Ads (728x90)


ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းရှိ ခရီးသည်တင် ယာဉ်များကို တွေ့ရစဉ်
သင်္ကြန်ကာလအတွင်း ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်းများမှ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်နှင့်  မော်လမြိုင်မြို့များသို့ ပြေးဆွဲသည့် ယာဉ်လိုင်းသုံးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲရန် သတင်းပေးပို့ထားကြောင်း မထသ (အဝေးပြေး) မှ သိရသည်။
ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲသည့် မိဟာရယာဉ်လိုင်း၊ ရန်ကုန်မှ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ ပြေးဆွဲသည့် မန္တလာမင်း၊ ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲသည့် စည်းစိမ်ရှင် ယာဉ်လိုင်းတို့ဖြစ်ပြီး ၎င်းတို့သည် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အစည်းအဝေး မထိုင်ရသေးလို့ပါ။ ဒီလကုန်တာနဲ့ ကျွန်တော်တို့ သင်္ကြန်ကာလပြေးဖို့ စီစဉ်ပေးမှာပါ။ ပြေးဆွဲဖို့က များပါတယ်။ နှစ်တိုင်းဆွဲနေကျပါ။ သေချာအတိအကျ မပြောနိုင်သေးတာပါ" ဟု နှစ်စဉ် သင်္ကြန်ကာလ ပိတ်ရက်မရှိ ပြေးဆွဲပေးနေသည့် မန်းရာဇာ ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၂၀၁၅ သင်္ကြန်ကာလ အတွင်းက ရန်ကုန်မြို့ရှိ အောင်မင်္ဂလာနှင့် ဒဂုံ- ဧရာ အဝေးပြေး ဂိတ်များရှိ ယာဉ်လိုင်းများမှ ယာဉ်လိုင်းခြောက်လိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲခဲ့ကြောင်း သိရသည်။
နှစ်စဉ်ပြေးဆွဲနေကျ ယာဉ်လိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး ပြေးဆွဲသည့် စည်းစိမ်ရှင်နှင့် မန်းရာဇာယာဉ်လိုင်း၊ ရန်ကုန်-မော်လမြိုင် ပြေးဆွဲသည့် မိဟာရ ယာဉ်လိုင်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး-ပြင်ဦးလွင်မြို့များသို့ ပြေးဆွဲလျက်ရှိသည့် မန္တလာမင်း ယာဉ်လိုင်းအပြင် ရန်ကုန်မှ မုံရွာသို့ ပြေးဆွဲလျက်ရှိသည့် မိုးကောင်းကင် ယာဉ်လိုင်း၊ ရန်ကုန်-ပြည်-မင်းကုန်း၊ ရန်ကုန်- ပျော်ဘွယ်-သာစည်-တောင်ကြီးမြို့များသို့ ပြေးဆွဲလျက်ရှိသည့် အောင်စစ်ခိုင်ယာဉ်တို့ ပြေးဆွဲခဲ့ကြကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်း ၁၆၄ လိုင်းရှိကာ ယာဉ်အစီးရေ ၁၆၅၁ စီးရှိပြီး အောင်မင်္ဂလာ အဝေးပြေးတွင် ရန်ကုန်တိုင်း အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်း ၁၀၇ လိုင်း ယာဉ်အစီးရေ ၁၃၄၀ နှင့် ဒဂုံ-ဧရာ အဝေးပြေးတွင် ယာဉ်လိုင်း ၃၉ လိုင်း ယာဉ်အစီး ရေ ၃၀၁ စီးရှိကြောင်း သိရသည်။
အခြားတိုင်းဒေသကြီးကို အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းမှာ အောင်မင်္ဂလာတွင် လိုင်း ၁၁၀၊ ယာဉ်အစီးရေ ၉၂၀ ရှိပြီး ဒဂုံဧရာတွင် ယာဉ်လိုင်း ၆၅ လိုင်း၊ အစီးရေ ၄၉၇ စီးရှိသည်။

Writer: 
ထက်ရှိုင်း၊ ဆန်းထူးအောင်
 
Ref ; Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...