Ads (728x90)




ဧပြီလ ၃ ရက်နေ့တွင် ကစားမည့် ရခိုင်ယူနိုက်တက် - ရှမ်းယူနိုက်တက် ပွဲစဉ်အတွက် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေသော
ရှမ်းယူနိုက်တက်အသင်းသည် လာမည့် စနေနေ့ မတ်လ ၂၆ ရက်နေ့၊
နံနက် ၇း၃၀ နာရီ၊ အောင်ဆန်းကွင်းတွင် ဇွဲကပင်ယူနိုက်တက် အသင်းနှင့်
ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။

ထိုခြေစမ်းပွဲနှင့် ပတ်သက်ပြီး ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်
ဦးစိုးမြတ်မင်းက ယခုလို ပြောသည်။

"ကစားသမားတွေ အားလုံး ကစားရမယ့်ပွဲပါ။ ခြေစမ်းပွဲ ဆိုပေမဲ့
အားစိုက် ကစားဖို့ အားလုံးကို မှာထားပြီးသားပါ။ ရခိုင်နဲ့ ကစားမယ့်ပွဲ
အတွက် အားလုံးကို ကြိုတင် ပြင်ဆင်ထားချင်လို့ပါ" ဟု
မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်သူ
ဦးစိုးမြတ်မင်းက ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သော မတ်လ ၁၃ ရက်နေ့က
မကွေးအသင်းနှင့် သရေကျပြီးနောက် ခွင့်ရက်အချို့ပေးကာ
ပြီးခဲ့သော တင်္နလာနေ့မှ စတင် လေ့ကျင့်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်း နှင့်
ဇွဲကပင်ယူနိုက်တက်အသင်းတို့ အောင်ဆန်းကွင်းမှာပင်
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဆုံတွေ့ခဲ့ရာ
ဇွဲကပင်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...