အရင်က ကျနော် ညပိုင်း taxiမောင်းခဲ့တုန်းအဖြစ်အပျက်လေးပါ။တည
ကျနော့် သူငယ်ချင်းတွေက ဆိုင်းမဆင့်ဗုံမဆင့် ကျိုက်ထီးရိုးဘုရား
သွားဖူးမယ် ထလုပ်ကျရော။ ဒီကောင်တွေက ခပ်ဆိုးဆိုးရယ် ညပိုင်းမူးပြီဆို
လုပ်ချင်ရာ ထလုပ် သွားချင်တဲ့ နေရာထသွားတတ်ကျတာ။မနက်အမူးပြေမှ ငါဘယ်ရောက်နေတာလည်း မေးတဲ့ ကောင်ကမေး နဲ့ မူးပြီဆို တစ်ကောင်ကောင်က ထဆေးထိုးလိုက်တာနဲ့ သွားမယ်ဆိုတာကြီးပဲ…ဘာအစီအစဉ်မှမရှိပဲ အဝတ်တစ်ထည် ကိုယ်တခုနဲ့ကို ခဏခဏ ကျိုက်ထီးရိုးဘုရားသွားလိုက် ချောင်းသာသွားလိုက်ကို လုပ်နေကျတာ။
အဲ့ဒီညက ဒီကောင်တွေမူးပြီး ကျနော့်ကို ဖုန်းဆက်လာတယ်။သူတို့ ညတွင်းချင်း ကျိုက်ထီးရိုးဘုရားသွားဖူးကျမလို့ဆိုပြီးကျနော့်ကို ထောက်ကြံ့လှည်းကူး လမ်းစုံလိုက်ပို့ခိုင်းတာနဲ့ ကျနော် taxiနဲ့ လိုက်ပို့ပေးလိုက်တယ်။သူတို့အစီအစဉ်က အဲဒီနေရာကနေ မနက်အစောကြီးထွက်တဲ့ လိုင်းကားတွေတဆင့်ပြီး တဆင့်ပြောင်းစီးကျမှာလေ။အချိန်က ည ၂နာရီကျော်လောက်ပေါ့။သွားတုန်းကတော့ သူတို့ပါတော့ ခဏလေးနဲ့ ရောက်သွားသလိုပဲ။ပြန်တော့ကျ ကျနော် တစ်ယောက်ထဲဖြစ်ရော…အဲဒီအချိန်ကြီး
ကားလမ်းက ကားရော လူကောပြတ်နေတဲ့ အချိန်… ပြန်ရမှာလည်း မင်္ဂလာဒုံ
စစ်င်္သချိုင်းကို ဖြတ်ပြန်ရမှာ ဆိုတော့ လန့်နေမိတယ်။မပြန်လို့ကလည်း မရတာနဲ့ ကားကို မှန်မှန်မောင်းလာခဲ့တယ်။
စစ်င်္သချိုင်းအကျော်လေးရောက်တော့
ကားက မောင်းနေရင်း အရှိန်လျော့သွားတာ သတိထားလိုက်မိတယ်။လီဘာကို ဖိနင်းလည်း
အရှိန်ကတက်မလာပဲ ကျပဲကျနေတာ သတိထားမိတယ်။နောက်က ကားတွေပါလာရင်
ဝင်အတိုက်ခံရမှာ စိုးရိမ်လို့ လမ်းဘေးနည်းနည်း ချရင်း
ဆက်မောင်းနေလိုက်တယ်။ကားက လုံးဝထိုးရပ်သွားတာ မျိုးတော့ မဟုတ်ဘူး
ဗျ။ခဏနေတော့ ကားက ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ဒါပေမယ့်
အဲဒီအချိန်မှာပဲ နှာခေါင်းထဲမှာ အရက်နံ့ဆူးဆူး ရလိုက်တယ်။အစက အပြင်က
အနံ့ထင်ပြီး မလန့်သေးဘူး။နောက်တော့မှ အဲဒီအနံ့က ကားထဲက
လာတာမှန်းသတိထားမိသွားတယ်။ကားပေါ်မှာလည်း ကျနော်တယောက်တည်းရှိတာ။ကျနော် လည်း တော်တော်လန့်သွားတယ်။ကားနောက်ကြည့်မှန်ကို ပြန်မကြည့်မိအောင်နေပြီးကားကို ဆက်မောင်းနေမိတယ်။ကြည့်မိလို့ တခုခုများ မြင်လိုက်လို့ကတော့ ဘာဖြစ်မလည်း မတွေးရဲဘူး။ကားကို ဖြေးဖြေးနဲ့ မှန်မှန်မောင်းနေရင်း ပါးစပ်ကဘုရားစာဆိုနေမိတယ်။လူက တော်တော်လန့်နေတာဆိုတော့ ဘုရားစာလည်း အယောင်ယောင်အမှားမှားတွေဆိုနေမိတာပေါ့။ကားကို ပုံမှန်မောင်းလာရင်း ခရေပင်လမ်းခွဲအကျော်က စစ်ဆေးရုံနားလည်း ရောက်ရော ကားက အရှိန်လျော့သွားပြန်တယ်။လီဘာကို
နင်းလေ အရှိန်က လျော့လေ ဖြစ်လာလို့ ကားကို လမ်းဘေးထိုးရပ်ရင်း ကားပေါ်က
အမြန်ဆင်းပြီး မနှောက်ယှက်ဖို့ တောင်းပန်ရင်း ဘုရားစာတွေထပ်ရွတ်တော့
ကားနောက်တံခါးက သူ့အလိုလိုပွင့်သွားပြီး ''ဝုန်း''ဆိုပြန်ပိတ်သွားတာတွေ့လိုက်ရတယ်။အရက်နံ့လည်း ရလိုက်ပြီး ချက်ချင်းပြန်ပျောက်သွားတယ်။ကျနော်လည်း ကြောက်ကြောက်နဲ့ ကားပေါ်ပြန်တက်ပြီး စက်နိုးမောင်းပြန်လာတာ လှည်းတန်းဘယ်လို ပြန်ရောက်လာမှန်းကို မသိလိုက်ဘူး။
ကျနော့်ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်ကတော့ ဒါပါပဲ …ဗျာ…
••••••••••••••••
မရဏ ဖွား…akm
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။