Ads (728x90)


လာမည့်ဧပြီလ(၃)ရက်နေ့တွင်ရှမ်းယူနိုက်တက်
နှင့်ကစားရမည့်မြန်မာနေရှင်နယ်လိဂ်
ပထမအကျော့နောက်ဆုံးပွဲစဉ်ကိုအနိုင်ရလဒ်ရယူပြီးလိဂ်အနားပေးကာလကိုဖြတ်သန်းလိုသည်ဟုဘရာဇီးလ်တိုက်စစ်မှူးအန်ဒရေကော်တင်ဟိုကအသင်းဝက်ဘ်ဆိုက်ဖြစ်သော
www.rakhineunitedfc.com သို့ဖွင့်ဟခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းသည်ယခုနှစ်ရာသီ
ပထမအကျော့မပြီးဆုံးမှီတစ်ပွဲအလိုတွင်ရမှတ်
၁၀မှတ်ဖြင့်အဆင့်(၁၀)တွင်ရပ်တည်လျက်ရှိသည်။

ရခိုင်ယူနိုက်တက်အသင်းသည်အဆင့်(၁၀)တွင်ရပ်တည်နေလျက်ရှိသော်လည်းအဆင့်(၅)နေရာမှဇွဲကပင်အသင်းနှင့်(၄) မှတ်သာ ကွာဟနေ လျက်ရှိကာအဆင့်(၉)မှရှမ်းယူနိုက်တက်(ယခင်
ကမ္ဘောဇ)အသင်းနှင့်တစ်မှတ်အကွာတွင်ရှိနေ
သည်။

''ရှမ်းနဲ့ပွဲကိုအနည်းဆုံးသရေတစ်မှတ်အများဆုံးအနိုင်အတွက်ကစားမှာပါ။ဒီပွဲကိုအနိုင်ယူပြီး လာမယ့်လိဂ်နားမယ့်ကာလကိုပျော်ပျော်ရွှင်ရွှင်နဲ့
ဖြတ်ကျော်ချင်ပါတယ်။''ဟု ဘရာဇီးတိုက်စစ်မှူး အန်ဒရေကော်တင်ဟိုကဆိုသည်။

အန်ဒရေသည်နောက်ဆုံးကစားခဲ့သည့်ဟော်ရီ
ဇွန်အသင်းကိုသုံးဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင်
အသင်းအတွက်နှစ်ဂိုးသွင်းယူပေးထားပြီးလိဂ်ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင်သွင်းဂိုး
(၇)ဂိုးဖြင့်ဒုတိယနေရာတွင်ဧရာဝတီတိုက်စစ်မှူးခရစ္စတိုဖာနှင့်ပူးတွဲရပ်တည်လျက်ရှိသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး'' တခါတလေ ကွင်းထဲမှာ အချိတ်အဆက် မမိလို့ ခြေစွမ်း မပြ နိုင်တာတွေရှိတတ်ပါတယ်။ဒါဟာ ဘောလုံး ရဲ့သဘောသဘာဝပါပဲ။ဂိုးသွင်းခွင့်တွေ အများ ကြီးရရဲ့သားနဲ့ရှုံးနိမ့်တတ်တာလည်းရှိပါတယ်။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုး စားပြီး
ကွင်းထဲမှာစုစုစည်းစည်းကစားနိုင်ဖို့ပဲလိုပါတယ်။ရှမ်းနဲ့ပွဲအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်း ဆိုင်ရာအပြည့်နဲ့ကစားနိင်ဖို့ လုပ်နေပါတယ်'' ဟုပြောကြားခဲ့သည်။

ရခိုင်ယူနိုက်တက်နှင့်ရှမ်းယူနိုက်တက်တို့နောက်ဆုံးနှစ်ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းအရရှမ်းယူနိုက်တက်အသင်းကပြီးခဲ့သည့်ရာသီပထမအကျော့တောင်ကြီးကွင်းတွင် (၃-၀)ဂိုးဖြင့် အနိုင် ရရှိထားပြီးဒုတိယအကျော့အောင်ဆန်းကွင်းတွင်မူရခိုင်ယူနိုက်တက်ကရှမ်းယူနိုက်တက်ကို (၃-၂)ဂိုးဖြင့်အနိုင်ရရှိထားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပထမအကျော့နောက်ဆုံးပွဲစဉ်ကိုလာမည့်ဧပြီလ(၃) (၄) (၅)ရက် နေ့များ တွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီးအဆိုပါပွဲစဉ်အ
ပြီးတွင်လိဂ်ကိုခေတ္တရပ်နားသွားမည်ဖြစ်ကာ
ရာသီဝက်အပြောင်းအရွှေ့ကာလကိုပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်
www.rakhineunitedfc.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...