Ads (728x90)


တကယ်တော့ သူ့အကြောင်းပြောမယ် လုပ်လိုက်တိုင်း ပြောဖို့စောနေသေးလားဆိုပြီး တွေဝေနေတဲ့အချိန်တွေ ကြာသွားခဲ့တယ် ၊ ကျွန်တော်တို့ကိုယ်တိုင်လဲ သူ့ကိုအချိန်ပေး စောင့်ကြည့်နေခဲ့တာ တော်တော်လေးကြာနေခဲ့ပြီ သူကတော့ပုံစံမပျက် မတိုးတက်ပဲအနေအထိုင်မပျက်ခဲ့ ဗိုလ်နေမြဲ ကျားနေမြဲပဲရှိနေတုန်း...
ဟုတ်တော့လဲဟုတ်သည် တကယ်တော့ သူကအာဆင်နယ်ရဲ့ အိမ်ရှေ့စံမင်းသားတစ်ပါး ဟင်နရီတို့နောက်ပိုင်း ရှေးမှီ နှောင်းမှီတဲ့သူတစ်ယောက် အသင်းမှာရှိနေခဲ့တာ နှစ်တွေကြာခဲ့ပြီ ၊ ပြိုင်ဘက်အသင်းတွေကြားထဲမှာ" ဝဲလ်ကော့ဒ်ကွ ၊ ငါတို့မှာ ဝဲလ်ကော့ဒ်ရှိတယ် ၊ ငါတို့အသင်းရဲ့တိုက်စစ်မူးကြီးကွ"လို့ ကြွေးကြော်ခံနေရမယ့်အချိန် သို့သော်လည်း သူကတော့ ကျွန်တော်တို့မြင်ချင်တဲ့ ဂန်းနားအရောင်မထွက်ခဲ့..
ထွက်နေတာကတော့ အရောင်မဟုတ်ခဲ့ အသံတွေသာဖြစ်သည် "တောက်.. ဝဲလ်ကော့ဒ်ကွာ လုပ်ချလိုက်ပြန်ပြီ ၊ ဟာ... ဝဲလ်ကော့ဒ် အပိုင်ကြီးကွာ ၊ ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့တာတောင် ဂိုးမဝင်ဘူးတဲ့ တောက်.. ၊ ဟ.. အပိုင်ကြီးကို ဘေးပိတ်ကန်ပလိုက်တယ်ကွာ ၊ ဟဲ ဟဲ သိနေတယ်လေ ဝဲလ်ကော့ဒ် ဒီလိုပဲဖြစ်မယ်ဆိုတာ သိနေတယ်.." ကဲ..အဲဒါ ဝဲလ်ကော့ဒ်အပေါ် သို့လော သို့လော ထွက်နေတဲ့အသံတွေသာဖြစ်သည်..
ဟုတ်လဲဟုတ်သည် မှန်လဲမှန်သည် ကျွန်တော်ကိုယ်တိုင်လဲ အိုလ်ဇေး၊ဆန်းချက်တို့ထက် သူ့ကိုပိုမျော်လင့်ခဲ့မိသည် သို့သော် အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ပါရောလား.. ကျွန်တော်တို့မျော်လင့်သလို ဖြစ်မလာခဲ့တော့ပြီ မျော်လင့်မိခဲ့တာက no.14 ပိုင်ရှင် ဂန္တဝင်ကြီးလို ဖြစ်နေတာက ဂန္တဝင်ကြီးကို သိက္ခာချနေသလိုပဲ..
သူ့ရဲ့တိုးတက်မှု့က အားရစရာကိုမရှိခဲ့ ဒဏ်ရာတွေက သူ့ရဲ့တိုးတက်မှု့လမ်းကြောင်းကို ပိတ်ဆို့တားဆီးနေခဲ့တယ် ရရှိနေတဲ့ ဒဏ်ရာတွေကနေ သက်သာလာတော့လဲ ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းရင်းကန်ရင်းနဲ့ပဲ ကြာလာတော့ ပန်းကောင်းအညွန့်ကျိုးဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ် တန်ဖိုးကြီးတဲ့ ပတ္တမြားခဲ နွံတောထဲမှာ ပျော်မွေ့ကာနစ်မြုပ်လို့ကောင်းဆဲပါပဲ..
မျော်လင့်နေဆဲပါ ကျွန်တော်တို့သူပြန်လာမယ့်အချိန်ကို စောင့်စားနေကြတုန်းပါ ဘယ်လောက်ပဲနွံမှာ နစ်မြုပ်နေပါစေ သူပြန်ပေါ်လာမယ့်အချိန်ကို စောင့်နေတုန်းပဲ ၊ ပွဲတွေရှိလို့ သူပါလာရင် ဝဲလ်ကော့ဒ် ဘာတွေများလုပ်ပြဦးမှာလဲ ရင်ခုန်နေဆဲပါ ၊ အရောင်ထွက်လာမယ့်နေ့ရက်တွေကို စောင့်စားနေတုန်းပါ လန်ဒန်ကတော်ဝင်ဂန်းနားတို့ရဲ့ အိမ်ရှေ့စံမင်းသားတစ်ပါး ဘယ်တော့များမှာ ဂန်းနားတပ်မဟာကို ဦးဆောင်မှာလဲလို့ မျော်လင့်မိနေဆဲပါပဲ..
‪#‎Gd‬

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...