းအဖွဲ့မှငွေများ၊လူမှုရေးလုပ်ငန်းထဲကငွေများ မိမိဆီမှာအပ်နှံမည်ဆိုပါက လက်မခံပါနှင့် ။
ငွေကြေးနဲ့ပက်သက်ပြီးကြားကအာမခံပေးတာမျိုးမလုပ်ပါနှင့်။ ခြေနှစ်ချောင်းအဝင်မခံပါနှင့် ။
လူငယ်များ အချစ်ရေးသောကကြုံရပေလိမ့်မည်။
အိမ်ထောင်ဘက်အချင်းချင်း တစ်ယောက်တစ်ခွန်းစကားများရာကနေစလို့ ပြဿ နာ ကြီးမားတဲ့အထိဖြစ်တတ်ပါတယ်။
အကျိုးပေးဂဏန်း -၂၊၁၊၆
အထူးဟော .စီးပွားရေးကောင်းပေမဲ့ လူမှုရေးမကောင်းပါ။
ယတြာ .မွေးနေ့နံနက်၌ ပြောင်းဖူးကြော် ဘုရားကပ်လှူ ပါ။
အင်္ဂါ
အိမ်ရှိစက်ပစ္စည်း လျှပ်စစ်ပစ္စည်းများဝင်တာ ထွက်တာမျိုးကြုံလိမ့်မယ်။အောက်လက်ငယ်သားများကို
အရေးကြီးကိစ္စများ မခိုင်းပါနှင့် ။ အလွဲသုံးစားလုပ်ပါလိမ့်မယ်။ လူယုံသတ်တာမျိုးကြုံရတတ်လို့ပါ။ ခရီးယာယီသွားရတတ်ပါတယ်။ ချစ်ရသူကို ချစ်ခွင့်ပန်ဖို့မကြိုးစားသင့်သေးတဲ့ကာလပါပဲ။လုပ်ငန်းပိုင်းမှာ မိတ်ဆွေအပေါင်းအသင်းများရဲ့ အကူအညီတွေအများကြီးရလိမ့်မယ်။ လုပ်ငန်းတော့ မချဲ့ပါနဲ့ဦး။ စီးပွားကောင်းပေမဲ့ ငွေမမြဲဖြစ်ရတတ်ပါတယ်။ ငွေထုတ်သုံးပါက မှန်းထားတာထက်ပိုကုန်တတ်လို့ပါ။ အခုကာလအတွင်း အိမ်ပြောင်းတာ အိမ်ပြင်တာမျိုးတွေမလုပ်ပါနဲ့အုံး။
အကျိုးပေးဂဏန်း .၆၊၅၊၂
အထူးဟော .ခရီးထွက်ရတတ်သည်။
ယတြာ .မွေးနေ့တွင်သစ္စာပန်း၉ပွင့် ဘုရားလှူ ပါ။
ဗုဒ္ဓဟူး
စိတ်ပင်ပန်း လူပင်ပန်းအဖြစ်ရဆုံးအချိန်ပါပဲ။ အလုပ်တွေထဲစိတ်မနှစ်ထားဘဲ ပေါ့ပေါ့ပါးပါးလေးနေပြီး အနားယူသင့်တဲ့အချိန်ပါ။ အိမ်မှာနေရင် စိတ်ညစ်စရာတွေတစ်ခုပြီးတစ်ခုကြုံရလို့ အိမ်မှာလဲမနေချင်ဖြစ်တတ်ပါတယ်။
ပန်ကာလေ မခံပါနဲ့။ အကျီင်္ချွတ်ထားတာမျိုးမလုပ်ပါနဲ့။ ကျန်းမာရေးအားနည်းနေချိန်ဖြစ်တဲ့အတွက် အသေးအမွှားကအစ ဂရုစိုက်ပါ။အချစ်ရေးအဆင်ပြေမဲ့ကာလတွေပါ။ စိတ်ကောက်နေတဲ့ချစ်သူကို ပြန်ချော့ဖို့အကောင်းဆုံးအချိန်ပါပဲ။ သားသမီးအတွက်လဲ ပူပန်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း -၆၊၅၊၃
အထူးဟော .အင်အားနည်းနေတတ်သည်။
ယတြာ .ဘုရားရှင်အား တစ်ပတ်တိတိ
ယပ်တော်သွင်းပူဇော်ပါ
ကြာသပတေး
ကံမြင့်မားမှု အရှိဆုံးအချိန်ပါပဲ။ ပညာရေးကိစ္စ၊ ဘာသာရေးကိစ္စ တွေအထူးအောင်မြင်ချိန်ပါပဲ။ သိစရာ တတ်စရာတွေရှိပါက စတင်သင်ယူဖို့အကောင်းဆုံးကာလပါ။ လူချစ်လူခင်များနေသလို လူငယ်တွေလဲစန်းပွင့်နေပါလိမ့်မယ်။ ဘာသာရေးကိုင်းရှိုင်းသူ၊လူကြီးမိဘရိုသေသူတွေ ဒီကာလမှာ ငွေအစုလိုက်ဝင်တတ်ပါတယ်။ ခရီးကိစ္စ ၊နိုင်ငံရပ်ခြားဆက်သွယ်လုပ်ရသောကိစ္စတွေအထူးအဆင်ပြေလိမ့်မယ်။
ငွေလဲ စုဆောင်းနိုင်ပါလိမ့်မယ်။ ဘုရားရှင်ပုံ ၊ရဟန္တာ
အရှင်သူမြတ်တွေရဲ့ပုံတွေ လက်ဆောင်ရပါက ထီထိုးလိုက်ပါ
ု
အကျိုးပေးဂဏန်း . ၅၊၄ ၊၆
အထူးဟော .ကံကောင်းနေပါလိမ့်မည်
ယတြာ .ပန်းသီး ၅လုံးအား မွေးနေ့နံနက်မှာ ဘုရားရှင်အားကပ်လှူ ပါ။
သောကြာ
စီးပွားရေးအထူးကောင်းနေသည်။လုပ်ငန်းချဲ့ထွင်နိုင်မည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးတတ်ကြသည်။ သူများနဲ့စွပ်စွဲခြင်းခံရတတ်သည်။
ငယ်ရွယ်သူများ လှေနံနှစ်ဖက် နင်းချင်တဲ့စိတ်တွေဖြစ်ပေါ်နေသည်။ သစ္စာတရားလက်ကိုင်ထားသင့်တဲ့အချိန်ပါပဲ။ အဝေးကနေသတင်းကောင်းကြားရတတ်သည်။ တစ်စိမ်းတရံတွေရဲ့ ကူညီမစခြင်းခံရလိမ့်မယ်။ မိသားစုအတွင်း မောင်နှမအချင်းချင်း တစ်ယောက်တစ်ခွန်းစကားများရလိမ့်မယ်။ ငွေကံကောင်းပေမဲ့
အဖတ်မတင်တတ် ၊အကြောင်းအမျိုးမျိုးကြောင့်ပြန်ထွက်ပါလိမ့်မည်။
အကျိုးပေးဂဏန်း. ၃၊၁၊၅
အထူးဟော .အချစ်ရေးအိမ်ထောင်ရေး သတိပြုပါ။
ယတြာ .မွေးနေ့တွင်သင်္ဘောသီးခွဲစိပ်ပြီး ဘုရားကပ်လှူပါ။
စနေ
စိတ်ရှုပ်စရာ စိတ်ညစ်စရာများ ဆက်တိုက်ကြုံတွေ့ရမည်။ ဝေခွဲရခက်
ရွေးချယ်ရခက်နေပါလိမ့်မယ်။ ရှေးတိုးဆောင်ရွက်မဲ့ စီးပွားရေးလူမှုရေးကိစ္စများ
ခဏရပ်ဆိုင်းထားပါဦး။ အလုပ်ထွက်ချင်စိတ်ဖြစ်ပေါ်နေပါတယ်။ အထက်လူကြီးကြောင့်သောကများရတဲ့အချိန်ပါပဲ။ အချစ်ရေးကံလဲအထူးညံ့နေပါတယ်။ ချစ်သူအချင်းချင်း ကတောက်ကစ ဖြစ်မဲ့ကာလပါ။
ငွေကံလဲအထူးညံ့နေပါတယ်။ လာဘ်တွေ ပိတ်နေပါလိမ့်မယ်။ စိတ်ကူးထားတာ မှန်းထားတာတွေတစ်ခုမှမဖြစ်ဘဲ မမျှော်လင့်ထားတာတွေပဲ ဆက်တိုက်ဖြစ်နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း .၈၊၂၊၎
အထူးဟော .ကံညံ့နေပါသည်
ယတြာ .နွားစာကျွေးပါ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။