Ads (728x90)


မြန်မာ့လက်ရွေးစင်အသင်း သည်စင်ကာပူအား ဂိုးကံခေခဲ့၍ ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဆီဇီက ပြောကြားလိုက်သည်။
စင်ကာပူနိုင်ငံ၏ Jalan Besar ကွင်းထဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည်အိမ်ရှင် စင်ကာပူအသင်းအား အကြိမ်ကြိမ်ဖိအားပေးနိုင်ခဲ့သော်လည်း ဂိုးသွင်းမသေချာမှုနှင့် နောက်တန်းလိုအပ်ချက်ကြောင့် စင်ကာပူအားရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ စင်ကာပူအသင်းအတွက် အသင်းခေါင်းဆောင်အီရှပ်က ၂၆မိနစ်၊ ပွဲပြီးခါနီး ၈၇မိနစ်တွင်
နာဝါဇ်တို့က သွင်းပေးခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းအတွက်ချေပဂိုးကို ဆော်လမွန်က ၆၅မိနစ်တွင်သွင်းယူခဲ့ခြင်းဖြစ်သည်။
"စင်ကာပူနဲ့ ခြေစမ်းပွဲက စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ နှစ်သင်းစလုံး တိုက်စစ်ဆင်ကစားခဲ့ကြလို့ အကြိတ်အနယ်ရှိခဲ့တယ်။ တစ်ခါတစ်လေမှာ ဘောလုံးပွဲတွေက မတရားဘူး။ကျွန်တော်တို့အသင်းဂိုးသွင်းခွင့် အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် မသွင်းယူနိုင်ခဲ့ဘူး။
စင်ကာပူကတော့ ကံကောင်းစွာနဲ့ပဲ အနိုင်ရခဲ့တယ်။ ရှုံးနိမ့်ခဲ့ပေမယ့် ငယ်ရွယ်တဲ့ကျွန်တော့်အသင်းအတွက် အတွေ့အကြုံကောင်းရစေခဲ့လို့အဆိုးထဲက အကောင်းလို့ပဲပြောရမှာပါ"ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂတ်ဆီဇီက စင်ကာပူနှင့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ယင်းပွဲစဉ်သို့ စင်ကာပူရောက် မြန်မာဘောလုံးပရိသတ် ၅၂၈၀ ခန့်လာရောက်အားပေးခဲ့ကြောင်း စင်ကာပူသတင်းစာတစ်စောင်ကဖော်ပြခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်အုပ်စု-G နောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်နှင့် မတ်လ ၂၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မတ်လ၂၆ ရက်နေ့အထိ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
==================================================
Photo:ကျော်ကိုကို၏ ထိုးဖောက်ဂိုးသွင်းမှုအား စင်ကာပူဂိုးသမားကာကွယ်နေစဉ်။(ngau kai yan)
==============================================
mmGoal Application မှတစ်ဆင့် ပြည်တွင်း ပြည်ပသတင်းများ၊ ပွဲကြိုများ၊ အာရှအကြိုက် နေ့စဉ်အပြောင်းအလဲများ၊ Livescore ပွဲရလဒ်များကို နေ့စဉ်ဝင်ရောက်ကြည့်ရှု အသုံးပြုနိုင်ပါသည်။
ထိုဝန်ဆောင်မှုများရရှိရန် ယခု Link https://www.dropbox.com/s/fr2f2hui6elki8z/mmGoal.apk?dl=0http://mmgoal.com/mmgoal.apk နှင့် http://shwemyanmar.com.mm/…/files/do…/application/mmgoal.apk
တွင် mmGoal Application အား Download ရယူနိုင်ပါသည်။
အသုံးပြုပုံလမ်းညွှန်အား ဖတ်ရှုနိုင်ရန် ယခု Link https://goo.gl/pZkGeV တွင် Download ရယူနိုင်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...